တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေသးစားႏွင့္အလတ္စား လုပ္ငန္းလုပ္ကိုင္သူ (၁၂) ဦးကို ၂၀၁၉ ခုႏွစ္အတြင္း စိစစ္ခြင့္ျပဳထား

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေသးစားႏွင့္အလတ္စား လုပ္ငန္းလုပ္ကိုင္သူ (၁၂) ဦးကို ၂၀၁၉ ခုႏွစ္အတြင္း စိစစ္ခြင့္ျပဳထား
ဇူလိုင် 27, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စားေသာက္ကုန္ႏွင့္ အျခားလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ အေသးစားနွင့္ အလတ္စားလုပ္ငန္း(၁၂)ခုကို အေသးစားစက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနက ၂၀၁၉ ခုႏွစ္အတြင္း ကြင္းဆင္းစစ္ေဆးၿပီး ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

"တာခ်ီလိတ္အတြင္းမွာေတာ့ ခြင့္ျပဳထားတဲ့လုပ္ငန္း (၁၂) ခုေလာက္ရိွပါတယ္။ ပထမဆံုး သူတို႔ပို႔တဲ့ပစၥည္းေတြကို ဓာတ္ခြဲစမ္းသပ္လို႔ သတ္မွတ္စံခ်ိန္စံညႊန္းနဲ႔ ကိုက္ညီတယ္ဆိုရင္ သူတို႔လုပ္ငန္းလုပ္ကိုင္ေနတဲ့ေနရာအထိ ကြင္းဆင္းၿပီးစစ္ပါတယ္။ အိမ္တြင္းလုပ္ငန္းေလးေတြ ျဖစ္တဲ့အတြက္ (သန္႔ရွင္းၿပီးေကာင္းမြန္ေသာထုတ္လုပ္မႈက်င့္စဥ္) GHP စနစ္နဲ႔ အညီေဆာင္ရြက္ျခင္း ရိွ၊ မရိွ အဓိကထားၾကည့္ပါတယ္။ စနစ္နဲ႔ ညီတယ္ဆိုရင္ မွတ္ပံုတင္စိစစ္ခြင့္ျပဳတဲ့ ျပည္နယ္ကို တင္ျပၿပီးေတာ့ ခြင့္ျပဳပါတယ္"ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေသးစားႏွင့္အလတ္စား စက္မႈလုပ္ငန္း ေလွ်ာက္ထားသည့္လုပ္ငန္းမ်ားမွ ထုတ္လုပ္ထားသည့္ စားေသာက္ကုန္မ်ားကို အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ဓာတ္ခြဲခန္းတြင္ စမ္းသပ္စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ မွတ္ပံုတင္ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုေက်းရြာရွိ ေက်ာက္စိမ္းကန္ ေမြးျမဴေရးလုပ္ငန္းတြင္ အသားလုံးထုတ္လုပ္ေနသည့္ လုပ္ငန္းအား လုပ္ငန္းလိုင္စင္ထုတ္ေပးႏိုင္ရန္အတြက္ ၂၀၁၉ ခုနွစ္၊ ဇူလိုင္လ (၂၇) ရက္ေန႔ ေန႔လည္က ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ တာ၀န္ရိွသူမ်ားႏွင့္ စားသံုးသူေရးရာဦးစီးဌာန(က်ဳိင္းတံု)မွ တာ၀န္ရိွသူမ်ား ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း -  ဟန္စိုးထုိက္
ဓါတ္ပံု  - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း စားသောက်ကုန်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်း(၁၂)ခုကို အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ၂၀၁၉ ခုနှစ်အတွင်း ကွင်းဆင်းစစ်ဆေးပြီး ခွင့်ပြုပေးထားကြောင်း သိရသည်။

"တာချီလိတ်အတွင်းမှာတော့ ခွင့်ပြုထားတဲ့လုပ်ငန်း (၁၂) ခုလောက်ရှိပါတယ်။ ပထမဆုံး သူတို့ပို့တဲ့ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်လို့ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်ဆိုရင် သူတို့လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာအထိ ကွင်းဆင်းပြီးစစ်ပါတယ်။ အိမ်တွင်းလုပ်ငန်းလေးတွေ ဖြစ်တဲ့အတွက် (သန့်ရှင်းပြီးကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်) GHP စနစ်နဲ့ အညီဆောင်ရွက်ခြင်း ရှိ၊ မရှိ အဓိကထားကြည့်ပါတယ်။ စနစ်နဲ့ ညီတယ်ဆိုရင် မှတ်ပုံတင်စိစစ်ခွင့်ပြုတဲ့ ပြည်နယ်ကို တင်ပြပြီးတော့ ခွင့်ပြုပါတယ်"ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း လျှောက်ထားသည့်လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် စားသောက်ကုန်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် မှတ်ပုံတင်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်စတုံကျေးရွာရှိ ကျောက်စိမ်းကန် မွေးမြူရေးလုပ်ငန်းတွင် အသားလုံးထုတ်လုပ်နေသည့် လုပ်ငန်းအား လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့ နေ့လည်က ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net