မွန်နှင့် ကရင်ပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ တာချီလိတ်မှ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်

မွန်နှင့် ကရင်ပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ တာချီလိတ်မှ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်
သွဂုတျ 11, 2019
By Tachileik News Agency

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက စတင်ဖြစ်ပွားသည့် ရေကြီး မြေပြိုမှုများကြောင့် သဘာဝဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နှင့် တာချီလိတ်မှ စေတနာရှင်များ၏  စုပေါင်းလှူဒါန်းမှုဖြင့် ရှမ်ပြည်နယ်(အရှေ့ပိုင်း) အရပ်ဘက်လူမှုရေးအဖွဲ့စည်းများကွန်ရက်(CSO)က သွားရောက် ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့ နောက်ဆုံးထားကာ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


လက်ဝယ်အရောက် သွားရောက် ထောက်ပံ့လှူဒါန်းမည့် ခရီးစဉ်တွင် စုပေါင်းပါဝင်လှူဒါန်းကြမည့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ကျိုင်းတုံ နှင့် တာလေမြို့တို့မှ ပါဝင်ကြမည့်အပြင် လာအိုနိုင်ငံရောက် စေတနာရှင်များအဖွဲ့ အပါအ၀င် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ နှင့် မယ်ဆိုင်မြို့တို့မှလည်း ပါဝင်ကြမည်ဖြစ်ကြောင်းသိရသည်။

တာချီလိတ်တွင် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ပါလျှံ(၁)သာသနာ့ဝေပုလ္လအလိုတော်ပြည့် ဘုန်းကြီးကျောင်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက် ဆိုင်ခန်းတန်းရှိ ကောင်းဆက်လင်း (ဗီဒီယို/ဓါတ်ပုံ)ဆိုင်တို့တွင်လည်း လာရောက်လှူဒါန်းနိုင်သည့်အပြင် ဖုန်းဖြင့် ဆက်သွယ်လိုသူများအနေဖြင့် ဒေါ်သန်းသန်းဌေး(  095242232 )၊ ဦးသိန်းထွန်း ( 095240590 ) ၊ မအိသန္တာအောင် ( 09428218987 ) နှင့် ကိုခိုင် ( 09250839940 )တို့၏ ဖုန်းများသို့လည်း ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ် ၊ မုဒုံမြို့နယ် ၊ ကျိုက်မရောမြို့နယ် ၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မိုးရေချိန်များပြားပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည့်အပြင် ရေကြီး၍လမ်းများပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ တောင်ပြိုခြင်းကြောင့် တောင်ခြေရှိကျေးရွာများမှ လူနေအိမ်များ နစ်မြုပ်သွားသဖြင့် (၃)ရက်မြောက်နေ့အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့တွင် ဆက်လက်လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း ရေကြီးနစ်မြုပ်သည့်နေရာများမှ မိသားစုများကို ရေလွတ်ရာသို့ရွှေ့ပြောင်းပေးကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက စတင်ဖြစ်ပွားသည့် ရကြေီး မြပြေိုမှုများကြောင့် သဘာဝဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နှင့် တာချီလိတ်မှ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရှမ်ပြည်နယ်(အရှေ့ပိုင်း) အရပ်ဘက်လူမှုရေးအဖွဲ့စည်းများကွန်ရက်(CSO)က သွားရောက် ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့ နောက်ဆုံးထားကာ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

"အသင်းတွေအားလုံးကိုတော့ (၂၀)ရက်နေ့ နောက်ဆုံးလို့ ပြောထားပါတယ်၊ မိုင်းဆတ်တို့၊ ကျိုင်းတုံတို့ မိုင်းပျဉ်းတို့ သူတို့တွေ အားလုံးပါဝင်မှာဆိုတော့ အလှူခံဖို့ တစ်ပတ်အချိန်ပေးထားတာ၊ (၂၀)ကျော်မှပဲ သွားဖြစ်မှာပါ၊ (၁၀)ရက်နေ့ ကစပြီး (၂၀)ရက်နေ့အထိ အလှူခံသွားမှာပါ၊"ဟု ရှမ်ပြည်နယ်(အရှေ့ပိုင်း) အရပ်ဘက်လူမှုရေးအဖွဲ့စည်းများကွန်ရက်(CSO) အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ဝယ်အရောက် သွားရောက် ထောက်ပံ့လှူဒါန်းမည့် ခရီးစဉ်တွင် စုပေါင်းပါဝင်လှူဒါန်းကြမည့် လူမှုရေးအသင်းအဖွဲ့များအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ကျိုင်းတုံ နှင့် တာလမြေို့တို့မှ ပါဝင်ကြမည့်အပြင် လာအိုနိုင်ငံရောက် စေတနာရှင်များအဖွဲ့ အပါအဝင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ နှင့် မယ်ဆိုင်မြို့တို့မှလည်း ပါဝင်ကြမည်ဖြစ်ကြောင်းသိရသည်။

တာချီလိတ်တွင် ပါဝင်လှူဒါန်းလိုသူများ အနဖြေင့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ပါလျှံ(၁)သာသနော့ဝပုလ္လအလိုတော်ပြည့် ဘုန်းကြီးကျောင်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက် ဆိုင်ခန်းတန်းရှိ ကောင်းဆက်လင်း (ဗီဒီယို/ဓာတ်ပုံ)ဆိုင်တို့တွင်လည်း လာရောက်လှူဒါန်းနိုင်သည့်အပြင် ဖုန်းဖြင့် ဆက်သွယ်လိုသူများအနဖြေင့် ဒေါ်သန်းသန်းဌေး( 095242232 )၊ ဦးသိန်းထွန်း ( 095240590 )၊ မအိသန္တာအောင် ( 09428218987 ) နှင့် ကိုခိုင် ( 09250839940 )တို့၏ ဖုန်းများသို့လည်း ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မိုးရေချိန်များပြားပြီး ရကြေီးနစ်မြုပ်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည့်အပြင် ရကြေီး၍လမ်းများပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ တောင်ပြိုခြင်းကြောင့် တောင်ခြေရှိကျေးရွာများမှ လူနေအိမ်များ နစ်မြုပ်သွားသဖြင့် (၃)ရက်မြောက်နေ့အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့တွင် ဆက်လက်လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း ရကြေီးနစ်မြုပ်သည့်နေရာများမှ မိသားစုများကို ရေလွတ်ရာသို့ရွှေ့ပြောင်းပေးကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ချောင်​းဆုံ ပြန်​/ဆက်၊ Myo Myo၊ ကျိုက်​မ​ရော/မုဒုံ သတင်​းစုံ၊ Aung naing win၊ Ye Min(AAC)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net