တာခ်ီလိတ္ခရိုင္အတြင္း မိုင္းျဖတ္ၿမိဳ႕မွ အသက္(၁၅)ႏွစ္အရြယ္ မိန္းကေလးအား အလုပ္ရမည္ဟု လိမ္လည္ေခၚေဆာင္ၿပီး တရုတ္ႏိုင္ငံသားထံ ေရာင္းစားသူတို႔အား ဖမ္းဆီးအေရးယူ

တာခ်ီလိတ္ခရိုင္အတြင္း မိုင္းျဖတ္ၿမိဳ႕မွ အသက္(၁၅)ႏွစ္အရြယ္ မိန္းကေလးအား အလုပ္ရမည္ဟု လိမ္လည္ေခၚေဆာင္ၿပီး တရုတ္ႏိုင္ငံသားထံ ေရာင္းစားသူတို႔အား ဖမ္းဆီးအေရးယူ
သြဂုတ် 8, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္ မုိင္းျဖတ္ၿမိဳ႕မွ အသက္ (၁၅)ႏွစ္အရြယ္ မိန္းကေလးအား အလုပ္ရမည္ဟု ဆိုကာ လိမ္လည္ေခၚေဆာင္ၿပီး တရုတ္ႏိုင္ငံသားထံ ေရာင္းစားခဲ့သည့္ အမ်ိဳးသမီး (၃)ဦးႏွင့္ ဝယ္ယူခဲ့သည့္ တရုတ္အမ်ိဳးသားတို႔ကို မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

မိန္းကေလးငယ္အား လိမ္လည္ေခၚေဆာင္ၿပီး ေရာင္းစားခဲ့သူမ်ားျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕မွ အသက္ (၄၈)ႏွစ္အရြယ္ နန္းခ်ယ္ရီ (ခ) ပါနန္း၊ မုိင္းျဖတ္ၿမိဳ႕မွ အသက္ (၄၉)ႏွစ္အရြယ္ နန္းရွဲန္ရြတ္ႏွင့္ အသက္(၃၅)ႏွစ္အရြယ္ နန္းလီးတို႔အျပင္ မိန္းကေလးအား ဝယ္ယူသြားသည့္ တရုတ္ႏုိင္ငံသား အသက္ (၂၉)ႏွစ္အရြယ္ HE ERLEI တို႔အား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၇)ရက္ေန႔က အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရာင္းစားခံရသည့္ မိန္းကေလးကို လြန္ခဲ့သည့္ (၇)လေက်ာ္က တစ္လလွ်င္ ဘတ္ေငြ (၇၀,၀၀၀)ရသည့္အလုပ္ရမည္ဟု မႏၱေလးသို႔ လိမ္လည္ေခၚေဆာင္သြားကာ တရုတ္အမ်ိဳးသားထံ ေရာင္းစားခံခဲ့ရၿပီးေနာက္ ခင္ပြန္းျဖစ္သူ တရုတ္အမ်ိဳးသားႏွင့္အတူ မိဘမ်ားထံ ကန္ေတာ့ရန္ ျပန္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံသားထံ လိမ္လည္ေရာင္းစားခဲ့သူမ်ားအား အေရးယူေပးရန္ တုိင္ၾကားလာသျဖင့္ ေရာင္းစားခဲ့သည့္ အမ်ိဳးသမီး (၃)ဦးႏွင့္အတူ တရုတ္ႏုိင္ငံသားကိုပါ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၂ျဖင့္ အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - လူကုန္တား


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့မှ အသက် (၁၅)နှစ်အရွယ် မိန်းကလေးအား အလုပ်ရမည်ဟု ဆိုကာ လိမ်လည်ခေါ်ဆောင်ပြီး တရုတ်နိုင်ငံသားထံ ရောင်းစားခဲ့သည့် အမျိုးသမီး (၃)ဦးနှင့် ဝယ်ယူခဲ့သည့် တရုတ်အမျိုးသားတို့ကို မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မိန်းကလေးငယ်အား လိမ်လည်ခေါ်ဆောင်ပြီး ရောင်းစားခဲ့သူများဖြစ်သည့် တာချီလိတ်မြို့မှ အသက် (၄၈)နှစ်အရွယ် နန်းချယ်ရီ (ခ) ပါနန်း၊ မိုင်းဖြတ်မြို့မှ အသက် (၄၉)နှစ်အရွယ် နန်းရှဲန်ရွတ်နှင့် အသက်(၃၅)နှစ်အရွယ် နန်းလီးတို့အပြင် မိန်းကလေးအား ဝယ်ယူသွားသည့် တရုတ်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် HE ERLEI တို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့က အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရောင်းစားခံရသည့် မိန်းကလေးကို လွန်ခဲ့သည့် (၇)လကျော်က တစ်လလျှင် ဘတ်ငွေ (၇၀,ဝဝဝ)ရသည့်အလုပ်ရမည်ဟု မန္တလေးသို့ လိမ်လည်ခေါ်ဆောင်သွားကာ တရုတ်အမျိုးသားထံ ရောင်းစားခံခဲ့ရပြီးနောက် ခင်ပွန်းဖြစ်သူ တရုတ်အမျိုးသားနှင့်အတူ မိဘများထံ ကန်တော့ရန် ပြန်လာကြခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားထံ လိမ်လည်ရောင်းစားခဲ့သူများအား အရေးယူပေးရန် တိုင်ကြားလာသဖြင့် ရောင်းစားခဲ့သည့် အမျိုးသမီး (၃)ဦးနှင့်အတူ တရုတ်နိုင်ငံသားကိုပါ မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၂၃/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အမှုဖွင့် စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net