ဓမၼစကူးလ္ေက်ာင္း( အထက - တာခ်ီလိတ္) မွ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ပြဲႏွင့္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲ က်င္းပ

ဓမၼစကူးလ္ေက်ာင္း( အထက - တာခ်ီလိတ္) မွ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ပြဲႏွင့္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲ က်င္းပ
သြဂုတ် 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ဓမၼစကူးလ္ေက်ာင္းေတာ္ - တာခ်ီလိတ္ (အထက)မွ ဆဌမအႀကိမ္ေျမာက္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ပြဲႏွင့္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲကို ၂၀၁၉ ခုႏွစ္၊ၾသဂုတ္လ (၄)ရက္ေန႔တြင္ က်င္းပသည္။

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေမဖလားဝါးကြင္းရိွ ဟုတ္တက္မဂၤလာခန္းမတြင္ နံနက္ (၉)နာရီမွစ၍ က်င္းပသည့္ အဆိုပါအခမ္းအနားတြင္ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္၌ မူႀကိဳမွ အဌမတန္းအထိ တက္ေရာက္ခဲ့သည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ၿပီး ေမာင္မယ္သစ္လြင္မ်ားကို ႀကိဳဆိုၾကသည္။

အခမ္းအနားတြင္ ဓမၼစကူးလ္ေက်ာင္းေတာ္ - တာခ်ီလိတ္(အထက)၏ ဦးေဆာင္ဆရာေတာ္ သာသနာ႔ဂုဏ္ရည္ဓမၼာစရိယေက်ာင္းတုိက္မွ ဘဒၵႏၱဓမၼဓဇက ဓမၼစကူးလ္လုပ္ငန္းဆုိင္ရာမ်ားကို ရွင္းလင္းမိန္႔ၾကားေတာ္မူၿပီးေနာက္ ဓမၼစကူးလ္ေက်ာင္းေတာ္ - တာခ်ီလိတ္(အထက)၏ အလုပ္အမႈေဆာင္ ဥကၠဌ ဦးေက်ာ္သီဟ က ဓမၼစကူးလ္ေက်ာင္းေတာ္ ေရရွည္တည္တံ့ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။

၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္မွ ဆရာ၊ဆရာမမ်ားႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕အား ဂုဏ္ျပဳလက္မွတ္မ်ား ခ်ီးျမႇင့္ၿပီး ဓမၼစကူးလ္မွ ေက်ာင္းသားေက်ာင္းသူမ်ားက ေဖ်ာ္ေျဖတင္ဆက္မႈမ်ားျဖင့္ အခမ္းအနားကို က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဓမၼစကူးလ္ေက်ာင္းကို ၂၀၁၃ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔မွစ၍  စတင္ခဲ့ျခင္းျဖစ္ၿပီး လက္ရိွအခ်ိန္တြင္ သင္တန္းဆင္း ဆရာ၊ဆရာမ (၃၂)ဦးက ဓမၼစကူးလ္မူႀကိဳတန္းမွ အဌမတန္းအထိ တန္းခြဲ (၁၅)ခုကို သင္ၾကားေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဓမၼစကူးလ္ေပါင္း (၁၁)ေက်ာင္း၊ တာေလၿမိဳ႕တြင္ (၂) ေက်ာင္း၊ မိုင္းျဖတ္ၿမို႕တြင္ (၁) ေက်ာင္း၊ မိုင္းဆတ္ၿမိဳ႕တြင္ (၁) ေက်ာင္း၊ က်ိဳင္းတံုၿမို႕တြင္ (၃) ေက်ာင္းႏွင့္ တစ္ဖက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမို႕တြင္ (၁) ေက်ာင္းဖြင့္လွစ္ထားၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ဝမ္တာပင္းေက်းရြာ၊ နန္းေငါ့ေက်းရြာႏွင့္ ေနာင္ခမ္းေက်းရြာတုိ႔အျပင္ လာအိုႏိုင္ငံတြင္လည္း ဓမၼစကူးလ္ေက်ာင္းမ်ား ထပ္မံဖြင့္လွစ္ရန္စီစဥ္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ် (အထက)မှ ဆဌမအကြိမ်မြောက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ၂၀၁၉ ခုနှစ်၊သြဂုတ်လ (၄)ရက်နေ့တွင် ကျင်းပသည်။

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် နံနက် (၉)နာရီမှစ၍ ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၌ မူကြိုမှ အဌမတန်းအထိ တက်ရောက်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပြီး မောင်မယ်သစ်လွင်များကို ကြိုဆိုကြသည်။

အခမ်းအနားတွင် ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ်(အထက)၏ ဦးဆောင်ဆရာတော် သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက်မှ ဘဒ္ဒန္တဓမ္မဓဇက ဓမ္မစကူးလ်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းမိန့်ကြားတော်မူပြီးနောက် ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ်(အထက)၏ အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ က ဓမ္မစကူးလ်ကျောင်းတော် ရေရှည်တည်တံ့ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှ ဆရာ၊ဆရာမများနှင့် အလုပ်အမှုဆောင်အဖွဲ့အား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပြီး ဓမ္မစကူးလ်မှ ကျောင်းသားကျောင်းသူများက ဖျော်ဖြေတင်ဆက်မှုများဖြင့် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓမ္မစကူးလ်ကျောင်းကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့မှစ၍ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သင်တန်းဆင်း ဆရာ၊ဆရာမ (၃၂)ဦးက ဓမ္မစကူးလ်မူကြိုတန်းမှ အဌမတန်းအထိ တန်းခွဲ (၁၅)ခုကို သင်ကြားပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ပေါင်း (၁၁)ကျောင်း၊ တာလမြေို့တွင် (၂) ကျောင်း၊ မိုင်းဖြတ်မြို့တွင် (၁) ကျောင်း၊ မိုင်းဆတ်မြို့တွင် (၁) ကျောင်း၊ ကျိုင်းတုံမြို့တွင် (၃) ကျောင်းနှင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် (၁) ကျောင်းဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဝမ်တာပင်းကျေးရွာ၊ နန်းငေါ့ကျေးရွာနှင့် နောင်ခမ်းကျေးရွာတို့အပြင် လာအိုနိုင်ငံတွင်လည်း ဓမ္မစကူးလ်ကျောင်းများ ထပ်မံဖွင့်လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net