
ဇူလိုငျ 12, 2019
By 🌸

နိုင်ငံအတွင်းရှိ အမှတ်တံဆိပ် (၂၅)ခုမှ ပုလဲလက်ဖက်ရည်များအား ဈေးကွက်မှဝယ်ယူစမ်းသပ်ခြင်းကို မေလကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ဝယ်ယူစမ်းသပ်ခဲ့သည့် ပုလဲလက်ဖက်ရည်များအားလုံးတွင် သကြားဓါတ်များပြားလွန်းနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းဈေးကွက်တွင် ပုလဲလက်ဖက်ရည်အမှတ်တံဆိပ် ရာနှင့်ချီ၍ရှိနေသည့်အတွက် အမှတ်တံဆိပ်အားလုံးအား စမ်းသပ်နိုင်ခြင်းမရှိသော်လည်း လက်ရှိဈေးကွက်နမူနာယူစမ်းသပ်ထားသည့် ပုလဲလက်ဖက်ရည်များအားလုံးတွင် သကြားဓါတ်အလွန်များပြားနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် ပုလဲလက်ဖက်ရည်များမှာ သကြားဓါတ် အလွန်အမင်းများပြားနေ
************
ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် ပုလဲလက်ဖက်ရည်အများစုတွင် လူတစ်ဦးနေ့စဉ်စားသုံးသင့်သည့် သကြားဓါတ်ထက် အလွန်အမင်းများပြားနေကြောင်း စားသုံးသူရေးရာဖောင်ဒေးရှင်းက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းရှိ အမှတ်တံဆိပ် (၂၅)ခုမှ ပုလဲလက်ဖက်ရည်များအား စျေးကွက်မှဝယ်ယူစမ်းသပ်ခြင်းကို မေလကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ဝယ်ယူစမ်းသပ်ခဲ့သည့် ပုလဲလက်ဖက်ရည်များအားလုံးတွင် သကြားဓါတ်များပြားလွန်းနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သကြားဓါတ်အလွန်အကျွံစားသုံးခြင်းသည် ခန္ဓာကိုယ်ဝဖြိုးခြင်းနှင့် အခြားမလိုလားအပ်သည့် ကျန်းမာရေးပြဿနာများဖြစ်ပွားစေနိုင်ခြင်းဖြစ်သည်။

ထိုင်းစျေးကွက်တွင် ပုလဲလက်ဖက်ရည်အမှတ်တံဆိပ် ရာနှင့်ချီ၍ရှိနေသည့်အတွက် အမှတ်တံဆိပ်အားလုံးအား စမ်းသပ်နိုင်ခြင်းမရှိသော်လည်း လက်ရှိစျေးကွက်နမူနာယူစမ်းသပ်ထားသည့် ပုလဲလက်ဖက်ရည်များအားလုံးတွင် သကြားဓါတ်အလွန်များပြားနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net