အာဖရိကဝက္တုပ္ေကြးေရာဂါျဖစ္ပြားေနသည့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ဝက္သားထြက္ပစၥည္းမ်ား တင္ပို႔ျခင္းကို ဖိလစ္ပိုင္ႏုိင္ငံက တတိယေျမာက္ႏုိင္ငံအျဖစ္ ပိတ္ပင္

အာဖရိကဝက္တုပ္ေကြးေရာဂါျဖစ္ပြားေနသည့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ဝက္သားထြက္ပစၥည္းမ်ား တင္ပို႔ျခင္းကို ဖိလစ္ပိုင္ႏုိင္ငံက တတိယေျမာက္ႏုိင္ငံအျဖစ္ ပိတ္ပင္
ဇူလိုင် 4, 2019
By 🌸
ျမန္မာႏွင့္ အိမ္နီးခ်င္းျဖစ္သည့္ လာအိုႏုိင္ငံတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါျဖစ္ပြားေနသျဖင့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ ဝက္သား၊ ဝက္သားထြက္ပစၥည္းမ်ားတင္ပို႔ျခင္းကို ဖိလစ္ပိုင္ႏုိင္ငံက တတိယေျမာက္ႏုိင္ငံအျဖစ္ ပိတ္ပင္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

လာအိုေတာင္ပိုင္းျပည္နယ္တြင္ ဝက္တုပ္ေကြးေရာဂါျဖစ္ပြားေနသျဖင့္ တရုတ္ႏွင့္ ထုိင္းႏုိင္ငံတုိ႔က လာအိုႏုိင္ငံမွ တင္ပို႔မႈကို တားျမစ္ထားသည့္အျပင္ ထုိင္းႏုိင္ငံက လာအိုနယ္စပ္မွ ဝင္လာသူမ်ားကို ဇီဝလံုၿခံဳေရးစစ္ေဆးမႈႏွင့္ ဝက္တုပ္ေကြးေရာဂါထိန္းခ်ဳပ္ေရးအတြက္ အကူအညီမ်ား ေပးေနျခင္းျဖစ္သည္။

ေဒသတြင္း အာဖရိကဝက္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လမွစ၍ တရုတ္ႏုိင္ငံတြင္ စတင္ျဖစ္ပြားရာမွ ႏုိ္င္ငံတဝန္းပ်ံ႕ႏွံ႔လာၿပီး ၂၀၁၉ ခုႏွစ္တြင္ ဗီယက္နမ္ႏုိင္ငံအထိ ပ်ံ႔ႏွံ႔လာျခင္းျဖစ္သည္။

တရုတ္ႏုိင္ငံတြင္ ေနရာေပါင္း (၁၃၇) ေနရာတြင္ ျဖစ္ပြားသည္ဟု တရားဝင္ထုတ္ေဖၚေျပာၾကားေသာ္လည္း ေျမျပင္အေျခအေနမွာ ပိုမိုမ်ားျပားႏုိင္သည္ဟု သိရသည္။
တရုတ္ႏို္င္ငံတြင္ ဝက္ေမြးျမဴေရးလုပ္ငန္းမ်ားမွ ေကာင္ေရထက္ဝက္ခန္႔မွာ အာဖရိကဝက္တုပ္ေကြးေရာဂါေၾကာင့္ ေသဆံုးခဲ့ရသည္ဟု ေမြးျမဴေရးလုပ္ငန္းရွင္မ်ားက ဆိုထားသည္။
ျမန္မာႏုိင္ငံတြင္လည္း တရုတ္ႏုိင္ငံမွ ဝက္ႏွင့္ ဝက္သား၊ ဝက္သားထြက္ပစၥည္းမ်ားတင္ပို႔ျခင္းကို တရုတ္ႏုိင္ငံတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါ စတင္ျဖစ္ပြားကတည္းက ပိတ္ပင္ထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားနေသည့် လာအိုနိုင်ငံမှ ဝက်နှင့်ဝက်သားထွက်ပစ္စည်းများ တင်ပို့ခြင်းကို ဖိလစ်ပိုင်နိုင်ငံက တတိယမြောက်နိုင်ငံအဖြစ် ပိတ်ပင်
****************
မြန်မာနှင့် အိမ်နီးချင်းဖြစ်သည့် လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားနေသဖြင့် လာအိုနိုင်ငံမှ ဝက်နှင့် ဝက်သား၊ ဝက်သားထွက်ပစ္စည်းများတင်ပို့ခြင်းကို ဖိလစ်ပိုင်နိုင်ငံက တတိယမြောက်နိုင်ငံအဖြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လာအိုတောင်ပိုင်းပြည်နယ်တွင် ဝက်တုပ်ကွေးရောဂါဖြစ်ပွားနေသဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လာအိုနိုင်ငံမှ တင်ပို့မှုကို တားမြစ်ထားသည့်အပြင် ထိုင်းနိုင်ငံက လာအိုနယ်စပ်မှ ဝင်လာသူများကို ဇီဝလုံခြုံရေးစစ်ဆေးမှုနှင့် ဝက်တုပ်ကွေးရောဂါထိန်းချုပ်ရေးအတွက် အကူအညီများ ပေးနေခြင်းဖြစ်သည်။

ဒေသတွင်း အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှစ၍ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားရာမှ နို်င်ငံတဝန်းပျံ့နှံ့လာပြီး ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံအထိ ပျံ့နှံ့လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် နေရာပေါင်း (၁၃၇) နေရာတွင် ဖြစ်ပွားသည်ဟု တရားဝင်ထုတ်ဖေါ်ပြောကြားသော်လည်း မြေပြင်အခြေအနေမှာ ပိုမိုများပြားနိုင်သည်ဟု သိရသည်။

တရုတ်နို်င်ငံတွင် ဝက်မွေးမြူရေးလုပ်ငန်းများမှ ကောင်ရေထက်ဝက်ခန့်မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု မွေးမြူရေးလုပ်ငန်းရှင်များက ဆိုထားသည်။

မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံမှ ဝက်နှင့် ဝက်သား၊ ဝက်သားထွက်ပစ္စည်းများတင်ပို့ခြင်းကို တရုတ်နိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net