တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္း ေျမယာေလ်ာ္ေၾကးႏွင့္ ပတ္သက္၍ (၁၉၆)ဦးအနက္ သေဘာမတူသူ (၉၁)ဦးက်န္ရိွေန

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္း ေျမယာေလ်ာ္ေၾကးႏွင့္ ပတ္သက္၍ (၁၉၆)ဦးအနက္ သေဘာမတူသူ (၉၁)ဦးက်န္ရိွေန
သြဂုတ် 6, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမယာသိမ္းဆည္းခံရသူမ်ားမွ ေျမယာေလ်ာ္ေၾကးယူရန္က်န္ရိွသည့္ (၁၁၅)ဦးအနက္ (၂၄)ဦးက ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ေျမယာေလ်ာ္ေၾကးလက္ခံရန္ သေဘာတူလက္မွတ္ေရးထိုးလာ၍ သေဘာတူရန္ (၉၁)ဦး က်န္ရွိေနေသးေၾကာင္း သိရသည္။

“ဒီေန႔မွာ ေျမယာေလ်ာ္ေၾကးလက္ခံထားၿပီးသူမ်ားကို ေျမယာေလ်ာ္ေၾကး၊ သီးႏွံေလ်ာ္ေၾကးေပးအပ္တဲ့ အခမ္းအနားမွာ က်န္တဲ့သေဘာ မတူေသးတဲ့သူ (၁၀၀)ေက်ာ္ထဲက (၂၄)ဦးက လက္ခံသေဘာတူ လက္မွတ္ေရးထုိးထားပါၿပီ။ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း ေျပာထားပါတယ္။ က်န္တဲ့သူေတြထဲက ေလ်ာ္ေၾကးေငြလက္ခံမယ္ဆိုတာနဲ႔ အခုလက္မွတ္ထုိးတဲ့သူေတြနဲ႔အတူ ေနာက္တစ္ပတ္ထဲမွာ ေလ်ာ္ေၾကးေငြေတြ ေပးအပ္သြားဖုိ႔ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမယာသိမး္ဆည္းခံရသူမ်ားအနက္ ေျမယာေလ်ာ္ေၾကးအားလက္ခံသေဘာတူထားသည့္ လယ္ယာေျမႏွင့္အိမ္ၿခံေျမပိုင္ရွင္ (  ၈၁ )ဦးအား ရန္ေအာင္ေျမရပ္ကြက္ရိွ ပါလွ်ံဘုန္းေတာ္ႀကီးေက်ာင္း၌ ဖိတ္ၾကားၿပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနမွ ေျမယာေလ်ာ္ေၾကး၊ သီးႏွံေလ်ာ္ေၾကး (၂၉၅,၇၇၀,၀၀၀)ကို ၾသဂုတ္လ (၆)ရက္ေန႔က ေပးအပ္ျခင္းျဖစ္သည္။

ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရာတြင္ လမ္းနယ္ႏွင့္ ပါ၀င္သည့္ လယ္ယာေျမႏွင့္ အိမ္ၿခံေျမ   ပိုင္ရွင္(၁၉၆)ဦးအနက္ ေဆခမ္းရပ္ကြက္အတြင္းမွ (၅၇)ဦး ႏွင့္ ရန္ေအာင္ေျမရပ္ကြက္အတြင္းမွ (၂၄)ဦးတို႔အား  ေျမယာေလ်ာ္ေၾကးႏွင့္ သီးႏွံေလ်ာ္ေၾကးေပးအပ္ရာ လန-၃၉ က်ၿပီးသည့္ အိမ္ၿခံေျမ(၄၀x၆၀)တစ္ကြက္လွ်င္ က်ပ္သိန္း(၁၉၀)ႏွင့္ လန-၃၉ က်ၿပီးသည့္ လယ္ယာဥယ်ာဥ္ၿခံေျမ ႏွင့္ ေျမလြတ္ေျမရိုင္းမ်ားအား တစ္ဧကလွ်င္ က်ပ္သိန္း(၁၉၀)ႏႈန္းျဖင့္ စုစုေပါင္း (၂၉၅,၇၇၀,ဝ၀ဝ)က်ပ္အား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၆)ရက္ေန႔ နံနက္ပိုင္းက  ေပးအပ္ျခင္း ျဖစ္သည္။

အဆုိပါေပးအပ္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္း၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ အာခါတုိင္းရင္းသားေရးရာဝန္ႀကီး ဦးအာေဗလ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္တို႔လည္း တက္ေရာက္ၾကသည္။

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂)အနီးမွေန၍ မယ္ဆုိင္ေခ်ာင္းတေလွ်ာက္ မိုင္းဖုန္းေက်းရြာအုပ္စုရိွ စက္မႈဇုန္ႏွင့္ ဝမ္ပံုျဖတ္လမ္း ဦးထြန္းေအာင္ဂိတ္အထိ ေဖာက္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းအတွက် မြေယာသိမ်းဆည်းခံရသူများမှ မြေယာလျော်ကြေးယူရန်ကျန်ရှိသည့် (၁၁၅)ဦးအနက် (၂၄)ဦးက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် မြေယာလျော်ကြေးလက်ခံရန် သဘောတူလက်မှတ်ရေးထိုးလာ၍ သဘောတူရန် (၉၁)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

“ဒီနေ့မှာ မြေယာလျော်ကြေးလက်ခံထားပြီးသူများကို မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးအပ်တဲ့ အခမ်းအနားမှာ ကျန်တဲ့သဘော မတူသေးတဲ့သူ (၁၀၀)ကျော်ထဲက (၂၄)ဦးက လက်ခံသဘောတူ လက်မှတ်ရေးထိုးထားပါပြီ။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း ပြောထားပါတယ်။ ကျန်တဲ့သူတွေထဲက လျော်ကြေးငွေလက်ခံမယ်ဆိုတာနဲ့ အခုလက်မှတ်ထိုးတဲ့သူတွေနဲ့အတူ နောက်တစ်ပတ်ထဲမှာ လျော်ကြေးငွေတွေ ပေးအပ်သွားဖို့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာသိမး်ဆည်းခံရသူများအနက် မြေယာလျော်ကြေးအားလက်ခံသဘောတူထားသည့် လယ်ယာမြေနှင့်အိမ်ခြံမြေပိုင်ရှင် ( ၈၁ )ဦးအား ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံဘုန်းတော်ကြီးကျောင်း၌ ဖိတ်ကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး (၂၉၅,၇၇၀,ဝဝဝ)ကို သြဂုတ်လ (၆)ရက်နေ့က ပေးအပ်ခြင်းဖြစ်သည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်နှင့် ပါဝင်သည့် လယ်ယာမြေနှင့် အိမ်ခြံမြေ ပိုင်ရှင်(၁၉၆)ဦးအနက် ဆေခမ်းရပ်ကွက်အတွင်းမှ (၅၇)ဦး နှင့် ရန်အောင်မြေရပ်ကွက်အတွင်းမှ (၂၄)ဦးတို့အား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရာ လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၁၉၀)နှင့် လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေ နှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် စုစုပေါင်း (၂၉၅,၇၇၀,ဝဝဝ)ကျပ်အား ၂၀၁၉ခုနှစ် သြဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့လည်း တက်ရောက်ကြသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net