မိုင္းဆတ္ၿမိဳ႕ရွိ ၿမိဳ႕မေစ်း ႏွင့္ စာသင္ေက်ာင္းမ်ားတြင္ တားျမစ္စားေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်မႈ ရွိမရွိ စစ္ေဆးကာ အသိပညာေပး

မိုင္းဆတ္ၿမိဳ႕ရွိ ၿမိဳ႕မေစ်း ႏွင့္ စာသင္ေက်ာင္းမ်ားတြင္ တားျမစ္စားေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်မႈ ရွိမရွိ စစ္ေဆးကာ အသိပညာေပး
သြဂုတ် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕မေစ်း အပါအ၀င္ စာသင္ေက်ာင္းမ်ားတြင္ FDA မွ တားျမစ္ပိတ္ပင္ထားေသာ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ သက္တမ္းလြန္စား ေသာက္ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းရိွ/မရိွ ကြင္းဆင္းစစ္ေဆးမႈႏွင့္အတူ အသိပညာေပးမႈကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၆)ရက္ေန႔က ပူးေပါင္းအဖြဲ႔ျဖင့္ ျပဳလုပ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)စားသုံးသူေရးရာဦးစီးဌာနႏွင့္ မိုင္းဆတ္ၿမဳိ႕နယ္အစားအေသာက္ႀကီးၾကပ္ေရး ေကာ္မတီတို႔ ပူးေပါင္း၍ မိုင္းဆတ္ၿမိဳ႕တြင္း စာသင္ေက်ာင္းမ်ားႏွင့္ လုပ္ငန္းခြင္မ်ားတြင္ ၾသဂုတ္လ(၅)ရက္ေန႔က စ၍ အသိပညာေပးကာ စစ္ေဆးျခင္း ျဖစ္သည္။

ၾသဂုတ္လ(၆)ရက္ေန႔က  စားသုံးသူေရးရာဦးစီးဌာန၊ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးၿငိမ္းေထြးတို႔ ဦးေဆာင္ေသာ အဖဲြ႔၀င္မ်ားက မိုင္းဆတ္ၿမဳိ႕ရွိ ၿမိဳ႕မေစ်း အပါအ၀င္   အထကခဲြ(လ-၁)ႏွင့္ အထကခဲြ(လ-၂)တို႔ရွိ ေက်ာင္းတြင္း မုန္႔ေစ်းဆိုင္မ်ားတြင္ FDA မွ တားျမစ္ပိတ္ပင္ထားေသာ စားေသာက္ကုန္ပစၥည္း မ်ားႏွင့္ သက္တမ္းလြန္စားေသာက္ကုန္ပစၥည္းမ်ား ႏွင့္ စားသံုးရန္ သင့္ မသင့္ စားေသာက္ကုန္မ်ား ေရာင္းခ်မႈရွိမရွိ ကြင္းဆင္းစစ္ေဆးၿပီး ေစ်းသည္မ်ားႏွင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား စားသုံးသူကာကြယ္ေရးဥပေဒအသိပညာေပးေဟာေျပာကာ  လက္ကမ္းစာေစာင္မ်ားျဖန္႔ေ၀သည္။

ဆက္လက္၍ မိုင္းဆတ္ၿမဳိ႕နယ္အတြင္းရိွ လုပ္ငန္းရွင္မ်ားအား ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရွိ ခန္းမေဆာင္၌ စားသုံးသူကာကြယ္ေရးဥပေဒ အခန္း(၁၈)၊ ကုန္အၫႊန္းအမွတ္အသားပါ ျပ႒ာန္းခ်က္မ်ားကို ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္းသိရသည္။

စားသံုးသူေရးရာဦးစီးဌာန၏ စားသံုးသူကာကြယ္ေရးဥပေဒအား ၂၀၁၉ခုႏွစ္ မတ္လ(၁၅)ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ အတည္ျပဳ ျပ႒ာန္းခဲ့ၿပီးေနာက္ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားအား စားသံုးသူမ်ားႏွင့္လုပ္ငန္းရွင္မ်ား သိရွိနားလည္ႏိုင္ရန္အတြက္  ၿမို႕နယ္မ်ားသို႔ ကြင္းဆင္း၍ အသိပညာေပးေဟာေျပာမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေး အပါအဝင် စာသင်ကျောင်းများတွင် FDA မှ တားမြစ်ပိတ်ပင်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်စား သောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုနှင့်အတူ အသိပညာပေးမှုကို ၂၀၁၉ခုနှစ် သြဂုတ်လ(၆)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ပြုလုပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)စားသုံးသူရေးရာဦးစီးဌာနနှင့် မိုင်းဆတ်မြို့နယ်အစားအသောက်ကြီးကြပ်ရေး ကော်မတီတို့ ပူးပေါင်း၍ မိုင်းဆတ်မြို့တွင်း စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များတွင် သြဂုတ်လ(၅)ရက်နေ့က စ၍ အသိပညာပေးကာ စစ်ဆေးခြင်း ဖြစ်သည်။

သြဂုတ်လ(၆)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးနှင့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးတို့ ဦးဆောင်သော အဖွဲ့ဝင်များက မိုင်းဆတ်မြို့ရှိ မြို့မဈေး အပါအဝင် အထကခွဲ(လ-၁)နှင့် အထကခွဲ(လ-၂)တို့ရှိ ကျောင်းတွင်း မုန့်ဈေးဆိုင်များတွင် FDA မှ တားမြစ်ပိတ်ပင်ထားသော စားသောက်ကုန်ပစ္စည်း များနှင့် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ နှင့် စားသုံးရန် သင့် မသင့် စားသောက်ကုန်များ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးပြီး ဈေးသည်များနှင့် ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များဖြနေ့်ဝသည်။

ဆက်လက်၍ မိုင်းဆတ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမဆောင်၌ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေပါ ပြဋ္ဌာန်းချက်များအား စားသုံးသူများနှင့်လုပ်ငန်းရှင်များ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်များသို့ ကွင်းဆင်း၍ အသိပညာပေးဟောပြောမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net