မေကြးၿမိဳ႕ အေဝးေျပးကားကြင္းအနီးရိွ စားေသာက္ဆိုင္မွ ေစ်းပိုယူသည္ဟု facebook တြင္ မမွန္မကန္ ေရးသား တင္ခဲ့သည္ဆိုကာ ၆၆(ဃ)ျဖင့္ အမႈဖြင့္

မေကြးၿမိဳ႕ အေဝးေျပးကားကြင္းအနီးရိွ စားေသာက္ဆိုင္မွ ေစ်းပိုယူသည္ဟု facebook တြင္ မမွန္မကန္ ေရးသား တင္ခဲ့သည္ဆိုကာ ၆၆(ဃ)ျဖင့္ အမႈဖြင့္
သြဂုတ် 8, 2019
By Tachileik News Agency

မေကြးၿမိဳ႕ အေဝးေျပးကားကြင္းအနီးရိွ စားေသာက္ဆိုင္မွ ေစ်းပိုယူသည္ဟု Facebook တြင္ တင္ခဲ့သူအား စားေသာက္ဆုိင္ပိုင္ရွင္က ဆက္သြယ္ေရးဥပေဒပုဒ္မျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၈) ရက္ေန႔က အမႈဖြင့္လုိက္ေၾကာင္းသိရသည္။

“ၾသဂုတ္လ(၄)ရက္ေန႔က  ရင္ထဲကမေကြး Group မွာ Nay Chit Paing ဆိုတဲ့ အေကာင့္ကေနၿပီးေတာ့ ကားႀကီးကြင္းအေနာက္ဘက္ ထြက္ေပါက္နဲ႔ကပ္လွ်က္က ေရႊနန္းေတာ္တည္းခိုခန္းနဲ႔ တဲြဖြင့္ထားတဲ့ဆိုင္က ၾကက္သားေၾကာ္တစ္ပဲြကို က်ပ္ (၄၅၀၀) ေပးရတယ္။ မနက္စာ ထမင္းေၾကာ္တစ္ပဲြကို (၅၀၀) ေပးရတယ္။ ဟင္းခ်ိဳ တစ္ပဲြကို (၂၀၀၀) ေပးရတယ္။ မေကြးကားႀကီးကြင္းကိုေရာက္ရင္ ကၽြန္ေတာ္လိုမ်ိဳး မခံရဖို႔ဆိုၿပီး တင္လာတယ္။ ကၽြန္မ စားေသာက္ဆိုင္(၄)ဆိုင္ဖြင့္ထားတာမွာ စားေသာက္ဖြယ္ရာေတြရဲ႕ ေစ်းႏွဳန္းေတြကို ဗီႏိုင္းေတြနဲ႔ ျမင္သာေအာင္ခ်ိတ္ျပထားပါတယ္။ တကယ္တမ္း ဆိုင္ဝန္ထမ္းက အဲဒီလိုေတာင္းတယ္ဆိုရင္ ဆိုင္ရွင္ကို ေျပာဖို႔ဝတၱရားရိွပါတယ္။ ၿပီးေတာ့ စားသံုးသူအခြင့္အေရးဆိုင္ရာ ဌာနလည္းရိွေနတာပဲ အဲဒီမွာတိုင္ရင္ ကၽြန္မတို႔ေျဖရွင္းမွာေပါ့။ အခုလို Facebook လူမႈကြန္ယက္မွာတင္လိုက္ေတာ့ ကၽြန္မတို႔ အေနနဲ႔ အရမ္း နစ္နာရပါတယ္”  ဟု ေရႊနန္းေတာ္တည္းခိုခန္းႏွင့္တဲြ၍ဖြင့္ထားသည့္ ေရႊနန္းေတာ္စားေသာက္ဆိုင္ ပိုင္ရွင္ ေဒၚေစာႏြယ္ဦး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Facebook လူမႈကြန္ယက္ ရင္ထဲကမေကြး Group Post ၌ Nay Chit Paing Account ျဖင့္ ေရႊနန္းေတာ္စားေသာက္ဆုိင္မွ ေစ်းႀကီးသည္ဟုဆိုကာ ေရးသားထားျခင္းမွာ မမွန္ကန္ဘဲေရးသားျခင္းျဖစ္သည္ဟုဆိုကာ ဆိုင္ပိုင္ရွင္ ေဒၚေစာႏြယ္ဦးက အမႈဖြင့္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါတုိင္တန္းမႈအား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ (ပ)၅၄၅/ ၂၀၁၉၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း  - ဖီးနစ္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့ အဝေးပြေးကားကွင်းအနီးရှိ စားသောက်ဆိုင်မှ ဈေးပိုယူသည်ဟု Facebook တွင် တင်ခဲ့သူအား စားသောက်ဆိုင်ပိုင်ရှင်က ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့က အမှုဖွင့်လိုက်ကြောင်းသိရသည်။

“သြဂုတ်လ(၄)ရက်နေ့က ရင်ထဲကမကွေး Group မှာ Nay Chit Paing ဆိုတဲ့ အကောင့်ကနပြေီးတော့ ကားကြီးကွင်းအနောက်ဘက် ထွက်ပေါက်နဲ့ကပ်လျှက်က ရွှေနန်းတော်တည်းခိုခန်းနဲ့ တွဲဖွင့်ထားတဲ့ဆိုင်က ကြက်သားကြော်တစ်ပွဲကို ကျပ် (၄၅၀၀) ပေးရတယ်။ မနက်စာ ထမင်းကြော်တစ်ပွဲကို (၅၀၀) ပေးရတယ်။ ဟင်းချို တစ်ပွဲကို (၂၀၀၀) ပေးရတယ်။ မကွေးကားကြီးကွင်းကိုရောက်ရင် ကျွန်တော်လိုမျိုး မခံရဖို့ဆိုပြီး တင်လာတယ်။ ကျွန်မ စားသောက်ဆိုင်(၄)ဆိုင်ဖွင့်ထားတာမှာ စားသောက်ဖွယ်ရာတွေရဲ့ ဈေးနှုန်းတွေကို ဗီနိုင်းတွေနဲ့ မြင်သာအောင်ချိတ်ပြထားပါတယ်။ တကယ်တမ်း ဆိုင်ဝန်ထမ်းက အဲဒီလိုတောင်းတယ်ဆိုရင် ဆိုင်ရှင်ကို ပြောဖို့ဝတ္တရားရှိပါတယ်။ ပြီးတော့ စားသုံးသူအခွင့်အရေးဆိုင်ရာ ဌာနလည်းရှိနေတာပဲ အဲဒီမှာတိုင်ရင် ကျွန်မတို့ဖြေရှင်းမှာပေါ့။ အခုလို Facebook လူမှုကွန်ယက်မှာတင်လိုက်တော့ ကျွန်မတို့ အနေနဲ့ အရမ်း နစ်နာရပါတယ်” ဟု ရွှေနန်းတော်တည်းခိုခန်းနှင့်တွဲ၍ဖွင့်ထားသည့် ရွှေနန်းတော်စားသောက်ဆိုင် ပိုင်ရှင် ဒေါ်စောနွယ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Facebook လူမှုကွန်ယက် ရင်ထဲကမကွေး Group Post၌ Nay Chit Paing Account ဖြင့် ရွှေနန်းတော်စားသောက်ဆိုင်မှ ဈေးကြီးသည်ဟုဆိုကာ ရေးသားထားခြင်းမှာ မမှန်ကန်ဘဲရေးသားခြင်းဖြစ်သည်ဟုဆိုကာ ဆိုင်ပိုင်ရှင် ဒေါ်စောနွယ်ဦးက အမှုဖွင့်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုင်တန်းမှုအား မကွေးမြို့ နယ်မြေရဲစခန်းမှ (ပ)၅၄၅/ ၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net