ကေလာၿမိဳ႕ အပါအ၀င္ ၿမိဳ႕(၅)မ်ဳိးအတြက္ အမႈိက္ပံုး(၁၀၀)ႏွင့္ အမႈိက္တင္ခံု(၅၀)ကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ လွဴဒါန္း

ကေလာၿမိဳ႕ အပါအ၀င္ ၿမိဳ႕(၅)မ်ဳိးအတြက္ အမႈိက္ပံုး(၁၀၀)ႏွင့္ အမႈိက္တင္ခံု(၅၀)ကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ လွဴဒါန္း
သြဂုတ် 6, 2019
By Tachileik News Agency

အမႈိက္မ်ားစနစ္တက် စြန္႔ပစ္ေစေရးအတြက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕အပါအ၀င္ ၿမို႕(၅)ၿမိဳ႕တြင္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက ဒုတိယအႀကိမ္အျဖစ္ အမႈိက္ပံုး(၁၀၀)ႏွင့္ အမႈိက္ပံုးသည့္ တင္ခံုမ်ားကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လပထမပတ္အတြင္း လွဴဒါန္းလိုက္ၿပီး လူသူအသြားအလာမ်ားသည့္ေနရာမ်ားတြင္ ခ်ထားၿပီျဖစ္ေၾကာင္း သိရသည္။

" ပထမအႀကိမ္တုန္းကလည္း အမႈိက္ပံုး (၁၀၀)လွူဒါန္းခဲ့ၿပီးပါၿပီ၊ အခု ဒုတိယအႀကိမ္အျဖစ္ အမႈိက္ပံုး(၁၀၀)နဲ႔ အမႈိက္ပံုးေတြ ထားတဲ့ေနရာမွာ စနစ္တက် ျဖစ္ေစဖို႔အတြက္ အုတ္ခံုနဲ႔တံတိုင္ပါတဲ့ အမႈိက္ပံုးတင္တဲ့ခံု (၅၀)ကို လွဴဒါန္းေပးတာပါ။"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ဒါရိုက္တာ ဦးထြန္းထြန္းလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အမႈိက္ပံုးမ်ားထားရွိရာတြင္ တစ္ေနရာ၌ (၂)ပံုးစီထားရွိေပးထားၿပီး အမႈိက္မ်ားကို ခြဲျခားစြန္႔ပစ္ႏိုင္ရန္အတြက္လည္း အေရာင္ခြဲေပးထားေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ လမ္းသြားလမ္းလာေတြနဲ႔ ခရီးသြားျပည္သူေတြ အမႈိက္စြန္႔ပစ္တဲ့အခါမွာ စနစ္တက် ျဖစ္ေအာင္လို႔ ရည္ရြယ္တာပါ၊ တစ္ခ်ိန္မွာ အမႈိက္စြန္႔ပစ္ရင္ စြန္႔ပစ္အမႈိက္ခြဲျခားၿပီး ပစ္ႏိုင္ေအာင္လို႔ အပံုးေတြကို အစိမ္းနဲ႔အျပာဆိုၿပီး ႏွစ္မ်ဳိးထားေပးထားပါတယ္"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ဒါရိုက္တာ ဦးထြန္းထြန္းလင္းက  ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕အပါအ၀င္ ေအာင္ပန္း၊ ဟဲဟိုး၊ ေရႊေညာင္ ႏွင့္ ထံုးဘို(ေအးသာယာ)တို႔အတြက္ အမႈိက္ပံုမ်ားလွဴဒါန္းေပးသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီသည္
မိတၳီလာ - ကေလာ - ေတာင္ႀကီးလမ္းပိုင္းအား  (၄၈)ေပအက်ယ္ (၄)လမ္းသြား AC ကတၱရာကြန္ကရစ္လမ္းမႀကီးအျဖစ္ BOT စနစ္ျဖင့္ ေဆာက္လုပ္ေပးထားေသာ ကုမၸဏီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - WMH


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အပါအဝင် မြို့(၅)မြို့တွင် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ဒုတိယအကြိမ်အဖြစ် အမှိုက်ပုံး(၁၀၀)နှင့် အမှိုက်ပုံးသည့် တင်ခုံများကို ၂၀၁၉ခုနှစ် သြဂုတ်လပထမပတ်အတွင်း လှူဒါန်းလိုက်ပြီး လူသူအသွားအလာများသည့်နေရာများတွင် ချထားပြီဖြစ်ကြောင်း သိရသည်။

" ပထမအကြိမ်တုန်းကလည်း အမှိုက်ပုံး (၁၀၀)လှူဒါန်းခဲ့ပြီးပါပြီ၊ အခု ဒုတိယအကြိမ်အဖြစ် အမှိုက်ပုံး(၁၀၀)နဲ့ အမှိုက်ပုံးတွေ ထားတဲ့နေရာမှာ စနစ်တကျ ဖြစ်စေဖို့အတွက် အုတ်ခုံနဲ့တံတိုင်ပါတဲ့ အမှိုက်ပုံးတင်တဲ့ခုံ (၅၀)ကို လှူဒါန်းပေးတာပါ။"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှိုက်ပုံးများထားရှိရာတွင် တစ်နေရာ၌ (၂)ပုံးစီထားရှိပေးထားပြီး အမှိုက်များကို ခွဲခြားစွန့်ပစ်နိုင်ရန်အတွက်လည်း အရောင်ခွဲပေးထားကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားပြည်သူတွေ အမှိုက်စွန့်ပစ်တဲ့အခါမှာ စနစ်တကျ ဖြစ်အောင်လို့ ရည်ရွယ်တာပါ၊ တစ်ချိန်မှာ အမှိုက်စွန့်ပစ်ရင် စွန့်ပစ်အမှိုက်ခွဲခြားပြီး ပစ်နိုင်အောင်လို့ အပုံးတွေကို အစိမ်းနဲ့အပြာဆိုပြီး နှစ်မျိုးထားပေးထားပါတယ်"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အပါအဝင် အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင် နှင့် ထုံးဘို(အေးသာယာ)တို့အတွက် အမှိုက်ပုံများလှူဒါန်းပေးသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီသည်

မိတ္ထီလာ - ကလော - တောင်ကြီးလမ်းပိုင်းအား (၄၈)ပေအကျယ် (၄)လမ်းသွား AC ကတ္တရာကွန်ကရစ်လမ်းမကြီးအဖြစ် BOT စနစ်ဖြင့် ဆောက်လုပ်ပေးထားသော ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - WMH

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net