ထုိင္းႏုိင္ငံတြင္ ေသေၾကာင္းႀကံစည္မႈျမင့္တက္လာၿပီး တစ္နာရီတုိင္း လူ (၆)ဦးႏႈန္း ေသေၾကာင္းႀကံစည္မႈျဖစ္ပြားေန

ထုိင္းႏုိင္ငံတြင္ ေသေၾကာင္းႀကံစည္မႈျမင့္တက္လာၿပီး တစ္နာရီတုိင္း လူ (၆)ဦးႏႈန္း ေသေၾကာင္းႀကံစည္မႈျဖစ္ပြားေန
ဇူလိုင် 4, 2019
By 🌸
ထုိင္းနို္င္ငံတြင္ ႏွစ္စဥ္ ေသေၾကာင္းႀကံစည္မႈေပါင္း (၅၃၀၀၀)ရိွသျဖင့္ တစ္နာရီလွ်င္ (၆)ဦးႏႈန္း ေသေၾကာင္းႀကံစည္မႈျဖစ္ပြားေနေၾကာင္း စိတ္က်န္းမာေရးဌာနက သတင္းထုတ္ျပန္သည္။

ေသေၾကာင္းႀကံစည္မႈႏႈန္းမွာ ၂၀၁၇ ခုႏွစ္တြင္ တစ္နာရီလွ်င္ ပ်မ္းမွ် (၆.၀၃)ရာခုိင္ႏႈန္းရိွခဲ့ရာမွ ၂၀၁၈ ခုႏွစ္တြင္ တစ္နာရီလွ်င္ ပ်မ္းမွ် (၆.၁၁)ရာခုိင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္းသိရသည္။

အမ်ိဳးသားမ်ား ေသေၾကာင္းႀကံစည္သည့္ႏႈန္းမွာ အမ်ိဳးသမီးမ်ားထက္ ျမင့္မားၿပီး အမ်ိဳးသားအမ်ားစုမွာ အသက္ (၃၅)ႏွစ္မွ (၃၆)ႏွစ္အရြယ္မ်ားျဖစ္ၾကၿပီး အမ်ိဳးသမီးမ်ားမွာ အသက္ (၅၀)မွ (၅၄)ႏွစ္အရြယ္မ်ား ျဖစ္ၾကေၾကာင္း  သိရသည္။

ေသေၾကာင္းႀကံစည္မႈမ်ားမွာ စိတ္က်ျခင္း၊ အိမ္ေထာင္ေရး၊ အခ်စ္ေရးေၾကာင့္ စိတ္ထိခိုက္ျခင္းႏွင့္ ေဆးစြဲ၊ အရက္စြဲမႈတုိ႔ေၾကာင့္ အမ်ားဆံုးျဖစ္ပြားေၾကာင္း သိရသည္။

ေငြေၾကးအခက္အခဲႀကီးႀကီးမားမားႏွင့္ ႀကံဳေတြ႔ရျခင္း၊ ရုတ္တရက္ ဆံုးရံႈးမႈမ်ားႏွင့္ ႀကံဳေတြ႕ရျခင္း၊ အိမ္တြင္းအၾကမ္းဖက္မႈမ်ားႀကံဳရျခင္း၊ နာတာရွည္ေရာဂါခံစားရျခင္းမ်ားကလည္း ေသေၾကာင္းႀကံမႈျဖစ္ပြားေစသည့္ အခ်က္မ်ားျဖစ္သည္ကို ေလ့လာေတြ႔ရိွရေၾကာင္း သိရသည္။

ေသေၾကာင္းႀကံစည္မႈျဖစ္ပြားေစႏို္င္သည့္အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ လူထုအား က်ယ္က်ယ္ျပန္႔ျပန္႔ အသိပညာေပးမႈ လုပ္ေဆာင္ရန္ လိုအပ္ေနၿပီဟု စိတ္က်န္းမာေရးဌာနက သတိေပးထားသည္။

Tachileik News Agency
Ref: Bangkok Post
 
~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် သေကြောင်းကြံစည်မှုမြင့်တက်လာပြီး တစ်နာရီတိုင်း လူ (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေ
****************
ထိုင်းနို်င်ငံတွင် နှစ်စဉ် သေကြောင်းကြံစည်မှုပေါင်း (၅၃၀၀၀)ရှိသဖြင့် တစ်နာရီလျှင် (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေကြောင်း စိတ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။

သေကြောင်းကြံစည်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၀၃)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၁၁)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

အမျိုးသားများ သေကြောင်းကြံစည်သည့်နှုန်းမှာ အမျိုးသမီးများထက် မြင့်မားပြီး အမျိုးသားအများစုမှာ အသက် (၃၅)နှစ်မှ (၃၆)နှစ်အရွယ်များဖြစ်ကြပြီး အမျိုးသမီးများမှာ အသက် (၅၀)မှ (၅၄)နှစ်အရွယ်များ ဖြစ်ကြကြောင်း  သိရသည်။

သေကြောင်းကြံစည်မှုများမှာ စိတ်ကျခြင်း၊ အိမ်ထောင်ရေး၊ အချစ်ရေးကြောင့် စိတ်ထိခိုက်ခြင်းနှင့် ဆေးစွဲ၊ အရက်စွဲမှုတို့ကြောင့် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

ငွေကြေးအခက်အခဲကြီးကြီးမားမားနှင့် ကြုံတွေ့ရခြင်း၊ ရုတ်တရက် ဆုံးရှုံးမှုများနှင့် ကြံုတွေ့ရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများကြံုရခြင်း၊ နာတာရှည်ရောဂါခံစားရခြင်းများကလည်း သေကြောင်းကြံမှုဖြစ်ပွားစေသည့် အချက်များဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း သိရသည်။

သေကြောင်းကြံစည်မှုဖြစ်ပွားစေနို်င်သည့်အကြောင်းအရာများနှင့် ပတ်သက်၍ လူထုအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှု လုပ်ဆောင်ရန် လိုအပ်နေပြီဟု စိတ်ကျန်းမာရေးဌာနက သတိပေးထားသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net