တာချီလိတ်မြို့နယ် ကျေးရွာများတွင် ၀က်မွေးမြူသူများအနေဖြင့် ဖျားနာသေဆုံး ၀က်များအား ရေချောင်းထဲမမျှောဘဲ မြေမြှုပ်ရန် မွေး/ကု အသိပေးတိုက်တွန်း
တာချီလိတ်မြို့နယ် ကျေးရွာများတွင် ၀က်မွေးမြူသူများအနေဖြင့် ဖျားနာသေဆုံး ၀က်များအား ရေချောင်းထဲမမျှောဘဲ မြေမြှုပ်ရန် မွေး/ကု အသိပေးတိုက်တွန်း
သွဂုတျ 6, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ၀က်များ ဖျားနာသေဆုံးမှုများသည့်အပြင် ၀က်အသေများကိုလည်း ရေချောင်းထဲမျှောနေမှုများရှိနေသည့်အတွက် ၀က်အသေများကို ရေချောင်းထဲ မမျှောစေဘဲ မြေမြှုပ်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  တိုက်တွန်းထားသည်။
"၀က်တွေနာဖျားနေတယ်ဆိုရင်  မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန၊ ဒါမှမဟုတ်ရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေတဆင့် ကျွန်တော်တို့ဆီကို ချိတ်ဆက်လို့ရပါတယ်၊ ၀က်သေခဲ့မယ်ဆိုရင်လည်း မြေမြှုပ်ဖို့ အလွန်အရေးကြီးပါတယ်၊ ချောင်းထဲကို မမျှောဘဲ မြေမြှုပ်ပြီး ပိုးသတ်ဆေးတွေဖျန်းဖို့ လိုပါတယ်၊ ကျွန်တော်တို့ ကျေးရွာအရောက်လည်း ကွင်းဆင်းပြီးတော့ ဟောပြောနေတာတွေလည်းရှိပါတယ်"ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖျားနာသေဆုံးသည့် ၀က်များအား ရေချောင်းထဲ မြေမြှုပ်ခြင်းမပြုလုပ်မီ မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ဝက်များ ဖျားနာသေဆုံးမှုများသည့်အပြင် ဝက်အသေများကိုလည်း ရေချောင်းထဲမျှောနေမှုများရှိနေသည့်အတွက် ဝက်အသေများကို ရေချောင်းထဲ မမျှောစေဘဲ မြမြှေုပ်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။
"ဝက်တွေနာဖျားနေတယ်ဆိုရင် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန၊ ဒါမှမဟုတ်ရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေတဆင့် ကျွန်တော်တို့ဆီကို ချိတ်ဆက်လို့ရပါတယ်၊ ဝက်သေခဲ့မယ်ဆိုရင်လည်း မြမြှေုပ်ဖို့ အလွန်အရေးကြီးပါတယ်၊ ချောင်းထဲကို မမျှောဘဲ မြမြှေုပ်ပြီး ပိုးသတ်ဆေးတွေဖျန်းဖို့ လိုပါတယ်၊ ကျွန်တော်တို့ ကျေးရွာအရောက်လည်း ကွင်းဆင်းပြီးတော့ ဟောပြောနေတာတွေလည်းရှိပါတယ်"ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖျားနာသေဆုံးသည့် ဝက်များအား ရေချောင်းထဲ မြမြှေုပ်ခြင်းမပြုလုပ်မီ မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။
"လူထုအနေနဲ့ ကျန်းမာရေးအသိရှိရှိ နဲ့ မွေးမြူရေးသမားဆိုရင်လည်း ခြံကို ဇီဝလုံခြုံမှုကောင်းအောင်ထားရမှာဖြစ်သလို ဝက်တွေ သေတယ်ဆိုရင်တောင်မှာ ဘာရောဂါနဲ့သေတယ်ဆိုတာမျိုးကို အဖြေရှာလို့ရအောင် ကျွန်တော်တို့ဆီကို သတင်းပေးဖို့ လိုသလို မြမြှေုပ်ဖို့၊ မီးရှို့ဖျက်စီးဖို့၊ ကောင်းတာကတော့ ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်စီးမယ်ဆိုရင်လည်း ကောင်းပါတယ်။ "ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက ပြောသည်။
တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု နှင့် ဝမ်လုံးကျေးရွာအုပ်စုအကြားရှိ လွယ်စတုံ(ပုံလို့)ချောင်းတွင် ၂၀၁၉ခုနှစ် သြဂုတ်လအစမှ စ၍ သြဂုတ်လ(၅)ရက်နေ့အထိ ဖျားနာသေဆုံးပြီး ရေထဲမျှောလာသည့် ဝက်အကောင်ရောမှာ အကောင်ရေ (၄၀)နှင့် (၅၀)အကြားရှိပြီဖြစ်ကြောင်း သိရသည်။
"သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ သူ့တာဝန်တဲ့သူပေါ့။ အသိပညာပေးတဲ့အခါမှာ ကျေးရွာထဲက အာဏာသက်ရောက်တဲ့ ရွာသူကြီးတို့လို လူမျိုးတွေကိုလည်း ကောင်းကောင်း အသိပညာပေးဖို့နဲ့ အခုလိုတွေ မလုပ်ဖို့ကို တားမြစ်ပေးဖို့ကို မှာကြာပေးဖို့လည်းလိုမှာ၊ ဌာနဆိုင်ရာဆိုတာက ရွာမှာ ရှိနေမှာမဟုတ်တော့ ရွာသူကြီးတွေကို အားကိုးရမှာပေါ့။ ဝက်သားကြိုက်တဲ့ ကျွန်တော်တောင် အခုတလော ကျွန်တော်တော့ ဝက်သားမစားရဲဘူး။ ဖြစ်လာရင် မလွယ်ဘူးလေ"ဟု တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ဝက်သေဆုံးမှုနှင့် သေဆုံးသည့် ဝက်များအား ရေချောင်းထဲ မျှောခြင်းမပြုလုပ်ရန် အသိပညာပေးကာ ဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်ထားသော်လည်း ကျေးရွာနေသူများက အလွယ်လိုက်ကာ ရေချောင်းထဲသို့သာ မျှောခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံက သိရသည်။
Tachileik News Agency
ပုံအညွန်း - ( တာချီလိတ်မြို့ လွယ်စတုံချောင်းအတွင်း ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်နေ့ ဝက်အသေများ ဆယ်ယူနေစဉ် )
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net