Writen by
Tachileik News Agency
11:10:00 PM
-
0
Comments
၂၀၁၉ခုနှစ်အတွင်း သီတင်ကျွတ်ပိတ်ရက် နှင့် တန်ဆောင်တိုင်ပိတ်ရက်တို့မှာ စနေ၊တနင်္ဂနွေရုံးပိတ်ရက်နှင့် ထပ်တူကျနေသည့်အတွက် အများပြည်သူအလုပ်ပိတ်ရက် စုစုပေါင်း (၃)ရက်ကို အစားထိုးပိတ်ရက်များထပ်တိုးပေးလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄/၂၀၁၉)ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားရာတွင် သီတင်းကျွတ်ပိတ်ရက် (၂)ရက်နှင့် တန်ဆောင်တိုင်ပိတ်ရက် (၁)ရက်တို့မှာ စနေ၊ တနင်္ဂနွေအလုပ်ပိတ်ရက်များဖြင့် တိုက်ဆိုင်နေ၍ ပိတ်ရက် နစ်နာဆုံးရှုံးမှု မဖြစ်စေရန် ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွင် ကျရောက်သည့် သီတင်းကျွတ်ရုံးပိတ်ရက် (၂)ရက်နှင့် တနင်္ဂနွေနေ့တွင်ကျရောက်နေသည့် တန်ဆောင်တိုင်ရုံးပိတ်ရက် (၁)ရက်တို့ကို အများပြည်သူရုံးပိတ်ရက်နစ်နာမှုမရှိစေရေးအတွက် သီတင်းကျွတ်ရုံးပိတ်ရက်ကာလကို အောက်တိုဘာလ (၁၁)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ လည်းကောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်ကို နိုဝင်ဘာလ (၉)ရက်နေ့မှ နိုဝင်ဘာလ (၁၂)ရက်နေ့အထိလည်းကောင်း သတ်မှတ်လိုက်ကြောင်း သိရသည်။
Tachileik News Agency
၂၀၁၉ခုနှစ်အတွင်း သီတင်ကျွတ်ပိတ်ရက် နှင့် တန်ဆောင်တိုင်ပိတ်ရက်တို့မှာ စနေ၊တနင်္ဂေနွရုံးပိတ်ရက်နှင့် ထပ်တူကျနေသည့်အတွက် အများပြည်သူအလုပ်ပိတ်ရက် စုစုပေါင်း (၃)ရက်ကို အစားထိုးပိတ်ရက်များထပ်တိုးပေးလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄/၂၀၁၉)ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည်။
မြန်မာနို်င်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားရာတွင် သီတင်းကျွတ်ပိတ်ရက် (၂)ရက်နှင့် တန်ဆောင်တိုင်ပိတ်ရက် (၁)ရက်တို့မှာ စနေ၊ တနင်္ဂေနွအလုပ်ပိတ်ရက်များဖြင့် တိုက်ဆိုင်နေ၍ ပိတ်ရက် နစ်နာဆုံးရှုံးမှု မဖြစ်စေရန် ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ စနေ၊ တနင်္ဂေနွရုံးပိတ်ရက်တွင် ကျရောက်သည့် သီတင်းကျွတ်ရုံးပိတ်ရက် (၂)ရက်နှင့် တနင်္ဂေနွနေ့တွင်ကျရောက်နေသည့် တန်ဆောင်တိုင်ရုံးပိတ်ရက် (၁)ရက်တို့ကို အများပြည်သူရုံးပိတ်ရက်နစ်နာမှုမရှိစေရေးအတွက် သီတင်းကျွတ်ရုံးပိတ်ရက်ကာလကို အောက်တိုဘာလ (၁၁)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ လည်းကောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်ကို နိုဝင်ဘာလ (၉)ရက်နေ့မှ နိုဝင်ဘာလ (၁၂)ရက်နေ့အထိလည်းကောင်း သတ်မှတ်လိုက်ကြောင်း သိရသည်။

No comments
Post a Comment
Note: Only a member of this blog may post a comment.