ရေနံချောင်းမြို့နယ်တွင် မြေနုကျွန်းအငြင်းပွားမှုဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်ရွာမှ (၄)ဦးကို စတင်ဖမ်းဆီးစစ်ဆေး

ရေနံချောင်းမြို့နယ်တွင် မြေနုကျွန်းအငြင်းပွားမှုဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်ရွာမှ (၄)ဦးကို စတင်ဖမ်းဆီးစစ်ဆေး
ဇူလိုင် 31, 2019
By 🌸
ရေနံချောင်းမြို့နယ်တွင် ဇူလိုင်(၂၃)ရက်နေ့က ဖြစ်ပွားခဲ့သည့်မြေနုကျွန်းပဋိပက္ခကြောင့် လူ အစုလိုက်အပြုံ လိုက် သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ နှစ်ဖက်ကျေးရွာမှ လူ(၄)ဦးကို ဇူလိုင်လ(၃၀)ရက် ညနေပိုင်းက စတင် ဖမ်းဆီးလိုက်ကြောင်း ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ကျမ်းကိုင်ကျွန်းအုပ်စုဘက်က ကျမ်းကိုင်ကျွန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ နေအိမ်အဖျက်ခံလိုက်ရတဲ့ ဦးမောင်ဝင်းနဲ့ ဦးဝင်းဦး တို့ရယ်၊ ဖရဲကျွန်းရွာဘက်က ဦးသန်းဦးဆိုသူရယ်ကို ဇူလိုင်(၃၀)ရက် ညနေပိုင်းက ဖမ်းဆီးလိုက်တာပါ”ဟု ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော က တာချီလိတ်သတင်းအေ ဂျင်စီသို့ ပြောသည်။

ကျမ်းကိုင်ကျေးရွာအုပ်စုဘက်မှ ဦးသန်းဦးပါ ဖရဲကျွန်းကျေးရွာသားများအား (ပ)၃၂၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/ ၃၂၄/၄၂၇/၅၀၆/၁၁၄ တို့ဖြင့် ရေနံချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာမှ ဒဏ်ရာရရှိသူ အသက် (၂၆) နှစ်ရှိ ရန်အောင်ထွန်း(ခ)ကုလားလေး မှာ ဒဏ်ရာကြောင့် သေဆုံးသွား၍ (ပ)၃၂၉/၂၀၁၉၊ ပုဒ်မ ၃၀၂/ ၄၅၂/၃၂၄/၄၂၇/၅၀၆/၁၁၄ တို့ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပြီး ဖရဲကျွန်းကျေးရွာဘက်မှ ကျမ်းကိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦး ပါ ဦးမောင်ဝင်းနှင့် ဦးဝင်းဦး တို့အား လက်မှတ်ကုန်းနယ် မြေရဲစခန်းတွင် (ပ)၉၁/၂၀၁၉ ၊ ပုဒ်မ ၃၂၆/၃၀၇/၁၁၄ တို့ဖြင့် အမှုဖွင့်ခဲ့၍ ဇူလိုင်လ(၃၀)ရက်နေ့ ညနေ ပိုင်းတွင် ဖရဲကျွန်းကျေးရွာဘက်မှ ဦးသန်းဦး၊ ကျမ်းကိုင်ကျေးရွာအုပ်စုဘက်မှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ဦးဝင်းဦးနှင့် ဦးမောင်ဝင်း တို့အား စတင် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇူလိုင်လ(၂၃)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့မှလည်း အခင်းဖြစ် စဉ်တွင် ပါဝင်သူများနှင့် မျက်မြင်သက်သေများအား စစ်ဆေးဆောင်ရွက် လျှက် ရိှနေပြီဖြစ်ကြောင်း သိရပြီး တိုင်းအစိုးရအဖွဲ့ထံ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်တို့နှင့် တကွ သြဂုတ်လ(၅)ရက်နေ့တွင် ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေအုပ်စုတွင် ဇူလိုင်(၂၃)ရက်နေ့က အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည့် ကန်သာကျေးရွာနှင့် ဖရဲကျွန်းကျေးရွာတို့ မြေနုကျွန်းနယ်နမိတ်အငြင်းပွားမှု ပဋိပက္ခ ကြောင့် ဇူလိုင်လ(၃၀)ရက်နေ့အထိ ရေနစ်ပျောက်ဆုံးနေသူ(၃၈)ဦးအနက် အသက်ရှင်လျှက်(၂)ဦးနှင့် (၂၇)ဦး၏ ရုပ်အလောင်းတို့ကိုသာ ရှာဖွေတွေ့ရှိသေးပြီး (၁၁)ဦးမှာ ပျောက်ဆုံးလျှက်ရှိနေသေးကြောင်း သိရသည်။

သတင်း #ဖီးနစ်
 ဓာတ်ပုံ- ဖရဲကျွန်းလူမှုကွန်ယက်

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရေနံခော်င်းမြို့နယ္တြင်ျေမနုကျနြ်းအျငင်းပြားမျှုဖင့် လူအစုလိုက်အျပုံလိုက်သေဆုံးမှုနွင့်ပတ်သက်၍ နွစ္ဖက်ြရာမွ (၄)ဦးကို စတင္ဖမ်းဆီးစစ်ဆေး
***********
ရေနံခော်င်းမြို့နယ္တြင် ဇူလိုင်(၂၃)ရက်နေ့ကျဖစ္ပြားခဲ့သည့်ျေမနုကျနြ်းပဋိပက္ခကြောင့် လူ အစုလိုက်အျပုံ လိုက် သေဆုံးခဲ့ရမှုနွင့်ပတ်သက်၍ နွစ္ဖက်ကေ်းရြာမွ လူ(၄)ဦးကို ဇူလိုင္လ(၃၀)ရက် ညေနပိုင်းက စတင် ဖမ်းဆီးလိုက်ကြောင်း ရေနံခော်င်းမြို့နယ်အုပ္ခ်ုပ်ရေးမွူးရုံးမွ သိရသည်။

“က်မ်းကိုင္ကျနြ်းအုပ္စုဘက္က က်မ်းကိုင္ကျနြ်းအုပ္စုအုပ္ခ်ုပ်ရေးမွူး ဦးသန်းဦး၊ နေအိမ်အဖ်က္ခံလိုက်ရတဲ့ ဦးမောင်ဝင်းနဲ့ ဦးဝင်းဦး တို့ရယ်၊ ဖရဲကျနြ်းရြာဘက္က ဦးသန်းဦးဆိုသူရယ္ကို ဇူလိုင်(၃၀)ရက် ညေနပိုင်းက ဖမ်းဆီးလိုက္တာပါ”ဟု ရေနံခော်င်းမြို့နယ် အုပ္ခ်ုပ်ရေးမွူး ဦးမာန္ကိုဟော က တာခ်ီလိတ်သတင်းအေ ဂ်င္စီသို့ျေပာသည်။

က်မ်းကိုင်ကေ်းရြာအုပ္စုဘက္မွ ဦးသန်းဦးပါ ဖရဲကျနြ်းကေ်းရြာသားမ်ားအား (ပ)၃၂၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ္မ ၄၅၂/ ၃၂၄/၄၂၇/၅၀၆/၁၁၄ တိျု့ဖင့် ရေနံခော်င်းမြို့မရဲစခန်းတြင် အမှုဖြင့်လွစ္ခဲ့ရာမွ ဒဏ်ရာရရွိသူ အသက် (၂၆) နွစ်ရွိ ရန်အောင္ထြန်း(ခ)ကုလားလေး မွာ ဒဏ်ရာကြောင့် သေဆုံးသြား၍ (ပ)၃၂၉/၂၀၁၉၊ ပုဒ္မ ၃၀၂/ ၄၅၂/၃၂၄/၄၂၇/၅၀၆/၁၁၄ တိျု့ဖင့်ျေပာင်းလဲအမှုဖြင့်ခဲ့ပြီး ဖရဲကျနြ်းကေ်းရြာဘက္မွ က်မ်းကိုင် ကေ်းရြာအုပ္စု အုပ္ခ်ုပ်ရေးမွူး ဦးသန်းဦး ပါ ဦးမောင်ဝင်းနွင့် ဦးဝင်းဦး တို့အား လက္မွတ္ကုန်းနယ်ျေမရဲစခန်းတြင် (ပ)၉၁/၂၀၁၉ ၊ ပုဒ္မ ၃၂၆/၃၀၇/၁၁၄ တိျု့ဖင့် အမှုဖြင့်ခဲ့၍ ဇူလိုင္လ(၃၀)ရက်နေ့ ညေန ပိုင်းတြင် ဖရဲကျနြ်းကေ်းရြာဘက္မွ ဦးသန်းဦး၊ က်မ်းကိုင်ကေ်းရြာအုပ္စုဘက္မွ အုပ္စုအုပ္ခ်ုပ်ရေးမွူး ဦးသန်းဦး၊ ဦးဝင်းဦးနွင့် ဦးမောင်ဝင်း တို့အား စတင် ဖမ်းဆီးစစ်ဆေးဆောင်ြရက္လ်ွက်ရွိကြောင်း သိရသည်။

မေကြးတိုင်းဒေသကြီးအစိုးရအဖြဲ့မွ ဇူလိုင္လ(၂၃)ရက်နေ့တြင် ဖြဲ့စည်းတာဝန်ပေးအပ္ခဲ့သည့် စုံစမ်းစစ်ဆေး ရေးအဖြဲ့မွလည်း အခင်ျးဖစ် စဉ်တြင် ပါဝင်သူမ်ားနွင့် မ်က်ျမင်သက်သေမ်ားအား စစ်ဆေးဆောင်ြရက် လ်ွက် ရိွနေပျြီဖစ်ကြောင်း သိရပြီး တိုင်းအစိုးရအဖြဲ့ထံ စစ်ဆေးတြေ့ရွိခ်က်၊ သုံးသပ္ခ်က်နွင့် အကျြံပုခ်က္တို့နွင့် တကြ သြဂုတ္လ(၅)ရက်နေ့တြင်ျပန္လည္တင်ျပရမည်ျဖစ်ကြောင်း သိရသည်။

မေကြးတိုင်းဒေသကြီး၊ ရေနံခော်င်းမြို့နယ်၊ မာန်ျေမအုပ္စုတြင် ဇူလိုင်(၂၃)ရက်နေ့က အစုလိုက်အျပုံလိုက် သေဆုံးခဲ့ကြရသည့် ကန်သာကေ်းရြာနွင့် ဖရဲက်ြန်းကေ်းရြာတို့ျေမနုကျနြ်းနယ္နမိတ်အျငင်းပြားမှု ပဋိပက္ခ ကြောင့် ဇူလိုင္လ(၃၀)ရက်နေ့အထိ ရေနစ်ပော်က္ဆုံးနေသူ(၃၈)ဦးအနက် အသက်ရွင္လ်ွက်(၂)ဦးနွင့် (၂၇)ဦး၏ ရုပ်ေအလာင်းတို့ကိုသာ ရွာဖြေတြ့ရွိသေးပြီး (၁၁)ဦးမွာ ပော်က္ဆုံးလ်ွက်ရွိနေသးကြောင်း သိရသည်။

သတင်း #ဖီးနစ်
 ဓာတ္ပုံ- ဖရဲကျနြ်းလူမှုကြန်ယက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net