လားရႈိးၿမိဳ႕တြင္ ရက္ေပါင္း(၈၀)အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ (၉၂)ဦးအနက္ (၂)ဦး ေသဆံုးမႈရွိခဲ့၍ ေနအိမ္တိုင္း ဖံုး သြန္ လဲ စစ္ လုပ္ငန္းမ်ား လုပ္ေဆာင္ရန္ လိုအပ္

လားရႈိးၿမိဳ႕တြင္ ရက္ေပါင္း(၈၀)အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ (၉၂)ဦးအနက္ (၂)ဦး ေသဆံုးမႈရွိခဲ့၍ ေနအိမ္တိုင္း ဖံုး သြန္ လဲ စစ္ လုပ္ငန္းမ်ား လုပ္ေဆာင္ရန္ လိုအပ္
သြဂုတ် 7, 2019
By Tachileik News Agency

ရက္ေပါင္း (၈၀)အတြင္း လားရႈိးၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ (၉၂)ဦးရွိခဲ့ၿပီး (၂)ဦး ေသဆံုးသြား၍ ေနအိမ္တိုင္းတြင္ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားကို ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း သိရသည္။

"တုပ္ေကြးသံသယရွိသူမပါဘဲ တုပ္ေကြးျဖစ္ပြားမႈ စစ္ေဆးေတြ႔ရွိတဲ့အခ်က္ေတြအရဆိုရင္ လားရိႈးၿမိဳ႕ေပၚ ရပ္ကြက္ႀကီး (၁၂) ခုနဲ႔ ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြ အပါအဝင္ တုပ္ေကြးေရာဂါျဖစ္ပြားသူ စုစုေပါင္း (၉၂) ဦး ရွိပါတယ္။ ေသဆံုးသူကေတာ့ ေမလ (၁၃) ရက္ကေန ၾသဂုတ္လ (၁) ရက္ေန႔အထိ စာရင္းဇယားအရ (၂) ဦး ရွိပါတယ္။ အဓိက ကေတာ့ တုပ္ေကြးေရာဂါသယ္ေဆာင္ႏိုင္တဲ့ျခင္ အပါအဝင္ ျခင္ေတြေပါက္ဖြားမႈ ေလ်ာ့က် ေစဖို႔အတြက္ ေနအိမ္တိုင္းမွာ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းကို လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္" ဟု ၿမိဳ႕နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာန (လားရိႈး)မွ ဌာနမွဴး ေဒါက္တာေအးႏိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားႏွင့္ ၿမိဳ႕ေပၚ ရပ္ကြက္ႀကီး (၁၂) ခုမွ အေျခခံပညာ သင္ေက်ာင္းမ်ားတြင္လည္း တုပ္ေကြးေရာဂါႏွင့္ပတ္သက္သည့္ အသိပညာေပးေဟာေျပာမႈမ်ား၊ ဖံုး၊သြန္၊လဲ၊စစ္ လုပ္ငန္းမ်ား၊ အဘိတ္ေဆး ခပ္ျခင္း လုပ္ငန္းမ်ားႏွင့္ အသိပညာေပး ဆိုင္းဘုတ္မ်ား ကပ္ထားျခင္းတို႔ကို ၂၀၁၉ ခုႏွစ္၊ ေမလမွစတင္၍ ပံုမွန္လုပ္ေဆာင္ေပးလွ်က္ရွိေၾကာင္း သိရသည္။

လားရိႈးတြင္ ၿမိဳ႕ေပၚရပ္ကြက္ႀကီး (၁၂) ခုႏွင့္ ေက်းရြာေပါင္း ( ၅၂၃) ခုရွိကာ လူဦးေရ စုစုေပါင္း (၃၂၁,၅၀၀ ) ေက်ာ္ရွိသည့္ အတြက္ ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ပတ္သက္၍ အသိပညာရရွိမႈ လံုေလာက္ျခင္းမရွိေသးဘဲ ေရာဂါျဖစ္ပြားမႈေလ်ာ့က်ေစရန္အတြက္ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားကို ေနအိမ္တိုင္းတြင္ လုပ္ေဆာင္ရန္ အဓိက လိုအပ္ေၾကာင္း ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တိုက္တြန္းသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရက်ပေါင်း (၈၀)အတွင်း လားရှိုးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၉၂)ဦးရှိခဲ့ပြီး (၂)ဦး သေဆုံးသွား၍ နေအိမ်တိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

"တုပ်ကွေးသံသယရှိသူမပါဘဲ တုပ်ကွေးဖြစ်ပွားမှု စစ်ဆေးတွေ့ရှိတဲ့အချက်တွေအရဆိုရင် လားရှိုးမြို့ပေါ် ရပ်ကွက်ကြီး (၁၂) ခုနဲ့ မြို့နယ်အတွင်းက ကျေးရွာတွေ အပါအဝင် တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း (၉၂) ဦး ရှိပါတယ်။ သေဆုံးသူကတော့ မေလ (၁၃) ရက်ကနေ သြဂုတ်လ (၁) ရက်နေ့အထိ စာရင်းဇယားအရ (၂) ဦး ရှိပါတယ်။ အဓိက ကတော့ တုပ်ကွေးရောဂါသယ်ဆောင်နိုင်တဲ့ခြင် အပါအဝင် ခြင်တွေပေါက်ဖွားမှု လျော့ကျ စေဖို့အတွက် နေအိမ်တိုင်းမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (လားရှိုး)မှ ဌာနမှူး ဒေါက်တာအေးနိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်ကြီး (၁၂) ခုမှ အခြေခံပညာ သင်ကျောင်းများတွင်လည်း တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောမှုများ၊ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ၊ အဘိတ်ဆေး ခပ်ခြင်း လုပ်ငန်းများနှင့် အသိပညာပေး ဆိုင်းဘုတ်များ ကပ်ထားခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ ပုံမှန်လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

လားရှိုးတွင် မြို့ပေါ်ရပ်ကွက်ကြီး (၁၂) ခုနှင့် ကျေးရွာပေါင်း ( ၅၂၃) ခုရှိကာ လူဦးရေ စုစုပေါင်း (၃၂၁,၅၀၀ ) ကျော်ရှိသည့် အတွက် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာရရှိမှု လုံလောက်ခြင်းမရှိသေးဘဲ ရောဂါဖြစ်ပွားမှုလျော့ကျစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို နေအိမ်တိုင်းတွင် လုပ်ဆောင်ရန် အဓိက လိုအပ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net