ဆာေလာင္ေနသည့္ ကေလးတစ္ဦး၏ ဖုန္းဆက္အကူအညီေတာင္းမႈေၾကာင့္ ရဲတပ္ဖြဲ႕က ပီဇာဝယ္ပို႔ေပးရ

ဆာေလာင္ေနသည့္ ကေလးတစ္ဦး၏ ဖုန္းဆက္အကူအညီေတာင္းမႈေၾကာင့္ ရဲတပ္ဖြဲ႕က ပီဇာဝယ္ပို႔ေပးရ
သြဂုတ် 9, 2019
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ ဆန္းဖို႔ဒ္တြင္ 911 သို႔ ကေလးတစ္ဦးက ဖုန္းေခၚၿပီး ဆာေလာင္ေနသျဖင့္ ပီဇာဝယ္ေပးရန္ အကူအညီေတာင္းခံလာေၾကာင္း ရဲတပ္ဖြဲ႕၏ facebook page တြင္ ေဖၚျပထားသည္။

ကေလးတစ္ဦးထံမွ 911 ကိုဆက္သြယ္လာသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္ရာ ၎မွာဆာေလာင္ေနသျဖင့္ ပီဇာမွာလိုေၾကာင္း အဆိုပါကေလးငယ္က ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးက ဖုန္းအားယူသြားၿပီး 911 သို႔ေခၚသည္ကို သတိမထားမိဘဲျဖစ္သြားရျခင္းျဖစ္သည္ဟု အဆိုပါကေလး၏ အစ္မျဖစ္သူက ရဲတပ္ဖဲြ႕ထံ ေျပာၾကားခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားက ပီဇာဝယ္ၿပီး ပို႔ေပးခဲ့သည့္အျပင္ 911 ကို မည္သည့္အခ်ိန္တြင္ မည္သို႔အသံုးျပဳရမည္ကို ကေလးငယ္အား သင္ၾကားေပးခဲ့ၾကေၾကာင္း သိရသည္။

အေမရိကန္ျပည္ေထာင္စုတြင္ အေရးေပၚအကူအညီလိုအပ္သူမ်ားအေနျဖင့္ 911 ကို ဆက္သြယ္အကူအညီေတာင္းပါက အနီးဆံုးရဲတပ္ဖြဲ႕ဝင္မ်ားက အျမန္ဆံုးလာေရာက္ေပးျခင္းျဖစ္သည္။

Tachileik News Agency
Ref; Sanford Police Department


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ဆန်းဖို့ဒ်တွင် 911 သို့ ကလေးတစ်ဦးက ဖုန်းခေါ်ပြီး ဆာလောင်နေသဖြင့် ပီဇာဝယ်ပေးရန် အကူအညီတောင်းခံလာကြောင်း ရဲတပ်ဖွဲ့၏ facebook page တွင် ဖော်ပြထားသည်။

ကလေးတစ်ဦးထံမှ 911 ကိုဆက်သွယ်လာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ရာ၎င်းမှာဆာလောင်နေသဖြင့် ပီဇာမှာလိုကြောင်း အဆိုပါကလေးငယ်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးက ဖုန်းအားယူသွားပြီး 911 သို့ခေါ်သည်ကို သတိမထားမိဘဲဖြစ်သွားရခြင်းဖြစ်သည်ဟု အဆိုပါကလေး၏ အစ်မဖြစ်သူက ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ပီဇာဝယ်ပြီး ပို့ပေးခဲ့သည့်အပြင် 911 ကို မည်သည့်အချိန်တွင် မည်သို့အသုံးပြုရမည်ကို ကလေးငယ်အား သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အရေးပေါ်အကူအညီလိုအပ်သူများအနဖြေင့် 911 ကို ဆက်သွယ်အကူအညီတောင်းပါက အနီးဆုံးရဲတပ်ဖွဲ့ဝင်များက အမြန်ဆုံးလာရောက်ပေးခြင်းဖြစ်သည်။

Tachileik News Agency
Ref; Sanford Police Department

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net