မူးယစ္ေဆး၀ါးအမႈျဖင့္ ေထာင္ဒဏ္(၁၃)ႏွစ္ က်ခံရသူသည္ ရဲဘက္စခန္းမွ ထြက္ေျပးလြတ္ေျမာက္ခဲ့ေသာ္လည္း (၁၀)ႏွစ္အၾကာတြင္ တာခ်ီလိတ္၌ ျပန္လည္ဖမ္းဆီးရမိ

မူးယစ္ေဆး၀ါးအမႈျဖင့္ ေထာင္ဒဏ္(၁၃)ႏွစ္ က်ခံရသူသည္ ရဲဘက္စခန္းမွ ထြက္ေျပးလြတ္ေျမာက္ခဲ့ေသာ္လည္း (၁၀)ႏွစ္အၾကာတြင္ တာခ်ီလိတ္၌ ျပန္လည္ဖမ္းဆီးရမိ
သြဂုတ် 9, 2019
By Tachileik News Agency

မူးယစ္ေဆး၀ါးအမႈျဖင့္  ေထာင္ဒဏ္ (၁၃)ႏွစ္ က်ခံေနရစဥ္ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဘယ္လင္းရဲဘက္စခန္းမွ ထြက္ေျပး လာသူအား (၁၀)ႏွစ္၀န္းက်င္အၾကာတြင္ တာခ်ီလိတ္ၿမိဳ႕ ေဆးခမ္းရပ္ကြက္အတြင္း၌ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

“သူက ရဲဘက္ေျပးျဖစ္လာၿပီး တာခ်ီလိတ္မွာ ဇာတ္ျမဳပ္ေနထုိင္ခဲ့တာလုိ႔ သိရတယ္။ အျပင္လည္း သိပ္မထြက္ဘဲ ေနေနတာလို႔ သိရတယ္။ သူ႔ကိုစစ္ေဆးရင္း ကၽြန္ေတာ္တုိ႔ ရွာေနတဲ့ ရဲဘက္ေျပးဆိုတာ စစ္ေဆးေတြ႕ရိွရတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ ရဲအုပ္ေမာင္မ်ဳိး ဦးစီးသည့္အဖြဲ႔၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေဇာ္ ဦးစီးသည့္အဖြဲ႔ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ် ဦးစီးသည့္ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၉ခုႏွစ္၊ ၾသဂုတ္လ(၈)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၊ေဆခမ္းရပ္ကြက္အတြင္း လွည့္ကင္းေဆာင္ရြက္စဥ္ အဆိုပါ ရဲဘက္ေျပးအား ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္ဆီးရမိသည့္ အသက္(၅၃)ႏွစ္အရြယ္ ဝင္းျမင့္ဆိုသူမွာ တာခ်ီလိတ္ခရိုင္တရားရံုးမွ မူးယစ္ေဆးဝါးမႈျဖစ္သည့္ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ ၂၀၀၂ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔က ေထာင္ဒဏ္(၁၃)ႏွစ္ ခ်မွတ္ခဲ့ရာ ေထာင္ဒဏ္(၇)ႏွစ္ေက်ာ္အၾကာ က်ခံခဲ့ၿပီးေနာက္ မႏၱေလးတိုင္းေဒသႀကီး စဥ့္ကိုင္ၿမိဳ႕နယ္တြင္း အက်ဥ္းဦးစီးဌာန၏ ဘယ္လင္းအမ်ဳိးသားေက်ာက္ထုတ္လုပ္ငန္းတြင္ ၂၀၀၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ေန႔က နြားစာအတြက္ ျမက္ရိတ္ေနရာမွ ထြက္ေျပးလြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ျပန္လည္ဖမ္းဆီးရမိထားသည့္ အဆိုပါရဲဘက္ေျပး ဝင္းျမင့္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၅၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၂၄ ျဖင့္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၉)ရက္ေန႔ ေန႔လည္ပိုင္းက အမႈဖြင့္စစ္ ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် (၁၃)နှစ် ကျခံနေရစဉ် စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းရဲဘက်စခန်းမှ ထွက်ပြေး လာသူအား (၁၀)နှစ်ဝန်းကျင်အကြာတွင် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

“သူက ရဲဘက်ပြေးဖြစ်လာပြီး တာချီလိတ်မှာ ဇာတ်မြုပ်နေထိုင်ခဲ့တာလို့ သိရတယ်။ အပြင်လည်း သိပ်မထွက်ဘဲ နေနေတာလို့ သိရတယ်။ သူ့ကိုစစ်ဆေးရင်း ကျွန်တော်တို့ ရှာနေတဲ့ ရဲဘက်ပြေးဆိုတာ စစ်ဆေးတွေ့ရှိရတာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ ရဲအုပ်မောင်မျိုး ဦးစီးသည့်အဖွဲ့၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော် ဦးစီးသည့်အဖွဲ့နှင့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့က တာချီလိတ်မြို့၊ဆေခမ်းရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် အဆိုပါ ရဲဘက်ပြေးအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်ဆီးရမိသည့် အသက်(၅၃)နှစ်အရွယ် ဝင်းမြင့်ဆိုသူမှာ တာချီလိတ်ခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးမှုဖြစ်သည့် မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ ၂၀၀၂ခုနှစ် ဇွန်လ (၂၀)ရက်နေ့က ထောင်ဒဏ်(၁၃)နှစ် ချမှတ်ခဲ့ရာ ထောင်ဒဏ်(၇)နှစ်ကျော်အကြာ ကျခံခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင်း အကျဉ်းဦးစီးဌာန၏ ဘယ်လင်းအမျိုးသားကျောက်ထုတ်လုပ်ငန်းတွင် ၂၀၀၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့က နွားစာအတွက် မြက်ရိတ်နေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ဖမ်းဆီးရမိထားသည့် အဆိုပါရဲဘက်ပြေး ဝင်းမြင့်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၅၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လည်ပိုင်းက အမှုဖွင့်စစ် ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net