ဝက်သားစားသုံးသူများ စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် လားရှိုးမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေး

ဝက်သားစားသုံးသူများ စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် လားရှိုးမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေး
သွဂုတျ 8, 2019
By Tachileik News Agency




ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေသည့် လက္ခဏာများမှာ ခြေလက် အဆစ်ရောင်ခြင်း၊ အရေပြားနီရဲခြင်း၊  ပန်းခရမ်းပြာအရောင်များ ပြောင်းလဲနေခြင်း တို့ဖြစ်ပြီး လတ်ဆတ်သည့် ဝက်သားများတွင် ရှာဖွေကြည့်ရှုရုံဖြင့်သိရှိနိုင်ပြီး မွေးမြူထားသည့်ဝက်များတွင် အဆိုပါရောဂါဖြစ်ပွားနေပါက ရုတ်တရက်သေဆုံးခြင်း တို့ ဖြစ်ပွားနိုင်သည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခြားဒေသတွေမှာဖြစ်ပွားနေတဲ့ ဝက်အပြင်းဖျားရောဂါတွေ၊ ဝက်သားတွေ မှာ ဖြစ်ပွားနေတဲ့ ရောဂါတွေ လားရှိုးမှာဖြစ်ပွားနေခြင်းရှိမရှိဆိုတာကိုစစ်ဆေးတာဖြစ်ပါတယ်၊ စားသုံးသူတွေအနေနဲ့  အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ဖို့အတွက် မြို့နယ်အတွင်း တရားဝင်လိုင်စင်လျှောက်ထားရယူပြီး ရောင်းချ နေသူတွေဆီကနေပဲ ဝယ်ယူစားသုံးဖို့ အကြံပြုလိုပါတယ်"ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားဝင်အသားထုတ်လုပ်ရောင်းချခွင့် ရရှိထားသော လုပ်ငန်းများအား မွေးမြူရေးနှင့်ကုသရေးဌာနက ပုံမှန် စစ်ဆေးမှုပြုလုပ်ပြီးမှ ရောင်းချစေသည့်အတွက် ဝယ်ယူစားသုံးသူများ အနေဖြင့် ဈေးကွက်အတွင်း အာမခံချက် ရှိသည့် တရားဝင်ရောင်းချမှုများမှ ဝယ်ယူစားသုံးပါက အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်သည့် အတွက် မှောင်ခို ရောင်းချနေသည့် အသားများကို စားသုံးမှုမပြုလုပ်ရန် လိုအပ်ကြောင်း ၎င်း အကြံပြုသည်။

စားသုံးသူများ အနေဖြင့် မိမိတို့ဝယ်ယူစားသုံးနေသည့် ဈေးကွက်အတွင်းရှိ အသားများ၊ ဝက်သားများတွင် ရောဂါ ကူးစက်ဖြစ်ပွားနေသည်ဟု သံသယရှိပါက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနစသည့် ဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု သိရသည်။


Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း )လားရှိုးမြို့တွင် သားသတ်လိုင်စင်ရယူလုပ်ဆောင်နေသည့် အသားရောင်းချမှုများ၌ ဝက်အပြင်းဖျားရောဂါပါဝင်မှု ရှိမရှိနှင့် စိတ်ချစွာစားသုံးရန်သင့် မသင့်ကို ၂၀၁၉ခုနှစ် သြဂုတ်လ (၈)ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သည့် အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

"ဝက်သားအပါအဝင် အသားထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေမှာ အသားထုတ်လုပ်မှုမပြုခင်အချိန်မှာလည်း ရောဂါဖြစ်ပွားမှု ရှိ မရှိဆိုတာကို နေ့စဉ်ပုံမှန်စစ်ဆေးပေးပါတယ်၊ အသားထုတ်လုပ်ပြီးတဲ့ အသားတွေမှာလဲ ရောဂါဖြစ်ပွားနေတဲ့ လက္ခဏာမရှိဘူးဆိုမှ ရောင်းချခွင့်ပြုတာဖြစ်ပါတယ်၊ လက်ရှိ အချိန်ထိတော့ လားရှိုး မြို့နယ် အတွင်း စစ်ဆေးမှုအောက်မှာရောင်းချနေတဲ့ အသားတွေမှာ ရောဂါလက္ခဏာမတွေ့ရှိရသေးပါဘူး၊ တကယ်လို့ ဈေးကွက်ထဲမှာ တွေ့တဲ့ အသားတွေမှာ ရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိတယ်ဆိုရင် မွေးမြူရေးနဲ့ကုသရေးဌာနကို အကြောင်းကြား လို့ရပါတယ်၊ နောက်တစ်ချက်ကတော့ ရောဂါဖြစ်ပွားနေတဲ့အသားကို စားမိရင်တောင် လူကို ရောဂါမကူးစက်နိုင်ပါဘူး" ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ လားရှိုးမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးခရိုင်နှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့စုံဖြင့် သြဂုတ်လ (၈)ရက် နံနက် (၈)နာရီကစတင်ကာ လားရှိုးမြို့မဈေး ရှိ ဝက်သားအရောင်းဆိုင်များနှင့် အမှတ် (၅)ရပ်ကွက်ရှိ အောင်မင်္ဂလာဈေးမှ ဝက်သားအရောင်းဆိုင်များကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေသည့် လက္ခဏာများမှာ ခြေလက် အဆစ်ရောင်ခြင်း၊ အရပြေားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်များ ပြောင်းလဲနခြေင်း တို့ဖြစ်ပြီး လတ်ဆတ်သည့် ဝက်သားများတွင် ရှာဖွကြေည့်ရှုရုံဖြင့်သိရှိနိုင်ပြီး မွေးမြူထားသည့်ဝက်များတွင် အဆိုပါရောဂါဖြစ်ပွားနေပါက ရုတ်တရက်သေဆုံးခြင်း တို့ ဖြစ်ပွားနိုင်သည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခြားဒေသတွေမှာဖြစ်ပွားနေတဲ့ ဝက်အပြင်းဖျားရောဂါတွေ၊ ဝက်သားတွေ မှာ ဖြစ်ပွားနေတဲ့ ရောဂါတွေ လားရှိုးမှာဖြစ်ပွားနခြေင်းရှိမရှိဆိုတာကိုစစ်ဆေးတာဖြစ်ပါတယ်၊ စားသုံးသူတွေအနေနဲ့ အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ဖို့အတွက် မြို့နယ်အတွင်း တရားဝင်လိုင်စင်လျှောက်ထားရယူပြီး ရောင်းချ နေသူတွေဆီကနေပဲ ဝယ်ယူစားသုံးဖို့ အကြံပြုလိုပါတယ်"ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားဝင်အသားထုတ်လုပ်ရောင်းချခွင့် ရရှိထားသော လုပ်ငန်းများအား မွေးမြူရေးနှင့်ကုသရေးဌာနက ပုံမှန် စစ်ဆေးမှုပြုလုပ်ပြီးမှ ရောင်းချစေသည့်အတွက် ဝယ်ယူစားသုံးသူများ အနဖြေင့် ဈေးကွက်အတွင်း အာမခံချက် ရှိသည့် တရားဝင်ရောင်းချမှုများမှ ဝယ်ယူစားသုံးပါက အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်သည့် အတွက် မှောင်ခို ရောင်းချနေသည့် အသားများကို စားသုံးမှုမပြုလုပ်ရန် လိုအပ်ကြောင်း၎င်း အကြံပြုသည်။

စားသုံးသူများ အနဖြေင့် မိမိတို့ဝယ်ယူစားသုံးနေသည့် ဈေးကွက်အတွင်းရှိ အသားများ၊ ဝက်သားများတွင် ရောဂါ ကူးစက်ဖြစ်ပွားနေသည်ဟု သံသယရှိပါက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနစသည့် ဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု သိရသည်။

လားရှိုးမြို့နယ်တွင် စည်ပင်သာယာရေးဌာနမှ လိုင်စင်ရယူကာ သားသတ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း (၂၉)ဦးရှိရာတွင် ဝက်သားထုတ်လုပ်ရောင်းချသူ (၁၇)ဦး၊ အမဲသားထုတ်လုပ်ရောင်းချသူ (၁၀)ဦး နှင့် ဆိတ်သားထုတ်လုပ်ရောင်းချသူ (၂ )ဦး ပါဝင်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net