ထုိင္းႏိုင္ငံရိွ ျမန္မာဒုကၡသည္စခန္း (၃)ခုမွ ျမန္မာ (၁၅၇)ဦး ေနရပ္ျပန္လာ

ထုိင္းႏိုင္ငံရိွ ျမန္မာဒုကၡသည္စခန္း (၃)ခုမွ ျမန္မာ (၁၅၇)ဦး ေနရပ္ျပန္လာ
ဇူလိုင် 2, 2019
By 🌸
ထိုင္းနိုင္ငံရိွ ဒုကၡသည္စခန္း(၃)ခုမွ ျမန္မာႏုိင္ငံသား (၁၅၇)ဦးသည္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁)ရက္ေန႔က ျမန္မာ - ထုိင္းနယ္စပ္ ကရင္ျပည္နယ္ ျမဝတီနယ္စပ္ေပါက္မွတစ္ဆင့္ ေနရပ္ျပန္လာရာ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားက ႀကိဳဆိုလက္ခံၿပီး လိုအပ္သည္မ်ားပံပိုးျခင္းကို ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ထိုင္းႏိုင္ငံမွ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္လိုသူ ျမန္မာႏိုင္ငံသားမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ႏို႔ပိုးဒုကၡသည္စခန္းမွ (၁၅၁)ဦး၊ မယ္လဒုကၡသည္စခန္းမွ (၅)ဦး၊ အုန္းျပန္ဒုကၡသည္စခန္းမွ(၁)ဦး စုစုေပါင္း(၁၅၇)ဦးတို႔ ေနရပ္ျပန္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား မဲေဆာက္ - ျမဝတီဆက္သြယ္ထားသည့္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွတစ္ဆင့္ ေခၚေဆာင္လာခဲ့ၿပီး ျမဝတီၿမိဳ႕ရွိ ေက်ာက္လုံးႀကီးစခန္းတြင္ လက္ခံထားေၾကာင္း သိရသည္။

ေနရပ္ျပန္လာသူမ်ားကို မူလဇာတိအေရာက္ပို႔ေဆာင္ျခင္းကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လက္ခံေရး ေကာ္မတီဝင္မ်ားက ဆက္လက္ေဆာင္ရြက္မည္ျဖစ္ၿပီး လတ္တေလာတြင္ အိမ္ေထာင္စုသုံးပစၥည္းအခ်ိဳ႕ႏွင့္ ေငြေၾကးမ်ားေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသားဆိုင္ရာ အိမ္ေထာင္စုဇယားပုံစံ-၁၀ႏွင့္ ႏိုင္ငံသားခိုင္မာမႈအဆင့္အလိုက္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ေဆာင္ရြက္ျခင္း၊ ပညာေရး၊ က်န္းမာေရးဆိုင္ရာ ကူညီပံ့ပိုးေပးျခင္းတို႔အတြက္ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ားက ဆက္လက္ကူညီေပးမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသားမ်ား ေနရပ္ျပန္ႏုိင္ေရးအတြက္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ ျမန္မာသံ႐ုံးအဖြဲ႕ဝင္မ်ား၊ ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာျပည္နယ္ဝန္ႀကီး၊ ကရင္ျပည္နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တို႔ႏွင့္အတူ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လက္ခံေရးေကာ္မတီအဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာန ကိုယ္စားမ်ားက လိုအပ္သည့္ကူညီပံ့ပိုးမႈမ်ားကို ေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
Photo:  Assawin Pinitwong

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်း (၃)ခုမှ မြန်မာ (၁၅၇)ဦး နေရပ်ပြန်လာ
***********
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း(၃)ခုမှ မြန်မာနိုင်ငံသား (၁၅၇)ဦးသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီနယ်စပ်ပေါက်မှတစ်ဆင့် နေရပ်ပြန်လာရာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး လိုအပ်သည်များပံပိုးခြင်းကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး နို့ပိုးဒုက္ခသည်စခန်းမှ (၁၅၁)ဦး၊ မယ်လဒုက္ခသည်စခန်းမှ (၅)ဦး၊ အုန်းပြန်ဒုက္ခသည်စခန်းမှ(၁)ဦး စုစုပေါင်း(၁၅၇)ဦးတို့ နေရပ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား မဲဆောက် - မြဝတီဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် ခေါ်ဆောင်လာခဲ့ပြီး မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် လက်ခံထားကြောင်း သိရသည်။

နေရပ်ပြန်လာသူများကို မူလဇာတိအရောက်ပို့ဆောင်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ခံရေး ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လတ်တလောတွင် အိမ်ထောင်စုသုံးပစ္စည်းအချို့နှင့် ငွေကြေးများထောက်ပံ့ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံသားဆိုင်ရာ အိမ်ထောင်စုဇယားပုံစံ-၁၀နှင့် နိုင်ငံသားခိုင်မာမှုအဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းတို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဆက်လက်ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် မြန်မာသံရုံးအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာပြည်နယ်ဝန်ကြီး၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လက်ခံရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားများက လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
Photo:Assawin Pinitwong

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net