တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းရှေ့တွင် ၀ါသနာရှင် လူငယ်များမှ ကပြ သီဆိုဖျော်ဖြေကာ မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေမည်၍ မည်သူမဆို လာရောက်လှူဒါန်းနိုင်

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းရှေ့တွင် ၀ါသနာရှင် လူငယ်များမှ ကပြ သီဆိုဖျော်ဖြေကာ မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေမည်၍ မည်သူမဆို လာရောက်လှူဒါန်းနိုင်
သွဂုတျ 15, 2019
By Tachileik News Agency

မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှုများဖြစ်ပွားနေသည့် မွန်ပြည်နယ်တွင်းမှ သဘာဝဘေးသင့်ပြည်သူများအား ကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band ၊  Mizzima Crew နှင့် Smile Music  အဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် ကပြသီဆိုဖျော်ဖြေမှုများနှင့် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်ပြည်နယ်တွင်းမှ ရေဘေးသင့်ပြည်သူများအား ဒေသအသီးသီးမှ ပြည်သူများက လူသားချင်းစာနာမှုအကူအညီများပေးပို့နေကြရာ တာချီလိတ်မြို့မှပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ရန်ပုံငွေလာရောက်ထည့်သွင်း ကူညီနိုင်မည်ဖြစ်သည်။


၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနေကြကြောင်း နှင့် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦ၊ လမ်းတံတားများ ဆုံးရှုံးကာ စပါးစိုက်ဧကများ၊ ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှုများဖြစ်ပွားနေသည့် မွန်ပြည်နယ်တွင်းမှ သဘာဝဘေးသင့်ပြည်သူများအား ကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band၊ Mizzima Crew နှင့် Smile Music အဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် ကပြသီဆိုဖျော်ဖြေမှုများနှင့် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

 ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် သတ်မှတ်ရက်၏ နေ့စဉ် ညနေ (၅)နာရီမှ ည(၉)နာရီအထိ လူငယ်အကအဖွဲ့များ၊ ဖျော်ဖြေမှုများဖြင့် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်သည်။

မွန်ပြည်နယ်တွင်းမှ ရေဘေးသင့်ပြည်သူများအား ဒေသအသီးသီးမှ ပြည်သူများက လူသားချင်းစာနာမှုအကူအညီများပေးပို့နကြေရာ တာချီလိတ်မြို့မှပြည်သူများအနဖြေင့်လည်း ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ရန်ပုံငွေလာရောက်ထည့်သွင်း ကူညီနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ သြဂုတ်လ (၁၃)ရက်အတွင်း မြို့နယ်ပေါင်း (၈)မြို့နယ်၌

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနကြေကြောင်း နှင့် မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှု၊ မြပြေိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦ၊ လမ်းတံတားများ ဆုံးရှုံးကာ စပါးစိုက်ဧကများ၊ ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net