လားရှိုးမြို့တွင် (၃)လကြာ ဖွင့်လှစ်နေသည့် မူးယစ်ဆေးဖြတ်သင်တန်းသို့ သင်တန်းသား (၂၇)ဦး တက်ရောက်နေ

လားရှိုးမြို့တွင် (၃)လကြာ ဖွင့်လှစ်နေသည့် မူးယစ်ဆေးဖြတ်သင်တန်းသို့ သင်တန်းသား (၂၇)ဦး တက်ရောက်နေ
သွဂုတျ 5, 2019
By Tachileik News Agency

မူးယစ်ဆေးဝါးဖြတ်လိုသူများအတွက် လားရှိုးမြို့တွင် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအား ဖွင့်လှစ်ပို့ချနေရာ  ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့(၃)မြို့မှ (၂၇)ဦး သင်တန်းတက်ရောက်ကြောင်း သိရသည်။

"စခန်းအခြေပြုသင်တန်းတွေအပြင် စခန်းမရှိတဲ့ နေရာတွေမှာလည်း ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်း နဲ့ ပြန်လည်ထူထောင်ခြင်းသင်တန်းတွေကို လုပ်ဆောင်ပေးနေပါတယ်၊ မူးယစ်ဆေးပြသနာဟာ ကျွန်တော်တို့ နိုင်ငံအတွက် အမျိုးသားရေးပြသနာတစ်ခုလို့ အားလုံးလဲ ရှုမြင်ထားကြပါတယ်၊ စိုက်ပျိုးထုတ်လုပ်မှု လျှော့ချရေး၊ သုံးစွဲမှုလျှော့ချရေး နဲ့ ဘေးအန္တရာယ်လျှော့ချရေးတို့အပြင် မူးယစ်ဆေးဖြတ် ကုသခြင်းနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း စတာတွေကို မူးယစ်ဆေးဝါးပပျောက်ရေး နည်းဗျူဟာ( ၃ ) ရပ်အဖြစ် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်"ဟု ပြန်လည်ထူတောင်ရေးဦးစီးဌာနရုံးချုပ်( နေပြည်တော် )မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာန မှ ၂၀၁၉ခုနှစ် ဇူလိုင်လ (၃၁)ရက်မှ အောက်တိုဘာလ (၃၀)ရက်နေ့အထိ (၃)လကြာ ဖွင့်လှစ်သည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ်( ၅၃/ ၂၀၁၉ )တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွတ်ခိုင်၊ လားရှိုး နှင့် ကျောက်မဲမြို့နယ်တွင်းတို့မှ သင်တန်းသား (၂၇)ဦးတက်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကျောင်း (၉)ခုကိုလည်း တစ်ပြိုင်တည်းစတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မြန်မာတစ်နိုင်ငံလုံး၌ စခန်းအခြေပြုသင်တန်းကျောင်း စုစုပေါင်း (၁၁)ခု ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။


ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် စခန်းအခြေပြု သင်တန်းများဖြင့် ဆောင်ရွက်နေသည့်အပြင် စခန်းမရှိသည့် ဒေသများ၌ ရပ်ရွာအခြေပြုမူးယစ် ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိပြီး လက်ရှိတွင် ဟုမ္မလင်းမြို့နှင့်ဖားကန့်မြို့များ၌ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။


Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူးယစ်ဆေးဝါးဖြတ်လိုသူများအတွက် လားရှိုးမြို့တွင် စခန်းအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအား ဖွင့်လှစ်ပို့ချနေရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့(၃)မြို့မှ (၂၇)ဦး သင်တန်းတက်ရောက်ကြောင်း သိရသည်။

"စခန်းအခြပြေုသင်တန်းတွေအပြင် စခန်းမရှိတဲ့ နေရာတွေမှာလည်း ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသခြင်း နဲ့ ပြန်လည်ထူထောင်ခြင်းသင်တန်းတွေကို လုပ်ဆောင်ပေးနေပါတယ်၊ မူးယစ်ဆေးပြသနာဟာ ကျွန်တော်တို့ နိုင်ငံအတွက် အမျိုးသားရေးပြသနာတစ်ခုလို့ အားလုံးလဲ ရှုမြင်ထားကြပါတယ်၊ စိုက်ပျိုးထုတ်လုပ်မှု လျှော့ချရေး၊ သုံးစွဲမှုလျှော့ချရေး နဲ့ ဘေးအန္တရာယ်လျှော့ချရေးတို့အပြင် မူးယစ်ဆေးဖြတ် ကုသခြင်းနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း စတာတွေကို မူးယစ်ဆေးဝါးပပျောက်ရေး နည်းဗျူဟာ( ၃ ) ရပ်အဖြစ် လုပ်ဆောင်နခြေင်း ဖြစ်ပါတယ်"ဟု ပြန်လည်ထူတောင်ရေးဦးစီးဌာနရုံးချုပ်( နပြေည်တော် )မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာန မှ ၂၀၁၉ခုနှစ် ဇူလိုင်လ (၃၁)ရက်မှ အောက်တိုဘာလ (၃၀)ရက်နေ့အထိ (၃)လကြာ ဖွင့်လှစ်သည့် စခန်းအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ်( ၅၃/ ၂၀၁၉ )တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွတ်ခိုင်၊ လားရှိုး နှင့် ကျောက်မဲမြို့နယ်တွင်းတို့မှ သင်တန်းသား (၂၇)ဦးတက်ရောက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကျောင်း (၉)ခုကိုလည်း တစ်ပြိုင်တည်းစတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာတစ်နိုင်ငံလုံး၌ စခန်းအခြပြေုသင်တန်းကျောင်း စုစုပေါင်း (၁၁)ခု ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်( မြောက်ပိုင်း )လားရှိုးမြို့ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ကုသခြင်း နှင့် ပြန်လည်ထူထောင်ရေး စခန်းတွင် အမှတ်စဉ် (၁)မှ လက်ရှိ ဖွင့်လှစ်လိုက်သည့် အမှတ်စဉ် (၅၃)အထိ မူးယစ် ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသား စုစုပေါင်း (၈၉၂)ဦးရှိပြီ ဖြစ်ကြောင်း စခန်း တာဝန်ရှိသူထံက သိရသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် စခန်းအခြပြေု သင်တန်းများဖြင့် ဆောင်ရွက်နေသည့်အပြင် စခန်းမရှိသည့် ဒေသများ၌ ရပ်ရွာအခြပြေုမူးယစ် ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိပြီး လက်ရှိတွင် ဟုမ္မလင်းမြို့နှင့်ဖားကန့်မြို့များ၌ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

လားရှိုးမြို့တွင် အဆိုပါ သင်တန်းဖွင့်ပွဲအား သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်အောင်ဇော်အေး၊ ရှမ်းပြည်နယ်လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ် အပါအဝင် ဒေသအုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net