ဘင်္ဂလီ(၄)ဦးအား ပို့ဆောင်ခရယူကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာသူများကို ဘင်္ဂလီများနှင့်အတူ ဂွမြို့နယ်အတွင်း ဖမ်းဆီးရမိ
ဘင်္ဂလီ(၄)ဦးအား ပို့ဆောင်ခရယူကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာသူများကို ဘင်္ဂလီများနှင့်အတူ ဂွမြို့နယ်အတွင်း ဖမ်းဆီးရမိ
သွဂုတျ 7, 2019
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများမှ နိုင်ငံသားမဟုတ်သူ (၄)ဦးအား တရားမဝင်ပို့ဆောင်ခ (၁)ဦးလျှင် ကျပ်နှစ်သိန်းခွဲရယူပြီး ဆိုင်ကယ်ဖြင့်ခေါ်ဆောင်လာသူ (၄)ဦးကို ဂွမြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ နံနက် (၉)နာရီအချိန်က ဖမ်းမိကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများမှ အသက်(၂၀)အရွယ် ဟူဆောန်ဂျူဟာရ်၊ အသက် (၁၅)နှစ်အရွယ် မဒီဖူရစ်၊ အသက် (၁၃)နှစ်အရွယ် မကုန်ဆူမာနှင့် အသက် (၁၄)နှစ်အရွယ် မရှော်ဟိရာဘေဂွင်တို့အား တစ်ဦးလျှင် ကျပ်(၂)သိန်းခွဲနှုန်းဖြင့် တရားမဝင် ခေါ်ဆောင်လာပေးသူ အသက်(၂၀)အရွယ် ရဝေအောင်၊ အသက် (၃၃)နှစ်အရွယ် ဆန်းဦး၊ အသက် (၂၆)နှစ်အရွယ် ဖြိုးဝေမောင်နှင့် အသက်(၃၆)နှစ်အရွယ် ချိုတူး(ခ)ဖိုးချိုတို့အား ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်တို့ ဦးစီးသည့်အဖွဲ့က ဂွမြို့နယ်အတွင်း ငါးသိုင်းချောင်း - ဂွကားလမ်းတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလီ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၁)ဦးတို့အား ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ သီတာကုန်းပြင်သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံသားမဟုတ်သူများကို တရားမဝင်ခေါ်ဆောင်လာသူ (၄)ဦးအား ဂွမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆/၃၇၀ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် ဘင်္ဂလီများအား လဝကဥပဒေဖြင့် အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - MK
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရခိုင်ပြည်နယ် စစ်တွမြေို့ရှိ ဒုက္ခသည်စခန်းများမှ နိုင်ငံသားမဟုတ်သူ (၄)ဦးအား တရားမဝင်ပို့ဆောင်ခ (၁)ဦးလျှင် ကျပ်နှစ်သိန်းခွဲရယူပြီး ဆိုင်ကယ်ဖြင့်ခေါ်ဆောင်လာသူ (၄)ဦးကို ဂွမြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ နံနက် (၉)နာရီအချိန်က ဖမ်းမိကြောင်း သိရသည်။
“ ဒီမနက်က ဖမ်းဆီးရမိတာပါ။ ဒီအမှုနဲ့ ဆက်စပ်တဲ့သူတွေကိုလည်း ထပ်ပြီးဖော်ထုတ်နေပါတယ်”ဟု ဂွမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခို်င်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စစ်တွမြေို့ရှိ ဒုက္ခသည်စခန်းများမှ အသက်(၂၀)အရွယ် ဟူဆောန်ဂျူဟာရ်၊ အသက် (၁၅)နှစ်အရွယ် မဒီဖူရစ်၊ အသက် (၁၃)နှစ်အရွယ် မကုန်ဆူမာနှင့် အသက် (၁၄)နှစ်အရွယ် မရှော်ဟိရာဘေဂွင်တို့အား တစ်ဦးလျှင် ကျပ်(၂)သိန်းခွဲနှုန်းဖြင့် တရားမဝင် ခေါ်ဆောင်လာပေးသူ အသက်(၂၀)အရွယ် ရဝေအောင်၊ အသက် (၃၃)နှစ်အရွယ် ဆန်းဦး၊ အသက် (၂၆)နှစ်အရွယ် ဖြိုးဝေမောင်နှင့် အသက်(၃၆)နှစ်အရွယ် ချိုတူး(ခ)ဖိုးချိုတို့အား ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်တို့ ဦးစီးသည့်အဖွဲ့က ဂွမြို့နယ်အတွင်း ငါးသို်င်းချောင်း - ဂွကားလမ်းတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလီ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၁)ဦးတို့အား ရကြေည်မြို့နယ်၊ ငါးသို်င်းချောင်းမြို့ သီတာကုန်းပြင်သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံသားမဟုတ်သူများကို တရားမဝင်ခေါ်ဆောင်လာသူ (၄)ဦးအား ဂွမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆/၃၇၀ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် ဘင်္ဂလီများအား လဝကဥပဒဖြေင့် အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - MK
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net