ဆယ္စုႏွစ္သံုးခုေက်ာ္ရပ္နားထားသည့္ ဂ်ပန္ေဝလငါးဖမ္းလုပ္ငန္း ျပန္လည္စတင္

ဆယ္စုႏွစ္သံုးခုေက်ာ္ရပ္နားထားသည့္ ဂ်ပန္ေဝလငါးဖမ္းလုပ္ငန္း ျပန္လည္စတင္
ဇူလိုင် 1, 2019
By 🌸
ဂ်ပန္ႏုိင္ငံက ႏုိင္ငံတကာေဝလငါးဖမ္းဆီးျခင္းဆုိင္ရာေကာ္မရွင္မွ ႏႈတ္ထြက္ရန္ဆံုးျဖတ္လုိက္ၿပီးေနာက္ ဂ်ပန္ငါးဖမ္းလုပ္ငန္းမ်ားက ဆယ္စုႏွစ္(၃)ခုေက်ာ္ရပ္နားခဲ့သည့္ ေဝလငါးဖမ္းလုပ္ငန္းကို ျပန္လည္လုပ္ကိုင္ၾကရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။

ဂ်ပန္ႏုိင္ငံ၏ ႏွစ္ေပါင္းရွည္ၾကာတည္ရိွခဲ့သည့္ အစဥ္အလာတစ္ခုျဖစ္သည့္ ေဝလငါးဖမ္းလုပ္ငန္း ျပန္လည္လုပ္ကိုင္ျခင္းကို ႀကိဳဆိုသူမ်ားရိွသကဲ့သို႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားမ်ားႏွင့္ ေဝလငါးဖမ္းျခင္းကို ဆန္႔က်င္သည့္ႏုိင္ငံမ်ားက ေဝဖန္မႈမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

ႏုိင္ငံတကာေဝလငါးဖမ္းဆီးျခင္းဆိုင္ရာေကာ္မရွင္၏ စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္ ဂ်ပန္ႏုိင္ငံအေနျဖင့္ ဆံုးျဖတ္ရခက္သည့္အေျခအေနမ်ားႀကံဳခဲ့ရၿပီးေနာက္ ေကာ္မရွင္မွႏႈတ္ထြက္ရန္ လြန္ခဲ့သည့္ႏွစ္က ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

ဂ်ပန္ေဝလငါးဖမ္းသေဘၤာမ်ားသည္ ႏုိင္ငံေရျပင္တလႊားတြင္ ေဝလငါးဖမ္းလုပ္ငန္းအတြက္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁)ရက္ေန႔တြင္ စတင္ထြက္ခြာၾကမည္ျဖစ္သည္။

ႏုိင္ငံတလႊားမွ ေဝလငါးဖမ္းသေဘၤာငယ္အုပ္စုမ်ားကမူ ဇြန္လ (၃၀)ကတည္းက စတင္ထြက္ခြာၾကၿပီး ေဝလငါးသုေတသနလုပ္ေဆာင္မည့္ သေဘၤာမ်ားကလည္း လုပ္ငန္းစတင္ၾကေတာ့မည္ျဖစ္သည္။

ဂ်ပန္ႏုိင္ငံတြင္ ေဝလငါးဖမ္းလုပ္ငန္းမွာ ရာစုႏွစ္ခ်ီ၍လုပ္ကိုင္လာၾကသည့္ လုပ္ငန္းတစ္ခုျဖစ္ၿပီး ဒုတိယကမၻာစစ္အတြင္းက ပရိုတင္းျဖည့္အဓိက အစားအစာအျဖစ္ အသံုးျပဳခဲ့ၾကျခင္းျဖစ္ေသာ္လည္း လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားတြင္ ေဝလငါးစားသံုးမႈ ေလ်ာ့က်လာေၾကာင္း သိရသည္။

Tachileik News Agency

Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဆယ်စုနှစ်သုံးခုကျော်ရပ်နားထားသည့် ဂျပန်ဝေလငါးဖမ်းလုပ်ငန်း ပြန်လည်စတင်
**********************
ဂျပန်နိုင်ငံက နိုင်ငံတကာဝေလငါးဖမ်းဆီးခြင်းဆိုင်ရာကော်မရှင်မှ နှုတ်ထွက်ရန်ဆုံးဖြတ်လိုက်ပြီးနောက် ဂျပန်ငါးဖမ်းလုပ်ငန်းများက ဆယ်စုနှစ်(၃)ခုကျော်ရပ်နားခဲ့သည့် ဝေလငါးဖမ်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။

ဂျပန်နိုင်ငံ၏ နှစ်ပေါင်းရှည်ကြာတည်ရှိခဲ့သည့် အစဉ်အလာတစ်ခုဖြစ်သည့် ဝေလငါးဖမ်းလုပ်ငန်း ပြန်လည်လုပ်ကိုင်ခြင်းကို ကြိုဆိုသူများရှိသကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် ဝေလငါးဖမ်းခြင်းကို ဆန့်ကျင်သည့်နိုင်ငံများက ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။

နိုင်ငံတကာဝေလငါးဖမ်းဆီးခြင်းဆိုင်ရာကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဆုံးဖြတ်ရခက်သည့်အခြေအနေများကြုံခဲ့ရပြီးနောက် ကော်မရှင်မှနှုတ်ထွက်ရန် လွန်ခဲ့သည့်နှစ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝေလငါးဖမ်းသင်္ဘောများသည် နိုင်ငံရေပြင်တလွှားတွင် ဝေလငါးဖမ်းလုပ်ငန်းအတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ထွက်ခွာကြမည်ဖြစ်သည်။

နိုင်ငံတလွှားမှ ဝေလငါးဖမ်းသင်္ဘောငယ်အုပ်စုများကမူ ဇွန်လ (၃၀)ကတည်းက စတင်ထွက်ခွာကြပြီး ဝေလငါးသုတေသနလုပ်ဆောင်မည့် သင်္ဘောများကလည်း လုပ်ငန်းစတင်ကြတော့မည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ဝေလငါးဖမ်းလုပ်ငန်းမှာ ရာစုနှစ်ချီ၍လုပ်ကိုင်လာကြသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ပရိုတင်းဖြည့်အဓိက အစားအစာအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် ဝေလငါးစားသုံးမှု လျော့ကျလာကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net