တာချီလိတ်ရှိ ဆေးရုံဟောင်းရှေ့တွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများ ပါဝင်သည့် စုပေါင်းအဖွဲ့မှ မွန်ပြည်နယ်အတွက် အလှူငွေကောက်ခံရာ ပထမနေ့တွင် ငွေကျပ်(၇၅)သိန်းကျော် ရရှိ

တာချီလိတ်ရှိ ဆေးရုံဟောင်းရှေ့တွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများ ပါဝင်သည့် စုပေါင်းအဖွဲ့မှ မွန်ပြည်နယ်အတွက် အလှူငွေကောက်ခံရာ ပထမနေ့တွင် ငွေကျပ်(၇၅)သိန်းကျော် ရရှိ
သွဂုတျ 16, 2019
By Tachileik News Agency

မွန်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခြင်းကြောင့် သဘာဝဘေးသင့်ပြည်သူများအား ကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band ၊  Mizzima Crew နှင့် Smile Music   အဖွဲ့တို့၏  ရန်ပုံငွေရှာဖွေရေး ပထမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က စုစုပေါင်း ကျပ်(၁,၄၁၉,၃၅၀)နှင့် ဘတ် (၁၃၅,၅၈၀)အပြင် ယွမ်ငွေ (၂၀)ရရှိရာ ကျပ်ဖြင့် တွက်သော်  စုစုပေါင်း ကျပ် (၇၅)သိန်းကျော် ရရှိသည်။




ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် အလှူခံသည့် ပထမနေ့တွင် သီးခြားအနေဖြင့် ထိုင်းထီလက်မှတ်နှစ်စောင်လည်း အလှူလက်ခံရရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ သြဂုတ်လ (၁၃)ရက်အတွင်း မြို့နယ်ပေါင်း (၈)မြို့နယ်၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနေကြကြောင်း နှင့် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦ၊ လမ်းတံတားများ ဆုံးရှုံးကာ စပါးစိုက်ဧကများ၊ ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှုများဖြစ်ပွားခြင်းကြောင့် သဘာဝဘေးသင့်ပြည်သူများအား ကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band၊ Mizzima Crew နှင့် Smile Music အဖွဲ့တို့၏ ရန်ပုံငွေရှာဖွေရေး ပထမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က စုစုပေါင်း ကျပ်(၁,၄၁၉,၃၅၀)နှင့် ဘတ် (၁၃၅,၅၈၀)အပြင် ယွမ်ငွေ (၂၀)ရရှိရာ ကျပ်ဖြင့် တွက်သော် စုစုပေါင်း ကျပ် (၇၅)သိန်းကျော် ရရှိသည်။

ဒေသတွင်းမှ Bboy နှင့် Zumba အဖွဲ့များ၊ ဂီတအဖွဲ့များဖြင့် ရန်ပုံငွေရှာဖွေရေးကို ၂၀၁၉ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့အထိ နေ့စဉ် ညနေ(၅)နာရီမှ ည (၉)နာရီအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း နှင့် နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီအထိလည်း ဖျော်ဖြေမှုမပါဘဲ အလှူခံသွားမည်ဖြစ်ကြောင်း သိရသည်။

(၃)ရက်တိုင်တိုင် ကောက်ခံရရှိမည့် အလှူငွေများထဲမှ ပွဲစီစဉ်ရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များကို နုတ်ယူသုံးစွဲခြင်းမပြုလုပ်ဘဲ အလုံးစုံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဒီပွဲနဲ့ပတ်သက်ပြီး အထွေထွေကုန်ကျစရိတ်တွေ၊ ပါဝင်သူတွေကို ကျွေးမွေးဧည့်ခံ ကုန်ကျစရိတ်တွေ၊ နောက်ဆုံး လျှပ်စစ်မီး အသုံးပြုခက အစပေါ့ အခုလို ကောက်ခံရရှိတဲ့ အလှူငွေထဲကနေ ထုတ်ယူသုံးစွဲသွားမှာ မဟုတ်ပါဘူး၊ အဲ့ဒီကုန်ကျမှုတွေကို ကျွန်တော့်အနေနဲ့ တစ်ဦးတည်းကပဲ ကုန်ကျခံလှူဒါန်းပေးသွားမှာပါ၊ ကျွန်တော်တို့တွေ (၃)ရက်တိုင်တိုင် စုပေါင်းကောက်ခံရရှိလာမဲ့ ငွေတွေအားလုံးကို မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် အလုံးစုံ လှူဒါန်းပေးသွားမှာပါ၊ မည်သူမဆို လာရောက်လှူဒါန်းကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်၊ ပထမနေ့မှာ လာရောက်လှူဒါန်းပေးကြသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေခင်ဗျာ။"ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ အဖွဲ့မှ ဦးစိုင်းဂျွန်ရီ က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် အလှူခံသည့် ပထမနေ့တွင် သီးခြားအနဖြေင့် ထိုင်းထီလက်မှတ်နှစ်စောင်လည်း အလှူလက်ခံရရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ သြဂုတ်လ (၁၃)ရက်အတွင်း မြို့နယ်ပေါင်း (၈)မြို့နယ်၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနကြေကြောင်း နှင့် မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှု၊ မြပြေိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦ၊ လမ်းတံတားများ ဆုံးရှုံးကာ စပါးစိုက်ဧကများ၊ ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net