မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် နယ်စပ်အနီး ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၄)သန်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် နယ်စပ်အနီး ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၄)သန်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
သြဂုတ် 11, 2019
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အတွင်း ချောင်းအတွင်း  မြေသြဇာအိတ် (၁၅)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄.၁)သန်းဝန်းကျင်ကို ဒေသခံများသတင်းပေးချက်ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နံနက်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်နှင့် မီတာ(၃၀၀)ခန့်အကွာရှိ ရေမရှိတော့သည့် ချောင်းအတွင်း၌ မြက်များဖြင့် ဖုံးထားသည့် မြေသြဇာအိတ် (၁၅)လုံးကို နယ်မြေခံတပ်က သိမ်းဆည်းရမိခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားအရေအတွက် စုစုပေါင်း (၄,၁၉၀,၀၀၀)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
Ref; Bangkok Post
Photo: maesaiaec

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အတွင်း ချောင်းအတွင်း မြသြေဇာအိတ် (၁၅)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄.၁)သန်းဝန်းကျင်ကို ဒေသခံများသတင်းပေးချက်ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နံနက်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်နှင့် မီတာ(၃၀၀)ခန့်အကွာရှိ ရေမရှိတော့သည့် ချောင်းအတွင်း၌ မြက်များဖြင့် ဖုံးထားသည့် မြသြေဇာအိတ် (၁၅)လုံးကို နယ်မြေခံတပ်က သိမ်းဆည်းရမိခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားအရေအတွက် စုစုပေါင်း (၄,၁၉၀,ဝဝဝ)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဂိုဏ်းက အဆိုပါ မူးယစ်ဆေးများကို မြန်မာဘက်မှ နယ်ခြားဖြတ်ကျော်သယ်လာပြီး အချိတ်အဆက်ဖြင့် သယ်ဆောင်ရန် လုပ်ထားခြင်းဖြစ်နိုင်သည်ဟု ထိုင်းဘက် တာဝန်ရှိသူများက ခန့်မှန်းထားကြပြီး မူးယစ်ဆေးဝါးပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; Bangkok Post
Photo: maesaiaec

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net