ကွတ်ခိုင်နှင့် မူဆယ်မြို့ကြား ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်မှုအချို့ ဖြစ်ပွားနေ
ကွတ်ခိုင်နှင့် မူဆယ်မြို့ကြား ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်မှုအချို့ ဖြစ်ပွားနေ
သွဂုတျ 18, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုအချို့ဖြစ်ပွားနေပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ပိတ်နေဆဲဖြစ်ကြောင်း သိရသည်။
TNLA၊ AA နှင့် MNDAA တို့က ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းမှစ၍ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး မန္တလေး - လားရှိုးလမ်းမှ ဂုတ်တွင်းတံတားကို မိုင်းခွဲထားသဖြင့် မန္တလေး - မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆက်သွယ်ရေး ပြတ်တောက်နေခြင်းဖြစ်သည်။
ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျောက်မဲ၊ သိန်းနီ၊ လားရှိုး၊ ကွတ်ခိုင်မြို့များအနီးတွင်လည်း သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းမှစ၍ ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့များအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
မန္တလေး - မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ဂုတ်တွင်းတံတား ဖြတ်သန်း၍မရသည့်အပြင် သြဂုတ်လ (၁၈)ရက်နေ့အထိ လမ်းတလျှောက် ပစ်ခတ်မှုအချို့ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုအချို့ဖြစ်ပွားနပြေီး မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ပိတ်နေဆဲဖြစ်ကြောင်း သိရသည်။
TNLA၊ AA နှင့် MNDAA တို့က ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းမှစ၍ တိုက်ခိုက်မှုများ ပြုလုပ်နပြေီး မန္တလေး - လားရှိုးလမ်းမှ ဂုတ်တွင်းတံတားကို မိုင်းခွဲထားသဖြင့် မန္တလေး - မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆက်သွယ်ရေး ပြတ်တောက်နခြေင်းဖြစ်သည်။
 “ ဒီမနက် (၂)နေရာမှာ ဖြစ်တယ်။ နမ့်ဖက်ကာကနေ (၅)မိုင်လောက်အကွာ ပန်ကျလော့နဲ့ နမ့်ပွတ်ရွာ ကြားမှာလို့ ပြောတယ်။ မနက်ကတောင် ပိတ်မိနေလို့ ပစ်ကူရတယ်ကြားတယ်။ ပစ်ပြီး ပြန်ထွက်သွားတယ်။ အဲဒီလိုတွဖြေစ်နေတာ။ ကွတ်ခိုင်ကတော့ ခရီးသွားကားတွေပါ ရပ်ပစ်လိုက်တော့ ခရီးသွားမရှိတော့ဘူး။ ခရီးသည် မရှိတော့ဘူး။ လိုင်းကား မရှိတော့ဘူး။ ဈေးတွေလည်း ပိတ်ထားတယ်။ မြို့က ခြောက်သွားတာပေါ့။ ဈေးတွေဘာတွေကလည်း ပိတ်သွားပြီ”ဟု ကွတ်ခိုင်မြို့တွင် တာဝန်ကျနေသည့် ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျောက်မဲ၊ သိန်းနီ၊ လားရှိုး၊ ကွတ်ခိုင်မြို့များအနီးတွင်လည်း သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းမှစ၍ ပစ်ခတ်မှုဖြစ်ပွားနခြေင်းဖြစ်ပြီး မြို့များအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
 “ကွတ်ခိုင်မြို့ထဲတော့ ဘာမှမဖြစ်ဘူး။ နမ့်တွန်းဘက်မှာ ပစ်နေတာကြားတယ်။ မြို့ထဲမှာတော့ ဈေးလည်းပိတ်တယ်။ ရောင်းတဲ့ဆိုင်တစ်ချို့လည်း ရောင်းတယ်ပေါ့” ဟု ကွတ်ခိုင်မြို့မှ ဦးဉာဏ်ထွန်းက ပြောသည်။
မန္တလေး - မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ဂုတ်တွင်းတံတား ဖြတ်သန်း၍မရသည့်အပြင် သြဂုတ်လ (၁၈)ရက်နေ့အထိ လမ်းတလျှောက် ပစ်ခတ်မှုအချို့ရှိနခြေင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net