တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း ဆိုင္ကယ္ခိုးမႈမ်ားႏွင့္ ဖုန္းလုယက္မႈမ်ားအပါအ၀င္ ခိုးမႈမ်ားျပားေနတာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း ဆိုင္ကယ္ခိုးမႈမ်ားႏွင့္ ဖုန္းလုယက္မႈမ်ားအပါအ၀င္ ခိုးမႈမ်ားျပားေန

တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း ဆိုင္ကယ္ခိုးမႈမ်ားႏွင့္ ဖုန္းလုယက္မႈမ်ားအပါအ၀င္ ခိုးမႈမ်ားျပားေနတာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လအတြင္း ဆိုင္ကယ္ခိုးမႈမ်ားႏွင့္ ဖုန္းလုယက္မႈမ်ားအပါအ၀င္ ခိုးမႈမ်ားျပားေန
သြဂုတ် 25, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ခိုးယူခံရမႈအပါအဝင္ ခိုးမႈမ်ားႏွင့္ ေနအိမ္တြင္ ဖုန္းအသံုးျပဳေနသည့္ ကေလးငယ္မ်ားထံမွ လက္ကိုင္ဖုန္းဝင္ေရာက္လုယူခံရမႈမ်ား ျဖစ္ေနေသာ္လည္း အမႈဖြင့္တုိင္ၾကားသူ နည္းပါးေၾကာင္း သိရသည္။

“ခိုးမႈေတြမ်ားတာ မွန္ပါတယ္။ လာတုိင္တာေတြေတာ့ သိပ္မရိွဘူး။ ကၽြန္ေတာ္တုိ႔ ဖမ္းဆီးရမိတာေတြလည္း ရိွပါတယ္။ မ်ားေသာအားျဖင့္ ဖမ္းဆီးရမိတာေတြကို ပိုင္ရွင္ေတြက အမႈမဖြင့္ဘဲ ျပန္ယူသြားၾကတယ္။ သူတုိ႔က အမႈလည္း မဖြင့္ခ်င္ၾကဘူး။ တစ္ခ်ိဳ႕လည္း စံုစမ္းဆဲအမႈေတြလည္း ရိွပါတယ္။ ကၽြန္ေတာ္တုိ႔လည္း နည္းမ်ိဳးစံုနဲ႔ေတာ့ ဖမ္းမိေအာင္ ႀကိဳးစားေနပါတယ္။ အမ်ားစုကေတာ့ ဆုိင္ကယ္ေတြ ခိုးခံရတာမ်ားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးစြဲသူမ်ားရိွေနျခင္းကလည္း ရပ္ကြက္မ်ားတြင္ ေဖါက္ထြင္း၊ ခိုးယူခံရမႈမ်ားႏွင့္ ဆက္စပ္ေနသည္ဟု ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

“အေသးစားခိုးမႈေတြကေတာ့ အၿမဲတမ္းျဖစ္ေနတာပဲ။ ေဆးသမားကလည္းမ်ားေတာ့ အိမ္ေဖါက္ခံရတယ္၊ ပစၥည္းေပ်ာက္တယ္ဆိုတာ အၿမဲျဖစ္ေနတယ္။ ျဖစ္ရင္လည္း တစ္ခ်ိဳ႕လည္း တုိင္တယ္။ မ်ားေသာအားျဖင့္ေတာ့ မတုိင္ၾကဘူး”ဟု ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရံုးအနီးရွိ ေနအိမ္တြင္လည္း  အမ်ဳိးသမီးတစ္ဦးသည္ အိမ္ေရွ႕တြင္ ဖုန္းသံုးေနစဥ္ အမည္မသိ အမ်ဳိးသားတစ္ဦးမွ အေနာက္က လမ္းေလွ်ာက္လာကာ လက္ထဲက ဖုန္းအားလုယူထြက္ေျပးသြားမႈ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ေန႔ ည(၉)နာရီခြဲ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း ႏွင့္ အဆိုပါေနရာ အနီးတြင္လည္း ၾသဂုတ္လ(၂၄)ရက္ေန႔က ဆိုင္ကယ္ႏွစ္စီး ခိုးခံရမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕အေနျဖင့္ လွည့္ကင္း၊ ဝပ္ကင္းမ်ားျဖင့္ ရပ္ကြက္မ်ားအလုိက္ လံုၿခံဳေရးေဆာင္ရြက္ေနသည္ဟု ဆိုေသာ္လည္း ရပ္ကြက္မ်ားတြင္ ေဖါက္ထြင္းခိုးယူခံရျခင္းမ်ားအျပင္ ေနအိမ္အနီးတြင္ ဖုန္းအသံုးျပဳေနသည့္ ကေလးငယ္မ်ားထံမွ လက္ကိုင္ဖုန္း ဝင္ေရာက္လုယက္ခံရမႈမ်ားလည္း မၾကာခဏျဖစ္ပြားေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုအပါအဝင် ခိုးမှုများနှင့် နေအိမ်တွင် ဖုန်းအသုံးပြုနေသည့် ကလေးငယ်များထံမှ လက်ကိုင်ဖုန်းဝင်ရောက်လုယူခံရမှုများ ဖြစ်နေသော်လည်း အမှုဖွင့်တိုင်ကြားသူ နည်းပါးကြောင်း သိရသည်။

“ခိုးမှုတွေများတာ မှန်ပါတယ်။ လာတိုင်တာတွေတော့ သိပ်မရှိဘူး။ ကျွန်တော်တို့ ဖမ်းဆီးရမိတာတွေလည်း ရှိပါတယ်။ များသောအားဖြင့် ဖမ်းဆီးရမိတာတွေကို ပိုင်ရှင်တွေက အမှုမဖွင့်ဘဲ ပြန်ယူသွားကြတယ်။ သူတို့က အမှုလည်း မဖွင့်ချင်ကြဘူး။ တစ်ချို့လည်း စုံစမ်းဆဲအမှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့လည်း နည်းမျိုးစုံနဲ့တော့ ဖမ်းမိအောင် ကြိုးစားနေပါတယ်။ အများစုကတော့ ဆိုင်ကယ်တွေ ခိုးခံရတာများပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲသူများရှိနခြေင်းကလည်း ရပ်ကွက်များတွင် ဖောက်ထွင်း၊ ခိုးယူခံရမှုများနှင့် ဆက်စပ်နေသည်ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“အသေးစားခိုးမှုတွေကတော့ အမြဲတမ်းဖြစ်နေတာပဲ။ ဆေးသမားကလည်းများတော့ အိမ်ဖောက်ခံရတယ်၊ ပစ္စည်းပျောက်တယ်ဆိုတာ အမြဲဖြစ်နေတယ်။ ဖြစ်ရင်လည်း တစ်ချို့လည်း တိုင်တယ်။ များသောအားဖြင့်တော့ မတိုင်ကြဘူး”ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးအနီးရှိ နေအိမ်တွင်လည်း အမျိုးသမီးတစ်ဦးသည် အိမ်ရှေ့တွင် ဖုန်းသုံးနေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ အနောက်က လမ်းလျှောက်လာကာ လက်ထဲက ဖုန်းအားလုယူထွက်ပြေးသွားမှု ၂၀၁၉ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း နှင့် အဆိုပါနေရာ အနီးတွင်လည်း သြဂုတ်လ(၂၄)ရက်နေ့က ဆိုင်ကယ်နှစ်စီး ခိုးခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနဖြေင့် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ရပ်ကွက်များအလိုက် လုံခြုံရေးဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ရပ်ကွက်များတွင် ဖောက်ထွင်းခိုးယူခံရခြင်းများအပြင် နေအိမ်အနီးတွင် ဖုန်းအသုံးပြုနေသည့် ကလေးငယ်များထံမှ လက်ကိုင်ဖုန်း ဝင်ရောက်လုယက်ခံရမှုများလည်း မကြာခဏဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net