တစ္ပိုင္တစ္ႏိုင္ အိမ္တြင္းအေသးစားစက္မႈလက္မႈလုပ္ငန္းအတြက္ နည္းပညာသင္တန္းမ်ား ေတာင္းခံနို္င္

တစ္ပိုင္တစ္ႏိုင္ အိမ္တြင္းအေသးစားစက္မႈလက္မႈလုပ္ငန္းအတြက္ နည္းပညာသင္တန္းမ်ား ေတာင္းခံနို္င္
ဇူလိုင် 29, 2019
By 🌸
ရွမ္းျပည္နယ္အတြင္းမွ တစ္ပိုင္တစ္ႏုိင္ အိမ္တြင္းအေသးစားစက္မႈလက္မႈလုပ္ငန္းအတြက္ နည္းပညာရရိွလိုသူမ်ားအေနျဖင့္ မိမိတို႔ေဒသႏွင့္ကိုက္ညီသည့္ သင္တန္းမ်ားကို ျပည္နယ္အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနသို႔ ေတာင္းခံႏုိင္ေၾကာင္း သိရသည္။

“ေဒသခံေတြအေနနဲ႔ ကိုယ့္ေဒသမွာ လိုအပ္ခ်က္ရိွတဲ့သင္တန္းေတြကို ကၽြန္ေတာ္တုိ႔ဆီကို ေတာင္းလုိ႔ရပါတယ္။ ၿပီးလုိ႔ရိွရင္ ကၽြန္ေတာ္တုိ႔ဆီက သင္ေပးတဲ့ပညာရပ္ေတြနဲ႔ အမွန္တကယ္ လုပ္ငန္းခြင္ေဆာင္ရြက္ၿပီး တစ္ႏုိင္တစ္ပိုင္စီးပြားေရးလုပ္ကိုင္ေဆာင္ရြက္ၾကဖို႔ေတာ့ တုိက္တြန္းခ်င္ပါတယ္။ လိုအပ္တဲ့အကူအညီေတြကို ကၽြန္ေတာ္တုိ႔ဆီက ကူညီပံ့ပိုးေပးပါတယ္။ ဒီလိုလုပ္ငန္းေတြက ထုတ္လုပ္တဲ့ပစၥည္းေတြကို စစ္ေဆးၿပီး သတ္မွတ္စံခ်ိန္စံညႊန္းနဲ႔ ညီညြတ္တယ္ဆိုရင္ မွတ္ပံုတင္ထုတ္ေပးပါတယ္” ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနအေနျဖင့္ လူသံုးကုန္၊ အလွကုန္မ်ိဳးစံု ထုတ္လုပ္နည္းမွ အဝတ္အထည္ပန္းခ်ီေဆးဆိုး၊ ေမာ္ေတာ္ဆုိင္ကယ္ျပဳျပင္ထိန္းသိမ္းနည္းအထိ ေဒသႏွင့္ကိုက္ညီမည့္သင္တန္းမ်ားကို လုိက္လံဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း သိရသည္။

ေဒသအလုိက္သင္တန္းမ်ား ဖြင့္လွစ္ျခင္းအျပင္ မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးစခန္းမ်ားတြင္လည္း သင္တန္းမ်ား ပို႔ခ်ေပးေနျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၈)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ရိွ မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးစခန္းတြင္ လူသံုးကုန္၊အလွကုန္ ထုတ္လုပ္နည္းသင္တန္းကို (၇)ရက္ၾကာ ပို႔ခ်ေပးေနျခင္းျဖစ္သည္။

ရွမ္းျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက သင္တန္းေပါင္း(၃၃)ခုကို ဖြင့္လွစ္ေပးထားခဲ့ၿပီး ေဒသအလုိက္သင္တန္းမ်ားရရိွလိုပါက ဖုန္း ၀၈၁ ၂၀၆၈၂၉ သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တစ်ပိုင်တစ်နိုင် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းအတွက် နည်းပညာသင်တန်းများ တောင်းခံနို်င်
************
ရှမ်းပြည်နယ်အတွင်းမှ တစ်ပိုင်တစ်နိုင် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းအတွက် နည်းပညာရရှိလိုသူများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် သင်တန်းများကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသို့ တောင်းခံနိုင်ကြောင်း သိရသည်။

“ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသမှာ လိုအပ်ချက်ရှိတဲ့သင်တန်းတွေကို ကျွန်တော်တို့ဆီကို တောင်းလို့ရပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ဆီက သင်ပေးတဲ့ပညာရပ်တွေနဲ့ အမှန်တကယ် လုပ်ငန်းခွင်ဆောင်ရွက်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ လိုအပ်တဲ့အကူအညီတွေကို ကျွန်တော်တို့ဆီက ကူညီပံ့ပိုးပေးပါတယ်။ ဒီလိုလုပ်ငန်းတွေက ထုတ်လုပ်တဲ့ပစ္စည်းတွေကို စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့ ညီညွတ်တယ်ဆိုရင် မှတ်ပုံတင်ထုတ်ပေးပါတယ်” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လူသုံးကုန်၊ အလှကုန်မျိုးစုံ ထုတ်လုပ်နည်းမှ အဝတ်အထည်ပန်းချီဆေးဆိုး၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းအထိ ဒေသနှင့်ကိုက်ညီမည့်သင်တန်းများကို လိုက်လံဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

ဒေသအလိုက်သင်တန်းများ ဖွင့်လှစ်ခြင်းအပြင် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်းများတွင်လည်း သင်တန်းများ ပို့ချပေးနေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်းတွင် လူသုံးကုန်၊အလှကုန် ထုတ်လုပ်နည်းသင်တန်းကို (၇)ရက်ကြာ ပို့ချပေးနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပေါင်း(၃၃)ခုကို ဖွင့်လှစ်ပေးထားခဲ့ပြီး ဒေသအလိုက်သင်တန်းများရရှိလိုပါက ဖုန်း ၀၈၁ ၂၀၆၈၂၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net