အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါကမ္းေျခသို႔ အလည္လာသူ အမ်ဳိးသားတစ္ဦး အသားစားဘက္တီးရီးယားပိုးကူးစက္ခံရကာ (၄၈)နာရီအတြင္း ေသဆံုး

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါကမ္းေျခသို႔ အလည္လာသူ အမ်ဳိးသားတစ္ဦး အသားစားဘက္တီးရီးယားပိုးကူးစက္ခံရကာ (၄၈)နာရီအတြင္း ေသဆံုး
ဇူလိုင် 13, 2019
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါကမ္းေျခသို႔ အလည္အပတ္သြားသည့္အမ်ိဳးသားတစ္ဦး ပြန္းပဲ့ဒဏ္ရာမွတစ္ဆင့္ အသားစားဘက္တီးရီးယားပိုးကူးစက္ခံရကာ (၄၈)နာရီအတြင္း ေသဆံုးသြားသျဖင့္ သတိထားၾကရန္ ၎၏သမီးျဖစ္သူက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားလာသည္။

ေဒ့ဗ္ဘင္းနက္သည္ ဇနီး၊ သမီးျဖစ္သူတို႔ႏွင့္အတူ ဖေလာ္ရီဒါတြင္ အပန္းေျဖခရီးထြက္စဥ္က ပြန္းပဲ့ဒဏ္ရာျဖင့္ ေရထဲဆင္းခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၅)ရက္ေန႔က ကမ္းေျခမွျပန္လာကာ ဇူလုိင္လ (၆)ရက္ေန႔ နံနက္၌ ရုတ္တရက္ဖ်ားလာကာ (၄၈)နာရီအတြင္း ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒ့ဗ္တြင္ Vibrio vulnificus (အသားစားဘက္တီးရီးယား)ပိုးေတြ႔ရေၾကာင္း ဓါတ္ခြဲစမ္းသပ္မႈအရ ေတြ႔ရိွထားသည္ဟု သိရၿပီး အလားတူျဖစ္ရပ္မ်ားလည္းရိွခဲ့သျဖင့္ လူထုအား အဆိုပါဘက္တီးရီးယားႏွင့္ပတ္သက္၍ အသိေပးမႈမ်ား လုပ္ေဆာင္သင့္သည္ဟု ေဒ့ဗ္၏သမီးျဖစ္သူက ဆိုသည္။

ဖေလာ္ရီဒါကမ္းေျခတြင္ ဇြန္လအတြင္းက အသက္ (၇၇)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ေရကူးၿပီးေနာက္ ဘက္တီးရီးယားကူးစက္ခံရၿပီး ေသဆံုးခဲ့ကာ ဇူလုိင္လအတြင္း၌လည္း မာရီလန္းရိွ ပင္လယ္ကမ္းေျခသို႔ အလည္အပတ္သြားခဲ့သည့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦး ဘက္တီးရီးယားကူးစက္ခံရကာ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ အဆိုပါ ဘက္တီးရီးယားေၾကာင့္ တစ္ႏွစ္လွ်င္ လူေပါင္း (၈၀,၀၀၀)ခန္႔ ကူးစက္ခံရၿပီး ဖ်ားနာမႈျဖစ္ပြားကာ လူေပါင္း (၁၀၀)ဝန္းက်င္ ေသဆံုးရေလ့ရိွေၾကာင္း သိရသည္။

အဆိုပါ ဘက္တီးရီးယားမွာ ပင္လယ္စာမ်ားအား အစိမ္းစားျခင္း၊ ေကာင္းမြန္စြာမခ်က္ျပဳတ္ဘဲစားျခင္းႏွင့္ ထိခုိက္ဒဏ္ရာျဖင့္ ပင္လယ္ေရထဲဆင္းကူးရာမွ ကူးစက္ခံရျခင္းျဖစ္ကာ ပူေႏြးသည့္ကာလျဖစ္သည့္ ေမလမွ  ေအာက္တိုဘာလအတြင္း ကူးစက္ခံရမႈမ်ားျပားေၾကာင္း ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနွင့္ ကာကြယ္ေရးဌာန စာရင္းမ်ားအရ သိရသည္။

Tachileik News Agency
Ref; NewYork Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကမ်းခြေသို့ အလည်အပတ်သွားသည့်အမျိုးသားတစ်ဦး ပွန်းပဲ့ဒဏ်ရာမှတစ်ဆင့် အသားစားဘက်တီးရီးယားပိုးကူးစက်ခံရကာ (၄၈)နာရီအတွင်း သေဆုံးသွားသဖြင့် သတိထားကြရန်၎င်း၏သမီးဖြစ်သူက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားလာသည်။

ဒေ့ဗ်ဘင်းနက်သည် ဇနီး၊ သမီးဖြစ်သူတို့နှင့်အတူ ဖလော်ရီဒါတွင် အပန်းဖြေခရီးထွက်စဉ်က ပွန်းပဲ့ဒဏ်ရာဖြင့် ရေထဲဆင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့က ကမ်းခြေမှပြန်လာကာ ဇူလိုင်လ (၆)ရက်နေ့ နံနက်၌ ရုတ်တရက်ဖျားလာကာ (၄၈)နာရီအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေ့ဗ်တွင် Vibrio vulnificus (အသားစားဘက်တီးရီးယား)ပိုးတွေ့ရကြောင်း ဓာတ်ခွဲစမ်းသပ်မှုအရ တွေ့ရှိထားသည်ဟု သိရပြီး အလားတူဖြစ်ရပ်များလည်းရှိခဲ့သဖြင့် လူထုအား အဆိုပါဘက်တီးရီးယားနှင့်ပတ်သက်၍ အသိပေးမှုများ လုပ်ဆောင်သင့်သည်ဟု ဒေ့ဗ်၏သမီးဖြစ်သူက ဆိုသည်။

ဖလော်ရီဒါကမ်းခြေတွင် ဇွန်လအတွင်းက အသက် (၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေကူးပြီးနောက် ဘက်တီးရီးယားကူးစက်ခံရပြီး သေဆုံးခဲ့ကာ ဇူလိုင်လအတွင်း၌လည်း မာရီလန်းရှိ ပင်လယ်ကမ်းခြေသို့ အလည်အပတ်သွားခဲ့သည့် ဆယ်ကျော်သက်လူငယ်တစ်ဦး ဘက်တီးရီးယားကူးစက်ခံရကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အဆိုပါ ဘက်တီးရီးယားကြောင့် တစ်နှစ်လျှင် လူပေါင်း (၈၀,ဝဝဝ)ခန့် ကူးစက်ခံရပြီး ဖျားနာမှုဖြစ်ပွားကာ လူပေါင်း (၁၀၀)ဝန်းကျင် သေဆုံးရလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဘက်တီးရီးယားမှာ ပင်လယ်စာများအား အစိမ်းစားခြင်း၊ ကောင်းမွန်စွာမချက်ပြုတ်ဘဲစားခြင်းနှင့် ထိခိုက်ဒဏ်ရာဖြင့် ပင်လယ်ရေထဲဆင်းကူးရာမှ ကူးစက်ခံရခြင်းဖြစ်ကာ ပူနွေးသည့်ကာလဖြစ်သည့် မေလမှ အောက်တိုဘာလအတွင်း ကူးစက်ခံရမှုများပြားကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန စာရင်းများအရ သိရသည်။

Tachileik News Agency
Ref; NewYork Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net