ေျမႏုကၽြန္းအျငင္းပြားမႈျဖင့္ လူအစုအၿပံဳလုိက္ေသဆံုးမႈကို ေဆးစာျပန္ၾကားခ်က္ ေစာင့္ဆုိင္းေနစဥ္ ေသမႈေသခင္းဖြင့္လွစ္စစ္ေဆးေန

ေျမႏုကၽြန္းအျငင္းပြားမႈျဖင့္ လူအစုအၿပံဳလုိက္ေသဆံုးမႈကို ေဆးစာျပန္ၾကားခ်က္ ေစာင့္ဆုိင္းေနစဥ္ ေသမႈေသခင္းဖြင့္လွစ္စစ္ေဆးေန
ဇူလိုင် 28, 2019
By 🌸
မေကြးတုိင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္အတြင္း ေျမႏုကၽြန္းပိုင္ဆုိင္မႈ အျငင္းပြား ခုိက္ရန္ျဖစ္ပြားမႈေၾကာင့္ လူအမ်ားအျပားေသဆံုးခဲ့ရသည့္ကိစၥကို ေဆးစာျပန္ၾကားခ်က္ ေစာင့္ဆုိင္းေနစဥ္ ေသမႈေသခင္းဖြင့္လွစ္ထားၿပီး အျပန္အလွန္တုိင္ၾကားမႈမ်ားကိုလည္း အမႈဖြင့္ထားေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ လတ္တေလာေသမႈေသခင္းဖြင့္လွစ္ေဆာင္ရြက္လွ်က္ရိွကာ ျပင္ပ ပေယာဂ ဒဏ္ရာဒဏ္ခ်က္ေၾကာင့္ ေသဆံုးသည္ဟု ေဆးစာျပန္ၾကားခ်က္ရရိွပါက လူသတ္မႈသို႔ ေျပာင္းလဲဖြင့္လွစ္ေဆာင္ရြက္မည္ျဖစ္ၿပီး ႏွစ္ဖက္က်ဴးလြန္မႈမ်ားကိုလည္း တိုင္တန္းခ်က္မ်ားအေပၚ အျပန္အလွန္ အမႈဖြင့္ျခင္းမ်ား ေဆာင္ရြက္ထားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ(၂၆)ရက္ေန႔တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပဲြတြင္ တိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးက ေျပာၾကားသည္။

ေရနံေခ်ာင္းၿမိဳ႕နယ္၊ မာန္ေျမေက်းရြာအုပ္စု၊ ဖရဲကၽြန္းေက်းရြာမွ ရြာသူရြာသားမ်ားႏွင့္ က်မ္းကိုင္ေက်းရြာ အုပ္စု၊ ကံသာေက်းရြာမွ ရြာသူရြာသားမ်ားအၾကား ေျမႏုကၽြန္းနယ္နိမိတ္အျငင္းပြားလွ်က္ရိွေနၾကရာမွ ဇူလိုင္လ(၂၃)ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ လူအုပ္စုခ်င္း ခိုက္ရန္ျဖစ္ပြား၍ လူအေျမာက္အမ်ားေသဆံုး ရျခင္း၏အေၾကာင္းရင္းမွာ စက္ေလွေမွာက္ေရနစ္၍သာမဟုတ္ဘဲ တုတ္၊ ဓား၊ လက္နက္တို႔ျဖင့္ ရိုက္ပုတ္ ထိုးခုတ္၍ ေသဆံုးရျခင္းျဖစ္ေၾကာင္း ဖရဲကၽြန္းေက်းရြာသားမ်ားက ဇူလိုင္လ(၂၆)ရက္ေန႔တြင္ မီဒီယာမ်ား သို႔ ေျပာသည္။

 “က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့ အိမ္(၂)လံုးကို ဖယ္ရွားေပးပါမယ္ေျပာၿပီး ဖယ္မေပးတာေၾကာင့္ သြား ဖ်က္ၾကရတာပါ။ ဖ်က္ၿပီးအျပန္မွာ ကၽြန္ေတာ္တို႔ရြာဘက္က သန္းေဇာ္ကို ဖရဲကၽြန္းရြာသား ေလး၊ ငါးေယာက္က ကၽြန္ေတာ္တို႔မ်က္စိေရွ႕မွာတင္ ဝိုင္းသတ္လိုက္ၾကတယ္။ အဲဒီလိုအသတ္ခံရသူရဲ႕ ရုပ္အေလာင္းကို ခုထိျပန္မရၾကေသးပါဘူး။ အဲဒီေနာက္ လူအင္အားနဲ႔  ညာသံေပးဝိုင္းလာၾကတာေၾကာင့္ ေျပးေပါက္မရိွေတာ့တဲ့ ကၽြန္ေတာ္တို႔ဟာ ရပ္ထားတဲ့ စက္ေလွေပၚကိုပဲ ေျပးတက္ၿပီး အကာအကြယ္ ယူၾကရပါတယ္။ အဲဒီမွာ စက္မေမာင္းဘဲရပ္ထားတဲ့ေမာ္ေတာ္က တစ္ဘက္ကိုေစာင္းသြားတာပါ။ ကၽြန္ေတာ္တို႔ေတြဟာ ဧရာဝတီျမစ္ႀကီးနဲ႔ ဖက္တြယ္ႀကီးျပင္းလာၾကရသူေတြျဖစ္လို႔ ကမ္းနားမွာေမွာက္တဲ့ စက္ေလွေၾကာင့္ေတာ့ လူအေယာက္ (၃၀)ေလာက္ ေရနစ္ေသဆံုးဖို႔ အေၾကာင္းမရိွပါဘူး။ သူတို႔က ကမ္း ေပၚကေန လွံေတြ၊ ေလးခြေတြနဲ႔ ပစ္ၾကေတာ့ အကာအကြယ္ယူၾကရင္း စက္ေလွတိမ္းေစာင္းသြားတာပါ။ ကံသာရြာဘက္ကမ္းကို ကူးခတ္သြားၾကသူေတြမွာ ကမ္းေပၚကေန တုတ္၊ ဓား၊ လက္နက္ေတြနဲ႔ ရိုက္ခုတ္ခ်လို႔သာ  ေရထဲျပန္က် ေသဆံုးၾကရတာပါ။ ဆယ္ယူရရိွတဲ့အေလာင္းေတြမွာ ဒဏ္ရာ ဒဏ္ခ်က္ေတြပါရိွေနတာက သက္ေသပါ ပဲ” ဟု အခင္းျဖစ္စဥ္တြင္ ဧရာဝတီျမစ္ထဲမွ ျပန္လည္လြတ္ေျမာက္လာသူ ဖရဲကၽြန္းေက်းရြာသား ဦးသန္း ဦးက ေျပာသည္။

ဖရဲကၽြန္းေက်းရြာမွ စက္ေလွျဖင့္လာေရာက္ၾကသည့္ လူအင္အား(၁၅၀)ေက်ာ္ခန္႔က ေနအိမ္မ်ားအား လာ ေရာက္ဖ်က္ဆီးၾကသည္ကို တားဆီးရန္ႀကိဳးစားခဲ့သည့္ ကံသာေက်းရြာသား ကုလားေလးအား ဖရဲကၽြန္း ေက်းရြာသားမ်ားက ရိုက္ပုတ္ ထိုးခုတ္ေနၾကသည္ကို ေတြ႔ျမင္ၾကရ၍ လူအင္အားျဖင့္ဝိုင္းဝန္းၾကသျဖင့္ စက္ေလွေပၚသို႔ အလုအယက္တက္ေျပးၾကရာမွ စက္ေလွေမွာက္ကာ ေရနစ္ေသဆံုးၾကရျခင္းျဖစ္ေၾကာင္း ကံသာေက်းရြာသားမ်ားက ေျပာသည္။

“လူအင္အားနဲ႔ အိမ္ေတြလာဖ်က္တာကို ကၽြန္ေတာ္တို႔မွာ ၾကည့္ပဲေနရတာပါ။ အခုျဖစ္စဥ္မွာ ေသဆံုးသြားတဲ့ ကုလားေလးက သြားေတာင္းပန္တာမွာ သူတို႔ဘက္က ဝိုင္းၿပီး ထိုးၾက၊ ခုတ္ၾကတာကိုေတြ႔ၾကရလို႔ ရြာကလူေတြ အင္အားနဲ႔ဝိုင္းထြက္လာၾကၿပီး ႏွစ္ဖက္ပစ္ၾကခတ္ၾကေတာ့ စက္ေလွေပၚကို အလုအယက္တက္ၾကတာမွာ စက္ေလွေမွာက္၊ ေရနစ္ၿပီးေသၾကရတာပါ။ ကမ္းေပၚျပန္တက္လာႏိုင္သူတစ္ခ်ိဳ႕ကို ဝါးလံုးေတြနဲ႔ ရိုက္တယ္လို႔ေတာ့ ေျပာသံၾကားေပမဲ့ ကိုယ္တိုင္ေတာ့ ျမင္ရတာမဟုတ္ပါဘူး။ ဒါေပမဲ့ ကမ္းေပၚျပန္ တက္လာႏိုင္တဲ့ လူ(၆၀)ေလာက္ရိွပါတယ္။ အဲဒီထဲမွာ အဝတ္အစားေတာင္မပါေတာ့လို႔ ကၽြန္ေတာ္တို႔ဘက္က အဝတ္အစားေပးရတာေတာင္ ရိွပါတယ္။ တကယ္တမ္းသာ သတ္ခ်င္တယ္ဆိုရင္ အဲဒီလူေတြ အသက္ရွင္ဖို႔အေၾကာင္းမရိွပါဘူး” ဟု ေနအိမ္အဖ်က္ခံလိုက္ရသူ ဦးေမာင္ဝင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔အေနျဖင့္ ဇူလိုင္လ(၂၃)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ပတ္ သက္၍ စံုစမ္းစစ္ေဆးေရးအဖဲြ႔ ကို ဇူလုိင္လ (၂၆)ရက္ေန႔က ဖြဲ႕စည္းေဆာင္ရြက္ေနၿပီျဖစ္သည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြေနုကျွန်းအငြင်းပွားမှုဖြင့် လူအစုအပြုံလိုက်သေဆုံးမှုကို ဆေးစာပြန်ကြားချက် စောင့်ဆိုင်းနေစဉ် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေ
***********
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွား ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူအများအပြားသေဆုံးခဲ့ရသည့်ကိစ္စကို ဆေးစာပြန်ကြားချက် စောင့်ဆိုင်းနေစဉ် သေမှုသေခင်းဖွင့်လှစ်ထားပြီး အပြန်အလှန်တိုင်ကြားမှုများကိုလည်း အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလောသေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကာ ပြင်ပ ပယောဂ ဒဏ်ရာဒဏ်ချက်ကြောင့် သေဆုံးသည်ဟု ဆေးစာပြန်ကြားချက်ရရှိပါက လူသတ်မှုသို့ ပြောင်းလဲဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး နှစ်ဖက်ကျူးလွန်မှုများကိုလည်း တိုင်တန်းချက်များအပေါ် အပြန်အလှန် အမှုဖွင့်ခြင်းများ ဆောင်ရွက်ထားကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာမှ ရွာသူရွာသားများနှင့် ကျမ်းကိုင်ကျေးရွာ အုပ်စု၊ ကံသာကျေးရွာမှ ရွာသူရွာသားများအကြား မြေနုကျွန်းနယ်နိမိတ်အငြင်းပွားလျှက်ရှိနေကြရာမှ ဇူလိုင်လ(၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ခိုက်ရန်ဖြစ်ပွား၍ လူအမြောက်အများသေဆုံး ရခြင်း၏အကြောင်းရင်းမှာ စက်လှေမှောက်ရေနစ်၍သာမဟုတ်ဘဲ တုတ်၊ ဓား၊ လက်နက်တို့ဖြင့် ရိုက်ပုတ် ထိုးခုတ်၍ သေဆုံးရခြင်းဖြစ်ကြောင်း ဖရဲကျွန်းကျေးရွာသားများက ဇူလိုင်လ(၂၆)ရက်နေ့တွင် မီဒီယာများ သို့ ပြောသည်။

 “ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်(၂)လုံးကို ဖယ်ရှားပေးပါမယ်ပြောပြီး ဖယ်မပေးတာကြောင့် သွား ဖျက်ကြရတာပါ။ ဖျက်ပြီးအပြန်မှာ ကျွန်တော်တို့ရွာဘက်က သန်းဇော်ကို ဖရဲကျွန်းရွာသား လေး၊ ငါးယောက်က ကျွန်တော်တို့မျက်စိရှေ့မှာတင် ဝိုင်းသတ်လိုက်ကြတယ်။ အဲဒီလိုအသတ်ခံရသူရဲ့ ရုပ်အလောင်းကို ခုထိပြန်မရကြသေးပါဘူး။ အဲဒီနောက် လူအင်အားနဲ့  ညာသံပေးဝိုင်းလာကြတာကြောင့် ပြေးပေါက်မရှိတော့တဲ့ ကျွန်တော်တို့ဟာ ရပ်ထားတဲ့ စက်လှေပေါ်ကိုပဲ ပြေးတက်ပြီး အကာအကွယ် ယူကြရပါတယ်။ အဲဒီမှာ စက်မမောင်းဘဲရပ်ထားတဲ့မော်တော်က တစ်ဘက်ကိုစောင်းသွားတာပါ။ ကျွန်တော်တို့တွေဟာ ဧရာဝတီမြစ်ကြီးနဲ့ ဖက်တွယ်ကြီးပြင်းလာကြရသူတွေဖြစ်လို့ ကမ်းနားမှာမှောက်တဲ့ စက်လှေကြောင့်တော့ လူအယောက် (၃၀)လောက် ရေနစ်သေဆုံးဖို့ အကြောင်းမရှိပါဘူး။ သူတို့က ကမ်း ပေါ်ကနေ လှံတွေ၊ လေးခွတွေနဲ့ ပစ်ကြတော့ အကာအကွယ်ယူကြရင်း စက်လှေတိမ်းစောင်းသွားတာပါ။ ကံသာရွာဘက်ကမ်းကို ကူးခတ်သွားကြသူတွေမှာ ကမ်းပေါ်ကနေ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ရိုက်ခုတ်ချလို့သာ  ရေထဲပြန်ကျ သေဆုံးကြရတာပါ။ ဆယ်ယူရရှိတဲ့အလောင်းတွေမှာ ဒဏ်ရာ ဒဏ်ချက်တွေပါရှိနေတာက သက်သေပါ ပဲ” ဟု အခင်းဖြစ်စဉ်တွင် ဧရာဝတီမြစ်ထဲမှ ပြန်လည်လွတ်မြောက်လာသူ ဖရဲကျွန်းကျေးရွာသား ဦးသန်း ဦးက ပြောသည်။

ဖရဲကျွန်းကျေးရွာမှ စက်လှေဖြင့်လာရောက်ကြသည့် လူအင်အား(၁၅၀)ကျော်ခန့်က နေအိမ်များအား လာ ရောက်ဖျက်ဆီးကြသည်ကို တားဆီးရန်ကြိုးစားခဲ့သည့် ကံသာကျေးရွာသား ကုလားလေးအား ဖရဲကျွန်း ကျေးရွာသားများက ရိုက်ပုတ် ထိုးခုတ်နေကြသည်ကို တွေ့မြင်ကြရ၍ လူအင်အားဖြင့်ဝိုင်းဝန်းကြသဖြင့် စက်လှေပေါ်သို့ အလုအယက်တက်ပြေးကြရာမှ စက်လှေမှောက်ကာ ရေနစ်သေဆုံးကြရခြင်းဖြစ်ကြောင်း ကံသာကျေးရွာသားများက ပြောသည်။

“လူအင်အားနဲ့ အိမ်တွေလာဖျက်တာကို ကျွန်တော်တို့မှာ ကြည့်ပဲနေရတာပါ။ အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ကုလားလေးက သွားတောင်းပန်တာမှာ သူတို့ဘက်က ဝိုင်းပြီး ထိုးကြ၊ ခုတ်ကြတာကိုတွေ့ကြရလို့ ရွာကလူတွေ အင်အားနဲ့ဝိုင်းထွက်လာကြပြီး နှစ်ဖက်ပစ်ကြခတ်ကြတော့ စက်လှေပေါ်ကို အလုအယက်တက်ကြတာမှာ စက်လှေမှောက်၊ ရေနစ်ပြီးသေကြရတာပါ။ ကမ်းပေါ်ပြန်တက်လာနိုင်သူတစ်ချို့ကို ဝါးလုံးတွေနဲ့ ရိုက်တယ်လို့တော့ ပြောသံကြားပေမဲ့ ကိုယ်တိုင်တော့ မြင်ရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကမ်းပေါ်ပြန် တက်လာနိုင်တဲ့ လူ(၆၀)လောက်ရှိပါတယ်။ အဲဒီထဲမှာ အဝတ်အစားတောင်မပါတော့လို့ ကျွန်တော်တို့ဘက်က အဝတ်အစားပေးရတာတောင် ရှိပါတယ်။ တကယ်တမ်းသာ သတ်ချင်တယ်ဆိုရင် အဲဒီလူတွေ အသက်ရှင်ဖို့အကြောင်းမရှိပါဘူး” ဟု နေအိမ်အဖျက်ခံလိုက်ရသူ ဦးမောင်ဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဇူလိုင်လ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဇူလိုင်လ (၂၆)ရက်နေ့က ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net