တာခ်ီလိတ္တြင္ ဓါးဒဏ္ရာ (၇)ခ်က္ျဖင့္ သတ္ခံရသည့္ အမ်ဳိးသားမွာ တရုတ္ႏိုင္ငံသားျဖစ္ေန

တာခ်ီလိတ္တြင္ ဓါးဒဏ္ရာ (၇)ခ်က္ျဖင့္ သတ္ခံရသည့္ အမ်ဳိးသားမွာ တရုတ္ႏိုင္ငံသားျဖစ္ေန
သြဂုတ် 4, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာႏွင့္ (၂)မိုင္၀န္းက်င္ကြာေ၀းသည့္ ေတာလမ္းတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃)ရက္ေန႔က အသတ္ခံထားရသည့္ အမ်ိဳးသားမွာ တာခ်ီလိတ္တြင္ ဗီဇာျဖင့္ေနထုိင္ေနသည့္ တရုတ္ႏုိင္ငံသားျဖစ္ေၾကာင္း သိရၿပီး လူသတ္မႈက်ဴးလြန္သူကိုဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕က ေဖၚထုတ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီမွာ ဗီဇာနဲ႔ ေနေနတဲ့ တရုတ္ႏုိင္ငံသားပါ။ ေနတာ (၃)ႏွစ္ေလာက္ရိွၿပီ။ အမႈကေတာ့ စံုစမ္းေဖၚထုတ္ဆဲပါ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ (၄)ရက္ေန႔တြင္  အတည္ျပဳေျပာၾကားသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာႏွင့္ ႏွစ္မုိင္ခန္႔အကြာ ေတာလမ္းတြင္ အသတ္ခံထားရသည့္ အမ်ိဳးသားအေလာင္းကို ေတြ႔ရေၾကာင္းသတင္းအရ ၾသဂုတ္လ(၃)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ ရဲတပ္ဖြဲ႕ကသြားေရာက္စစ္ေဆးရာ ဝမ္လံုးရြာမွ ေရႊသာေလ်ာင္းဘုန္းႀကီးေက်ာင္းလမ္း ရာဘာၿခံေဘးတြင္ ဓါးဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူအား လည္ပင္း၊ ေမးေစ့၊ ဘယ္ဖက္ရွိ ပါးျပင္ ႏွင့္ ခ်ဳိင္းေအာက္၊ တံေတာင္ဆစ္ အျပင္ လက္မတို႔တြင္ ဓါးဒဏ္ရာ(၇)ခ်က္ရရွိကာ ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရွိရျခင္းျဖစ္ၿပီး ဇူလိုင္လ(၄)ရက္ေန႔တြင္ စံုစမ္းသိရွိခ်က္အရ ေသဆံုးသူသည္ အသက္(၄၅)ႏွစ္ရွိ တရုတ္ႏုိင္ငံသား ၀မ္လီရွင္းျဖစ္ေနေၾကာင္း သိရသည္။

အဆိုပါလူသတ္မႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၄၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္ေၾကာင္းသိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာနှင့် (၂)မိုင်ဝန်းကျင်ကွောဝးသည့် တောလမ်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့က အသတ်ခံထားရသည့် အမျိုးသားမှာ တာချီလိတ်တွင် ဗီဇာဖြင့်နေထိုင်နေသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်း သိရပြီး လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီမှာ ဗီဇာနဲ့ နေနေတဲ့ တရုတ်နိုင်ငံသားပါ။ နေတာ (၃)နှစ်လောက်ရှိပြီ။ အမှုကတော့ စုံစမ်းဖော်ထုတ်ဆဲပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၄)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ တောလမ်းတွင် အသတ်ခံထားရသည့် အမျိုးသားအလောင်းကို တွေ့ရကြောင်းသတင်းအရ သြဂုတ်လ(၃)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ ဝမ်လုံးရွာမှ ရွှေသာလျောင်းဘုန်းကြီးကျောင်းလမ်း ရာဘာခြံဘေးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား လည်ပင်း၊ မေးစေ့၊ ဘယ်ဖက်ရှိ ပါးပြင် နှင့် ချိုင်းအောက်၊ တံတောင်ဆစ် အပြင် လက်မတို့တွင် ဓားဒဏ်ရာ(၇)ချက်ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ဇူလိုင်လ(၄)ရက်နေ့တွင် စုံစမ်းသိရှိချက်အရ သေဆုံးသူသည် အသက်(၄၅)နှစ်ရှိ တရုတ်နိုင်ငံသား ဝမ်လီရှင်းဖြစ်နေကြောင်း သိရသည်။

အဆိုပါလူသတ်မှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်ကြောင်းသိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net