တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္းတြင္ ၾသဂုတ္လ(၁၆)ရက္ေန႔ နံနက္ပိုင္း မိနစ္သံုးဆယ္အၾကာ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္မည္

တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္းတြင္ ၾသဂုတ္လ(၁၆)ရက္ေန႔ နံနက္ပိုင္း မိနစ္သံုးဆယ္အၾကာ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္မည္
သြဂုတ် 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္းအပိုင္းတြင္ ပါဝါလုိင္းႀကိဳးႏွင့္မလြတ္သည့္ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္းမည္ျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွစ၍ မယ္ေခါင္ရပ္ကြက္အထိ လွ်ပ္စစ္ဓါတ္အား နာရီဝက္ၾကာ ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္း ႏွင့္ မီးလင္းေရးရံုးအပိုင္းျဖစ္သည့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုမွ  ပုန္းထြန္ရပ္ကြက္၊ တာေလာ့ရပ္ကြက္၊ ဝမ္ေကာင္းရပ္ကြက္၊ မကာဟိုခမ္းရပ္ကြက္၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ မယ္ေခါင္ရပ္ကြက္ အပါအ၀င္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အထိ လွ်ပ္စစ္ဓါတ္အားကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၆)ရက္ေန႔ နံနက္ (၉)နာရီမွ နံနက္(၉)နာရီခြဲအထိ မိနစ္(၃၀)အၾကား လွ်ပ္စစ္မီးျဖတ္ေတာက္၍ လုပ္ငန္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

"မနက္ျဖန္ နာရီ၀က္ပဲ မီးျဖတ္မွာ၊ ေဆးရံုေဟာင္းေရွ႕က ေနရာမွာ မိုးရြာေလတိုက္ရင္ သစ္ကိုင္းက မီးႀကိဳးနဲ႔ထိရင္ ေရွာ့ျဖစ္ႏိုင္လို႔ လုပ္မွာ၊ ဆန္ဆိုင္းဘက္မွာ ေၾကြသီးလဲဖို႔လည္းရွိတယ္ တၿပိဳင္နက္တည္းလုပ္မွာ"ဟု ၿမိဳ႕မီးလင္းေရးရံုးမွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက ေျပာသည္။

မီးျဖတ္ေတာက္ထားစဥ္ တာခ်ီလိတ္ၿမိဳ႕တြင္း အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕ 400KVA ထရန္စေဖာ္မာ 400V လိုင္းႀကိဳး မလြတ္ကင္းေသာ သစ္ပင္ခုတ္ျခင္း၊ ျပည္သူ႔ေဆးရံုေဟာင္းေရွ႕ 22KV ပါ၀ါလိုင္းႏွင့္ မလြတ္ကင္းေသာ သစ္ပင္ခုတ္ျခင္းႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီး ျမတ္ေလးလမ္းဆံု (ၾကက္လွ်ာစြန္း)ရိွ 22KV ပါ၀ါလိုင္း DROP-OUT PHASE(A)ႏွင့္(C)ေၾကြအထိုင္အက္ကြဲေနျခင္းကို အသစ္အစားထိုးလဲလွယ္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းအပိုင်းတွင် ပါဝါလိုင်းကြိုးနှင့်မလွတ်သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် အမှတ်(၁)ချစ်ကြည်ရေးတံတားမှစ၍ မယ်ခေါင်ရပ်ကွက်အထိ လျှပ်စစ်ဓာတ်အား နာရီဝက်ကြာ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းပိုင်း နှင့် မီးလင်းရေးရုံးအပိုင်းဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုမှ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် အပါအဝင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)အထိ လျှပ်စစ်ဓာတ်အားကို ၂၀၁၉ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့ နံနက် (၉)နာရီမှ နံနက်(၉)နာရီခွဲအထိ မိနစ်(၃၀)အကြား လျှပ်စစ်မီးဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

"မနက်ဖြန် နာရီဝက်ပဲ မီးဖြတ်မှာ၊ ဆေးရုံဟောင်းရှေ့က နေရာမှာ မိုးရွာလေတိုက်ရင် သစ်ကိုင်းက မီးကြိုးနဲ့ထိရင် ရှော့ဖြစ်နိုင်လို့ လုပ်မှာ၊ ဆန်ဆိုင်းဘက်မှာ ကြွေသီးလဲဖို့လည်းရှိတယ် တပြိုင်နက်တည်းလုပ်မှာ"ဟု မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက ပြောသည်။

မီးဖြတ်တောက်ထားစဉ် တာချီလိတ်မြို့တွင်း အထက(တာချီလိတ်)ကျောင်းရှေ့ 400KVA ထရန်စဖော်မာ 400V လိုင်းကြိုး မလွတ်ကင်းသော သစ်ပင်ခုတ်ခြင်း၊ ပြည်သူ့ဆေးရုံဟောင်းရှေ့ 22KV ပါဝါလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်ခုတ်ခြင်းနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး မြတ်လေးလမ်းဆုံ (ကြက်လျှာစွန်း)ရှိ 22KV ပါဝါလိုင်း DROP-OUT PHASE(A)နှင့်(C)ကြွေအထိုင်အက်ကွဲနခြေင်းကို အသစ်အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net