မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)၏ (၉)ႀကိမ္ေျမာက္ အာခါရိုးရာဒန္းစီးပြဲေတာ္၏ ဖြင့္ပြဲက်င္းပ

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)၏ (၉)ႀကိမ္ေျမာက္ အာခါရိုးရာဒန္းစီးပြဲေတာ္၏ ဖြင့္ပြဲက်င္းပ
သြဂုတ် 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚအုပ္စု၊ အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)တြင္ (၉)ႀကိမ္ေျမာက္ အာခါရိုးရာ မိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္၏ ဖြင့္ပြဲအား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၂)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္းမွ အာခါတိုင္းရင္းသားမ်ားအျပင္ တရုတ္၊ လာအို ႏွင့္ ထိုင္းႏိုင္ငံတို႔မွ အာခါတိုင္းရင္းသားမ်ားလည္း လာေရာက္ဆင္ႏႊဲေၾကာင္း သိရသည္။

ဒန္းစီးပြဲအား စတင္ရာတြင္ အာခါတုိင္းရင္းသား ရပ္မိရပ္ဖျဖစ္သူ ဦးအားေဆာ္က ဒန္းေတာ္အား ဂုဏ္ျပဳရြတ္ဆို စီးနင္းျခင္း၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္၊  ရွမ္းျပည္နယ္ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ဒုျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးမင္းေအာင္ အပါအ၀င္ စစ္ဘက္ အရပ္ဘက္မွ အႀကီးအကဲမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ကာ   ဒန္းေတာ္အား မဂၤလာျပဳစီးနင္းျခင္းမ်ား ျပဳလုပ္ၾကသည္။

ဒန္းစီးျခင္းမဂၤလာၿပီးသည့္ ေနာက္တြင္  အခမ္းအနားအား ဆက္လက္က်င္းပျပဳလုပ္ရာ  ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္၊  ရွမ္းျပည္နယ္ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္တို႔က အမိန္႔ခြန္းႏွင့္ အဖြင့္အမွာစကား ေျပာၾကားၿပီး၊ တရုတ္ႏုိင္ငံမွ တက္ေရာက္လာသည့္ ေဖာ္ေလာ္ဖီစာ ဦးဘိုင္ဘီဘိုက ႏႈတ္ခြန္းဆက္စကားေျပာၾကားကာ  ရြာ၏သမိုင္းေၾကာင္း ႏွင့္ ဒန္းစီးပြဲေတာ္အေၾကာင္းအား ရြာသားတစ္ဦးျဖစ္သူ အားေမာ္က ရွင္းလင္းေျပာၾကားၿပီးေနာက္ အာခါရိုးရာယဥ္ေက်းမႈထိန္းသိမ္းေရးအႀကီးအကဲတစ္ဦးျဖစ္သူ ဦးမင္းညိဳက ေက်းဇူးတင္စကား ေျပာၾကားသည္။

ဒန္းစီးပြဲေတာ္သည္ အာခါတိုင္းရင္းသားတို႔၏ အာခါရိုးရာ မိရိုးဖလာပြဲတစ္ခုျဖစ္သည့္အျပင္ ျမင့္ျမတ္သည့္ ပြဲေတာ္တစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။

"ဒန္းစီးပြဲေတာ္ က်င္းပရျခင္းဆိုတာက ဒီအခ်ိန္ ဒီကာလေရာက္တိုင္း ကိုယ့္ရြာမွာ က်င္းပေလ့ရွိပါတယ္၊ ဒီေန႔ ဒီခ်ိန္ခါမွာေတာ့ျဖင့္ မိမိရဲ႕ ရိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းမယ္၊ ေဖာ္ထုတ္မယ္၊ ၿပီးေတာ့ ဖြံ႔ၿဖဳိးေအာင္ လုပ္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ထဲမွာ ဒီဒန္းပြဲေတာ္လည္း တစ္ခု အပါအ၀င္ ျဖစ္ပါတယ္၊ ဒီလိုပါ၀င္လာတဲ့အတြက္ ကြ်န္ေတာ္တို႔ရဲ႕ ျမင့္ျမတ္တဲ့ ပြဲေတာ္တစ္ခုကို စုေပါင္းၿပီး စုေပါင္းဒန္းစီးပြဲေတာ္အျဖစ္ ေဖာ္ေဆာင္ႏုိင္ေအာင္ တစ္ဖက္တစ္လမ္းကေန ဒီ အူးဖူေဒ့အာခါရြာကို ေရြးခ်ယ္လိုက္တာျဖစ္ပါတယ္၊ ဒီကေန႔ ၂၀၁၉ခုႏွစ္အထိ (၉)ႀကိမ္ေျမာက္ ေဆာင္ရြက္ႏိုင္ျခင္း ျဖစ္ပါတယ္"ဟု အာခါရိုးရာယဥ္ေက်းမႈထိန္းသိမ္းေရးအႀကီးအကဲ ဦးမင္းညိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စုေပါင္းဒန္းစီးပြဲ က်င္းသည့္အခါတြင္ ရပ္နီးရပ္ေ၀းမွ ဧည့္သည္မ်ားသည္ ညအိပ္ညေနလာေရာက္ေလ့ရွိၿပီး ပြဲေတာ္ကာလအတြင္း ေန႔ညမေရြး လာသမွ် ဧည့္သည္မ်ားကို အေကြ်းအေမြးမ်ားျဖင့္ ဧည့္ခံေလ့ရွိရာ ပြဲေတာ္က်င္းပတိုင္းတြင္ ထိုင္းဘတ္ေငြ သိန္း(၂၀)ေက်ာ္အထိ ကုန္က်ေလ့ရွိေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဒန္းစီးပြဲနဲ႔ ပတ္သက္ၿပီးေတာ့ အခုေတာ့ (၉)ႀကိမ္ျဖစ္သြားၿပီေပါ့ေနာ္၊ ကြ်န္ေတာ္တို႔ လာမဲ့(၁၀)ႀကိမ္ေျမာက္လည္း ကြ်န္ေတာ္တို႔ အတတ္ႏုိင္ဆံုး ျဖစ္ႏုိင္ေအာင္ ႀကိဳးစားသြားမယ္လို႔ စိတ္ထဲမွာရွိပါတယ္၊ (၁၀)ႀကိမ္ေျမာက္ကိုလည္း ကြ်န္ေတာ္တို႔ ရြာမွာပဲ က်င္းပခ်င္ပါတယ္"ဟု ပြဲစီစဥ္က်င္းပသူ ဦးအာမဲက ေျပာသည္။

အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)၏ (၉)ႀကိမ္ေျမာက္ စုေပါင္းဒန္းစီးပြဲေတာ္အား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၀)ရက္ေန႔က စတင္ကာ ၾသဂုတ္လ(၂၃)ရက္ေန႔အထိ ရြာလည္ရွိ ခန္းမတြင္ က်င္းပျပဳလုပ္ေနလ်က္ရွိသည္။

ဒန္းစီးျခင္း ႏွင့္ ပတ္သက္၍ အာခါတုိင္းရင္းသားတို႔၏ ႏွစ္စဥ္ က်င္းပေလ့ရိွသည့္ ဒန္းစီးပြဲေတာ္တြင္ မ်ိဳးႏြယ္စုတစ္ခုစီက ဒန္းအတြက္ တုိင္တစ္တုိင္စီ ခုတ္ယူေပးၾကၿပီး စည္းလံုးျခင္း အဓိပၸါယ္ျဖင့္ အလယ္တြင္ ခ်ည္ထားသည့္ ႀကိဳးကိုလႊဲ၍ ဒန္းစီးနင္းၾကျခင္းျဖစ္ေၾကာင္း ႏွင့္ ဒန္းစီးပြဲေတာ္တြင္ ေက်းရြာအုပ္ခ်ဳပ္သူက မိုးနတ္မင္း၊ ေျမနတ္မင္းႏွင့္ ေရနတ္မင္းတုိ႔ကို တိုင္တည္ၿပီး ေဒသလူထုအတြက္ ဆုမြန္ေျခြၿပီး စတင္စီးနင္းၿပီးေနာက္ အျခားသူမ်ားက စီးနင္းၾကျခင္းျဖစ္ကာ ဒန္းစီးပြဲေတာ္တြင္ လူငယ္လူရြယ္မ်ားက အစြမ္းျပသည့္အေနျဖင့္ ဒန္းကို အျမင့္ဆံုးစီးႏုိင္ရန္ အားထုတ္ၾကေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း ၊ ေနမ်ဳိးသူရ၊ သီဟ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)တွင် (၉)ကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာစုပေါင်းဒန်းစီးပွဲတော်၏ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ အာခါတိုင်းရင်းသားများအပြင် တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံတို့မှ အာခါတိုင်းရင်းသားများလည်း လာရောက်ဆင်နွှဲကြောင်း သိရသည်။

ဒန်းစီးပွဲအား စတင်ရာတွင် အာခါတိုင်းရင်းသား ရပ်မိရပ်ဖဖြစ်သူ ဦးအားဆော်က ဒန်းတော်အား ဂုဏ်ပြုရွတ်ဆို စီးနင်းခြင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင် အပါအဝင် စစ်ဘက် အရပ်ဘက်မှ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကာ ဒန်းတော်အား မင်္ဂလာပြုစီးနင်းခြင်းများ ပြုလုပ်ကြသည်။

ဒန်းစီးခြင်းမင်္ဂလာပြီးသည့် နောက်တွင် အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်တို့က အမိန့်ခွန်းနှင့် အဖွင့်အမှာစကား ပြောကြားပြီး၊ တရုတ်နိုင်ငံမှ တက်ရောက်လာသည့် ဖော်လော်ဖီစာ ဦးဘိုင်ဘီဘိုက နှုတ်ခွန်းဆက်စကားပြောကြားကာ ရွာ၏သမိုင်းကြောင်း နှင့် ဒန်းစီးပွဲတော်အကြောင်းအား ရွာသားတစ်ဦးဖြစ်သူ အားမော်က ရှင်းလင်းပြောကြားပြီးနောက် အာခါရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအကြီးအကဲတစ်ဦးဖြစ်သူ ဦးမင်းညိုက ကျေးဇူးတင်စကား ပြောကြားသည်။

ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ အာခါရိုးရာ မိရိုးဖလာပွဲတစ်ခုဖြစ်သည့်အပြင် မြင့်မြတ်သည့် ပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

"ဒန်းစီးပွဲတော် ကျင်းပရခြင်းဆိုတာက ဒီအချိန် ဒီကာလရောက်တိုင်း ကိုယ့်ရွာမှာ ကျင်းပလေ့ရှိပါတယ်၊ ဒီနေ့ ဒီချိန်ခါမှာတော့ဖြင့် မိမိရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမယ်၊ ဖော်ထုတ်မယ်၊ ပြီးတော့ ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထဲမှာ ဒီဒန်းပွဲတော်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်၊ ဒီလိုပါဝင်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ ပွဲတော်တစ်ခုကို စုပေါင်းပြီး စုပေါင်းဒန်းစီးပွဲတော်အဖြစ် ဖော်ဆောင်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ ဒီ အူးဖူဒေ့အာခါရွာကို ရွေးချယ်လိုက်တာဖြစ်ပါတယ်၊ ဒီကနေ့ ၂၀၁၉ခုနှစ်အထိ (၉)ကြိမ်မြောက် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်"ဟု အာခါရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအကြီးအကဲ ဦးမင်းညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စုပေါင်းဒန်းစီးပွဲ ကျင်းသည့်အခါတွင် ရပ်နီးရပေ်ဝးမှ ဧည့်သည်များသည် ညအိပ်ညနေလာရောက်လေ့ရှိပြီး ပွဲတော်ကာလအတွင်း နေ့ညမရွေး လာသမျှ ဧည့်သည်များကို အကျွေးအမွေးများဖြင့် ဧည့်ခံလေ့ရှိရာ ပွဲတော်ကျင်းပတိုင်းတွင် ထိုင်းဘတ်ငွေ သိန်း(၂၀)ကျော်အထိ ကုန်ကျလေ့ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒန်းစီးပွဲနဲ့ ပတ်သက်ပြီးတော့ အခုတော့ (၉)ကြိမ်ဖြစ်သွားပြီပေါ့နော်၊ ကျွန်တော်တို့ လာမဲ့(၁၀)ကြိမ်မြောက်လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြစ်နိုင်အောင် ကြိုးစားသွားမယ်လို့ စိတ်ထဲမှာရှိပါတယ်၊ (၁၀)ကြိမ်မြောက်ကိုလည်း ကျွန်တော်တို့ ရွာမှာပဲ ကျင်းပချင်ပါတယ်"ဟု ပွဲစီစဉ်ကျင်းပသူ ဦးအာမဲက ပြောသည်။

အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)၏ (၉)ကြိမ်မြောက် စုပေါင်းဒန်းစီးပွဲတော်အား ၂၀၁၉ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့က စတင်ကာ သြဂုတ်လ(၂၃)ရက်နေ့အထိ ရွာလည်ရှိ ခန်းမတွင် ကျင်းပပြုလုပ်နေလျက်ရှိသည်။

ဒန်းစီးခြင်း နှင့် ပတ်သက်၍ အာခါတိုင်းရင်းသားတို့၏ နှစ်စဉ် ကျင်းပလေ့ရှိသည့် ဒန်းစီးပွဲတော်တွင် မျိုးနွယ်စုတစ်ခုစီက ဒန်းအတွက် တိုင်တစ်တိုင်စီ ခုတ်ယူပေးကြပြီး စည်းလုံးခြင်း အဓိပ္ပါယ်ဖြင့် အလယ်တွင် ချည်ထားသည့် ကြိုးကိုလွှဲ၍ ဒန်းစီးနင်းကြခြင်းဖြစ်ကြောင်း နှင့် ဒန်းစီးပွဲတော်တွင် ကျေးရွာအုပ်ချုပ်သူက မိုးနတ်မင်း၊ မြေနတ်မင်းနှင့် ရေနတ်မင်းတို့ကို တိုင်တည်ပြီး ဒေသလူထုအတွက် ဆုမွန်ခြွပြေီး စတင်စီးနင်းပြီးနောက် အခြားသူများက စီးနင်းကြခြင်းဖြစ်ကာ ဒန်းစီးပွဲတော်တွင် လူငယ်လူရွယ်များက အစွမ်းပြသည့်အနဖြေင့် ဒန်းကို အမြင့်ဆုံးစီးနိုင်ရန် အားထုတ်ကြလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း၊ နေမျိုးသူရ၊ သီဟ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net