Writen by
Tachileik News Agency
11:22:00 PM
-
0
Comments
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ေတာ္ေကာ့(ျပင္)တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔ ညပိုင္းက အမ်ိဳးသားတစ္ဦးထံမွ လက္နက္ခဲယမ္းအခ်ိဳ႕ ဖမ္းမိထားေၾကာင္း သိရသည္။တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ်ဦးစီးသည့္ရဲတပ္ဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ရပ္ကြက္လွည့္ကင္းေဆာင္ရြက္ေနစဥ္ ည(၉)နာရီ (၄၅)မိနစ္ဝန္းက်င္က ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(ျပင္)ရိွ လမ္းၾကားတစ္ခုတြင္ အိတ္တစ္လံုးလြယ္ထားၿပီး ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားလြယ္ထားသည့္ အိတ္အတြင္းမွ Republic Kevin.380 Auto ပစၥတိုေသနတ္တစ္လက္ႏွင့္ ၎က်ည္ (၅)ေတာင့္တုိ႔ကို ေတြ႔ရွိ သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။
"ပံုမွန္ လွည့္ကင္းပတ္ရင္းနဲ႔ မသကၤာလို႔ စစ္ေဆးရင္းနဲ႔ေတြ႕တာ။ ပံုမွန္ပိတ္ဆို႔ကေတာ့ လုပ္ေနတာေပါ့။ မူခင္းက်ဆင္းဖို႔အတြက္ လွည့္ကင္းပတ္ကင္းေတြ လုပ္ေနရင္းေတြ႕တာ"ဟု တာခ်ီလိတ္ၿမို႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသည့္ သန္းျမတ္စိုး (ခ) ဂတံုးဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၅၀/၂၀၁၉၊ ရွမ္းလက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ တော်ကော့(ပြင်)တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ ညပိုင်းက အမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းအချို့ ဖမ်းမိထားကြောင်း သိရသည်။
တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျဦးစီးသည့်ရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ ရပ်ကွက်လှည့်ကင်းဆောင်ရွက်နေစဉ် ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ရှိ လမ်းကြားတစ်ခုတွင် အိတ်တစ်လုံးလွယ်ထားပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားလွယ်ထားသည့် အိတ်အတွင်းမှ Republic Kevin.380 Auto ပစ္စတိုသေနတ်တစ်လက်နှင့်၎င်းကျည် (၅)တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
"ပုံမှန် လှည့်ကင်းပတ်ရင်းနဲ့ မသင်္ကာလို့ စစ်ဆေးရင်းနဲ့တွေ့တာ။ ပုံမှန်ပိတ်ဆို့ကတော့ လုပ်နေတာပေါ့။ မူခင်းကျဆင်းဖို့အတွက် လှည့်ကင်းပတ်ကင်းတွေ လုပ်နေရင်းတွေ့တာ"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် သန်းမြတ်စိုး (ခ) ဂတုံးဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၅၀/၂၀၁၉၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

No comments
Post a Comment
Note: Only a member of this blog may post a comment.