ေဒသခံမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားအၾကား အျပန္အလွန္ ေဝဖန္ျပစ္တင္ေနသည့္ မေကြးတုိင္း ေျမႏုကၽြန္းအျငင္းပြားမႈျဖစ္စဥ္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕က စစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္မည္

ေဒသခံမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားအၾကား အျပန္အလွန္ ေဝဖန္ျပစ္တင္ေနသည့္ မေကြးတုိင္း ေျမႏုကၽြန္းအျငင္းပြားမႈျဖစ္စဥ္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕က စစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္မည္
ဇူလိုင် 27, 2019
By 🌸
မေကြးတုိင္းေဒသႀကီး၊ ကံသာေက်းရြာႏွင့္ ဖရဲကၽြန္းေက်းရြာၾကား ေျမႏုကၽြန္းပိုင္ဆုိင္ခြင့္ အျငင္းပြားရာမွ လူအစုလိုက္အၿပံဳလုိက္ေသဆံုးမႈႏွင့္ ပတ္သက္၍ ေဒသခံမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားအၾကား အျပန္အလွန္ ေဝဖန္ျပစ္တင္ေနၾကၿပီး မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က စံုစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ မာန္ေျမေက်းရြာအုပ္စုရိွ ဖရဲကၽြန္းေက်းရြာႏွင့္ ကံသာေက်းရြာတို႔အၾကား ဧရာဝတီျမစ္အတြင္းေပၚလာသည့္ ေျမႏုကၽြန္းပိုင္ဆုိင္ခြင့္အတြက္ အဆိုပါ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လအတြင္းကတည္းက စတင္ျဖစ္ပြားေနခဲ့ျခင္းျဖစ္ၿပီး သက္ဆုိင္ရာမွ ထိေရာက္စြာေျဖရွင္းေပးႏုိင္ခဲ့ျခင္းမရိွ၍ ယခုကဲ့သို႔ ျဖစ္ပြားရျခင္းျဖစ္သည္ဟု ႏွစ္ဖက္ေက်းရြာေဒသခံမ်ားက ေဝဖန္ျပစ္တင္လိုက္သည္။

 “ကၽြန္ေတာ္တို႔ဘက္ကေတာ့ ဒီေျမဟာ ကၽြန္ေတာ္တို႔ က်မ္းကိုင္ေျမပါ။ ၂၀၁၈ ခုႏွစ္၊ (၃)လပိုင္းက ကမ္းပါးၿပိဳမႈနဲ႔ၾကံဳေတြ႔ခဲ့ရလို႔ အခုျပႆနာျဖစ္တဲ့ေျမေနရာမွာ ေျပာင္းေရႊ႕ေနထိုင္ခြင့္ သက္ဆိုင္ရာကို ေတာင္းခံၿပီး ေနထိုင္လာခဲ့တာပါ။ ဒါကို ၂၀၁၈ ခုႏွစ္၊ ဆယ္လ(ေအာက္တိုဘာလ)ပိုင္းေလာက္မွာ မာန္ေျမနယ္ဘက္က သူတို႔ေျမကို က်ဴးေက်ာ္ေဆာက္ပါတယ္ဆိုၿပီး သက္ဆိုင္ရာကို တိုင္တယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း ဘယ္သူ႔ေျမဆိုတာ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေဆာင္ရြက္ေပးပါလို႔ ဆိုခဲ့ေပမဲ့ သက္ဆိုင္ရာ ေျမစာရင္းဌာနေတြက ဘယ္သူပိုင္ေျမပါဆိုၿပီး ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ျခင္း မရိွခဲ့ပါဘူး။ အဲဒီလို ေဆာင္ရြက္မေပးႏိုင္ခဲ့လို႔ ဒီလိုအထိ ျဖစ္သြားၾကရတာပါ”ဟု ဇူလုိင္လ (၂၃)ရက္ေန႔က ေက်းရြာႏွစ္ခု အျငင္းပြားခုိက္ရန္ျဖစ္ပြားမႈအတြင္း ေနအိမ္အဖ်က္ခံလိုက္ရသည့္ ကံသာေက်းရြာသား ဦးေမာင္ဝင္းက သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

လက္ရိွအခ်ိန္ထိ ေသဆံုးအတည္ျပဳ (၂၅)ဦးႏွင့္ (၁၄)ဦးေပ်ာက္ဆံုးေနဆဲျဖစ္သည့္ ေက်းရြာႏွစ္ခုၾကား အျငင္းပြားခိုက္ရန္ျဖစ္ပြားမႈႏွင့္ပတ္သက္၍ အျငင္းပြားတုိက္ခုိက္မႈတြင္ပါဝင္သည့္ က်မ္းကိုင္ေက်းရြာအုပ္စု၊ ကံသာေက်းရြာေနသူမ်ားက ဇူလိုင္လ (၂၆)ရက္ နံနက္ပိုင္းက သတင္းစာရွင္းလင္းပြဲျပဳလုပ္ျခင္းျဖစ္သည္။
လူေပါင္းမ်ားစြာေသဆံုးရမႈမွာ သက္ဆုိင္ရာ၏ ထိေရာက္စြာေျဖရွင္းေပးမႈမရိွျခင္းေၾကာင့္ျဖစ္သည္ဟု သတင္းစာရွင္းလင္းပြဲတြင္ ဖရဲကၽြန္းေက်းရြာေနသူမ်ားက ဆိုသည္။

“ကၽြန္ေတာ္တို႔က သြားတားရင္ ကၽြန္ေတာ္တို႔ပိုင္နက္ထဲကို တစ္အိမ္တိုးေဆာက္လာတယ္။ ေနာက္တစ္ခါသြားတားရင္ (၅)အိမ္ျဖစ္လာတယ္။ ေနာက္တစ္ခါသြားတားရင္ (၁၀)အိမ္ျဖစ္လာတယ္။ ေနာက္ဆံုး အိမ္(၂၀)ေလာက္အထိ ျဖစ္လာတယ္။ ကၽြန္ေတာ္တို႔ ဘယ္လိုပဲ သြားတားေနေန ဥပေဒအရ ထိေရာက္ဟန္႔တားမႈ လုပ္မေပးႏိုင္ခဲ့ေတာ့ က်ဴးေက်ာ္အိမ္ေတြက တိုးတိုးပဲလာတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ (၈)လပိုင္းမွာ အျငင္းပြားမႈ စျဖစ္ခဲ့တယ္။ ၿမိဳ႕နယ္၊ ခရိုင္နဲ႔ တိုင္းအဆင့္ဆင့္ကို တင္ျပ တိုင္တန္းခဲ့တယ္။ အဲဒီအေပၚမွာ ဥပေဒအရ ထိေရာက္တဲ့ အေရးယူဟန္႔တားမႈေတြ၊ ျဖစ္တဲ့နည္းနဲ႔ ပိုင္နက္တိုင္းတာၿပီး နယ္နိမိတ္သတ္မွတ္မႈေတြကို လုပ္ေပးႏုိင္ခဲ့ၾကမယ္ဆိုရင္ ဒီျပႆနာေတြ ျဖစ္လာစရာအေၾကာင္းမရိွပါဘူး”  ဟု အျငင္းပြားမႈျဖစ္ပြားေနသည့္ ဖရဲကၽြန္းေက်းရြာမွ ဦးသန္းေဌးက ေျပာသည္။

အဆိုပါေျမႏုကၽြန္းအျငင္းပြားမႈႏွင့္ပတ္သက္၍ ဇူလုိင္လ(၂၆)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲအခ်ိန္တြင္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ရံုး၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာတြင္ မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ တိုင္းဦးစီးမွဴး ဦးေဇာ္ဝင္းက ၎တို႔ဌာနက ဥပေဒလမ္းေၾကာင္းအတိုင္း ေဆာင္ရြက္ေပးႏိုင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ႏွစ္ဖက္ေဒသခံမ်ား၏ ဆန္႔က်င္ၾကမႈေၾကာင့္ မျဖစ္သင့္သည့္ အေျခအေနဆိုးသို႔ ဆိုက္ေရာက္ခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။

“ေျမႏုကၽြန္းဆိုတာ ခိုင္မာမႈမရိွေသးဘူး။ ျမစ္ေၾကာင္းေျပာင္းလဲမႈေၾကာင့္ အခ်ိန္နဲ႔အမွ် ေျပာင္းလဲမႈရိွတယ္။
ျပႆနာျဖစ္လာရင္ ဒီဟာကိုစီမံခန္႔ခဲြဖို႔က ဥပေဒမွာဆိုထားတာက ေပၚလာတဲ့ေျမႏုကၽြန္းက စိုက္ပ်ိဳးႏိုင္တဲ့ ေျမရဲ႕အနားေရးနဲ႔ အနီးစပ္ဆံုးရြာကို ခ်ထားေပးရမယ္လို႔ဆိုတယ္။ အဲဒီမွာ ေက်းရြာအုပ္စုရဲ႕ နယ္နိမိတ္အ ရ လိုခ်င္သူက တစ္မ်ိဳး၊ နီးစပ္တဲ့ရြာက လိုခ်င္သူကတစ္မ်ိဳး၊ အခုျပႆနာက အဲဒါပါပဲ။ ကၽြန္ေတာ္တို႔ဌာနက နယ္နိမိတ္တိုင္းတာၿပီးမွ ဆံုးျဖတ္ေဆာင္ရြက္ေပးႏိုင္မွာျဖစ္လို႔ တိုင္းတာမယ္လုပ္ေတာ့ ႏွစ္ဖက္စလံုးက လက္မခံၾကဘူး။ ဥပေဒအတုိင္း နယ္နိမိတ္တိုင္းတာေပးဖို႔ကို လက္ခံၿပီး စီမံခန္႔ခဲြေရးနည္းလမ္းကို လိုက္နာၾကမယ္ဆို ဒီအျဖစ္မ်ိဳး ျဖစ္လာစရာ မရိွပါဘူး။ ငါပဲပိုင္ရမယ္၊ သူပဲပိုင္ရမယ္ဆိုတဲ့အစဲြႀကီးေတြကို လက္ကိုင္ထားၿပီး မျဖစ္စေလာက္ (၇) ဧကေလာက္သာရိွတဲ့ ေျမအတြက္ အခုလိုျဖစ္ရတာဟာ မတန္ပါဘူး။ ဝမ္းနည္းစရာေကာင္းပါတယ္” ဟု မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ တိုင္းဦးစီးမွဴး ဦးေဇာ္ဝင္းက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ေျမႏုကၽြန္းပိုင္ဆုိင္ခြင့္ အျငင္းပြားေနမႈႏွင့္ပတ္သက္၍ ဖရဲကၽြန္းေက်းရြာသားမ်ားက ၂၀၁၉ ခုႏွစ္၊ ဇူလိုင္(၂၃)ရက္ေန႔ ညေနပိုင္းတြင္ စက္ေလွျဖင့္ ကံသာေက်းရြာဘက္သို႔ သြားေရာက္ေျဖရွင္းၾကစဥ္ တစ္ဖက္ႏွင့္တစ္ဖက္ အျငင္းပြားခိုက္ရန္ျဖစ္ပြားၾကကာ ဖရဲကၽြန္းေက်းရြာသားမ်ားက စက္ေလွျဖင့္ ျပန္လည္ထြက္ေျပးလာစဥ္ လူအင္အားမ်ားသျဖင့္ စက္ေလွနစ္ျမဳပ္သြားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္ေလွနစ္ျမဳပ္မႈတြင္ ဖရဲကၽြန္းေက်းရြာမွ အမ်ိဳးသား၊အမ်ိဳးသမီး စုစုေပါင္း (၄၀)ဦးပါဝင္သြားခဲ့ေသာ္လည္း ဇူလုိင္လ (၂၆)ရက္ေန႔အထိ ေသဆံုးသူ (၂၄)ဦးႏွင့္ အသက္ရွင္က်န္သူ (၂)ဦးတို႔ကိုသာ ရွာေဖြေတြ႔ရိွထားၿပီး (၁၄)ဦးေပ်ာက္ဆံုးေနဆဲျဖစ္ကာ အျငင္းပြားတုိက္ခုိက္မႈအတြင္း ကံသာေက်းရြာမွ (၁)ဦးေသဆံုးခဲ့ေၾကာင္း သိရသည္။

လက္ရိွတြင္ ျမစ္အတြင္းမွ ျပန္လည္ဆယ္ယူရရိွထားသည့္ ရုပ္အေလာင္းမ်ားကို ေသဆံုးရျခင္းအေၾကာင္းရင္း စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး က်န္ရိွေပ်ာက္ဆံုးေနသူမ်ားကို ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဒေသခံများနှင့် သက်ဆိုင်ရာဌာနများအကြား အပြန်အလှန် ဝေဖန်ပြစ်တင်နေသည့် မကွေးတိုင်း မြေနုကျွန်းအငြင်းပွားမှုဖြစ်စဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးရေးအဖွဲ့ဖြင့် စစ်မည်
*************
မကွေးတိုင်းဒေသကြီး၊ ကံသာကျေးရွာနှင့် ဖရဲကျွန်းကျေးရွာကြား မြေနုကျွန်းပိုင်ဆိုင်ခွင့် အငြင်းပွားရာမှ လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့် ပတ်သက်၍ ဒေသခံများနှင့် သက်ဆိုင်ရာဌာနများအကြား အပြန်အလှန် ဝေဖန်ပြစ်တင်နေကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စုရှိ ဖရဲကျွန်းကျေးရွာနှင့် ကံသာကျေးရွာတို့အကြား ဧရာဝတီမြစ်အတွင်းပေါ်လာသည့် မြေနုကျွန်းပိုင်ဆိုင်ခွင့်အတွက် အဆိုပါ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ထိရောက်စွာဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်ဟု နှစ်ဖက်ကျေးရွာဒေသခံများက ဝေဖန်ပြစ်တင်လိုက်သည်။

 “ကျွန်တော်တို့ဘက်ကတော့ ဒီမြေဟာ ကျွန်တော်တို့ ကျမ်းကိုင်မြေပါ။ ၂၀၁၈ ခုနှစ်၊ (၃)လပိုင်းက ကမ်းပါးပြိုမှုနဲ့ကြံုတွေ့ခဲ့ရလို့ အခုပြဿနာဖြစ်တဲ့မြေနေရာမှာ ပြောင်းရွှေ့နေထိုင်ခွင့် သက်ဆိုင်ရာကို တောင်းခံပြီး နေထိုင်လာခဲ့တာပါ။ ဒါကို ၂၀၁၈ ခုနှစ်၊ ဆယ်လ(အောက်တိုဘာလ)ပိုင်းလောက်မှာ မာန်မြေနယ်ဘက်က သူတို့မြေကို ကျူးကျော်ဆောက်ပါတယ်ဆိုပြီး သက်ဆိုင်ရာကို တိုင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ဘယ်သူ့မြေဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ပေးပါလို့ ဆိုခဲ့ပေမဲ့ သက်ဆိုင်ရာ မြေစာရင်းဌာနတွေက ဘယ်သူပိုင်မြေပါဆိုပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလို ဆောင်ရွက်မပေးနိုင်ခဲ့လို့ ဒီလိုအထိ ဖြစ်သွားကြရတာပါ”ဟု ဇူလိုင်လ (၂၃)ရက်နေ့က ကျေးရွာနှစ်ခု အငြင်းပွားခိုက်ရန်ဖြစ်ပွားမှုအတွင်း နေအိမ်အဖျက်ခံလိုက်ရသည့် ကံသာကျေးရွာသား ဦးမောင်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိအချိန်ထိ သေဆုံးအတည်ပြု (၂၅)ဦးနှင့် (၁၄)ဦးပျောက်ဆုံးနေဆဲဖြစ်သည့် ကျေးရွာနှစ်ခုကြား အငြင်းပွားခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ အငြင်းပွားတိုက်ခိုက်မှုတွင်ပါဝင်သည့် ကျမ်းကိုင်ကျေးရွာအုပ်စု၊ ကံသာကျေးရွာနေသူများက ဇူလိုင်လ (၂၆)ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

လူပေါင်းများစွာသေဆုံးရမှုမှာ သက်ဆိုင်ရာ၏ ထိရောက်စွာဖြေရှင်းပေးမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖရဲကျွန်းကျေးရွာနေသူများက ဆိုသည်။

“ကျွန်တော်တို့က သွားတားရင် ကျွန်တော်တို့ပိုင်နက်ထဲကို တစ်အိမ်တိုးဆောက်လာတယ်။ နောက်တစ်ခါသွားတားရင် (၅)အိမ်ဖြစ်လာတယ်။ နောက်တစ်ခါသွားတားရင် (၁၀)အိမ်ဖြစ်လာတယ်။ နောက်ဆုံး အိမ်(၂၀)လောက်အထိ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘယ်လိုပဲ သွားတားနေနေ ဥပဒေအရ ထိရောက်ဟန့်တားမှု လုပ်မပေးနိုင်ခဲ့တော့ ကျူးကျော်အိမ်တွေက တိုးတိုးပဲလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ (၈)လပိုင်းမှာ အငြင်းပွားမှု စဖြစ်ခဲ့တယ်။ မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်ဆင့်ကို တင်ပြ တိုင်တန်းခဲ့တယ်။ အဲဒီအပေါ်မှာ ဥပဒေအရ ထိရောက်တဲ့ အရေးယူဟန့်တားမှုတွေ၊ ဖြစ်တဲ့နည်းနဲ့ ပိုင်နက်တိုင်းတာပြီး နယ်နိမိတ်သတ်မှတ်မှုတွေကို လုပ်ပေးနိုင်ခဲ့ကြမယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာစရာအကြောင်းမရှိပါဘူး”  ဟု အငြင်းပွားမှုဖြစ်ပွားနေသည့် ဖရဲကျွန်းကျေးရွာမှ ဦးသန်းဌေးက ပြောသည်။

အဆိုပါမြေနုကျွန်းအငြင်းပွားမှုနှင့်ပတ်သက်၍ ဇူလိုင်လ(၂၆)ရက်နေ့ နေ့လယ်(၂)နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ၎င်းတို့ဌာနက ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားခဲ့သော်လည်း နှစ်ဖက်ဒေသခံများ၏ ဆန့်ကျင်ကြမှုကြောင့် မဖြစ်သင့်သည့် အခြေအနေဆိုးသို့ ဆိုက်ရောက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“မြေနုကျွန်းဆိုတာ ခိုင်မာမှုမရှိသေးဘူး။ မြစ်ကြောင်းပြောင်းလဲမှုကြောင့် အချိန်နဲ့အမျှ ပြောင်းလဲမှုရှိတယ်။ ပြဿနာဖြစ်လာရင် ဒီဟာကိုစီမံခန့်ခွဲဖို့က ဥပဒေမှာဆိုထားတာက ပေါ်လာတဲ့မြေနုကျွန်းက စိုက်ပျိုးနိုင်တဲ့ မြေရဲ့အနားရေးနဲ့ အနီးစပ်ဆုံးရွာကို ချထားပေးရမယ်လို့ဆိုတယ်။ အဲဒီမှာ ကျေးရွာအုပ်စုရဲ့ နယ်နိမိတ်အ ရ လိုချင်သူက တစ်မျိုး၊ နီးစပ်တဲ့ရွာက လိုချင်သူကတစ်မျိုး၊ အခုပြဿနာက အဲဒါပါပဲ။ ကျွန်တော်တို့ဌာနက နယ်နိမိတ်တိုင်းတာပြီးမှ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ တိုင်းတာမယ်လုပ်တော့ နှစ်ဖက်စလုံးက လက်မခံကြဘူး။ ဥပဒေအတိုင်း နယ်နိမိတ်တိုင်းတာပေးဖို့ကို လက်ခံပြီး စီမံခန့်ခွဲရေးနည်းလမ်းကို လိုက်နာကြမယ်ဆို ဒီအဖြစ်မျိုး ဖြစ်လာစရာ မရှိပါဘူး။ ငါပဲပိုင်ရမယ်၊ သူပဲပိုင်ရမယ်ဆိုတဲ့အစွဲကြီးတွေကို လက်ကိုင်ထားပြီး မဖြစ်စလောက် (၇) ဧကလောက်သာရှိတဲ့ မြေအတွက် အခုလိုဖြစ်ရတာဟာ မတန်ပါဘူး။ ဝမ်းနည်းစရာကောင်းပါတယ်” ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြေနုကျွန်းပိုင်ဆိုင်ခွင့် အငြင်းပွားနေမှုနှင့်ပတ်သက်၍ ဖရဲကျွန်းကျေးရွာသားများက ၂၀၁၉ ခုနှစ်၊ ဇူလိုင်(၂၃)ရက်နေ့ ညနေပိုင်းတွင် စက်လှေဖြင့် ကံသာကျေးရွာဘက်သို့ သွားရောက်ဖြေရှင်းကြစဉ် တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားခိုက်ရန်ဖြစ်ပွားကြကာ ဖရဲကျွန်းကျေးရွာသားများက စက်လှေဖြင့် ပြန်လည်ထွက်ပြေးလာစဉ် လူအင်အားများသဖြင့် စက်လှေနစ်မြုပ်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုတွင် ဖရဲကျွန်းကျေးရွာမှ အမျိုးသား၊အမျိုးသမီး စုစုပေါင်း (၄၀)ဦးပါဝင်သွားခဲ့သော်လည်း ဇူလိုင်လ (၂၆)ရက်နေ့အထိ သေဆုံးသူ (၂၄)ဦးနှင့် အသက်ရှင်ကျန်သူ (၂)ဦးတို့ကိုသာ ရှာဖွေတွေ့ရှိထားပြီး (၁၄)ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အငြင်းပွားတိုက်ခိုက်မှုအတွင်း ကံသာကျေးရွာမှ (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြစ်အတွင်းမှ ပြန်လည်ဆယ်ယူရရှိထားသည့် ရုပ်အလောင်းများကို သေဆုံးရခြင်းအကြောင်းရင်း စစ်ဆေးမှုများပြုလုပ်နေပြီး ကျန်ရှိပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net