ထူးအိမ်သင် အမှတ်တရ ဂီတပွဲနှင့်ပန်းချီကား ပြသပွဲ လားရှိုးတွင် ကျင်းပ

ထူးအိမ်သင် အမှတ်တရ ဂီတပွဲနှင့်ပန်းချီကား ပြသပွဲ လားရှိုးတွင် ကျင်းပ
သွဂုတျ 10, 2019
By Tachileik News Agency


အဆိုပါ ပွဲတွင် Deep Fellows Music Band မှ အဖွဲ့သား (၁၅)ဦးက အဆိုတော်ကြီး ထူးအိမ်သင် ၏ သီချင်း (၃၅)ပုဒ်အား မူလသံစဉ်အတိုင်း သီဆိုဖျော်ဖြေနေခြင်းဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် နားဆင်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း သိရသည်။


Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထူးအိမ်သင် အမှတ်တရဂီတပွဲ နှင့် ထူးအိမ်သင် အမှတ်တရ ပန်းချီကားများ ပြသပွဲကို လားရှိုးမြို့ ဘူတာလမ်းနံဘေးရှိ နယူးပဲလေ့စ်ဟိုတယ်တွင် လူငယ်ဂီတအဖွဲ့တစ်ခုဖြစ်သည့် Deep Fellows Music Band က ၂၀၁၉ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့ မွန်းလွဲ (၁)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတွင် Deep Fellows Music Band မှ အဖွဲ့သား (၁၅)ဦးက အဆိုတော်ကြီး ထူးအိမ်သင်၏ သီချင်း (၃၅)ပုဒ်အား မူလသံစဉ်အတိုင်း သီဆိုဖျော်ဖြေနခြေင်းဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် နားဆင်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ရှိ လူငယ်လူရွယ်များ အနုပညာကို စိတ်ဝင်စားမှုမြင့်တက်လာစေရန် ရည်ရွယ်၍ အဆိုပါ ပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ အဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက စတင်၍ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံအတွင်းတွင်လည်း နှစ်ပတ်လျှင်တစ်ကြိမ် စနေနေ့တိုင်း အခမဲ့သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကာသော်လည်း ယခုကာလသည် မိုးရာသီဖြစ်၍ သီဆိုဖျော်မြှေု ယာယီရပ်နားထားကြောင်း အပြင် Deep Fellows Music Band အား ၂၀၁၂ ခုနှစ်က လားရှိုးမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net