Tachileik News Agency
Ref: CAN
Photo: The Nation

~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားဒီမိုကရေစီအစိုးရသို့ ပြောင်းလဲပြီဟု ပရာယွတ်ပြောကြား
**********
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှစပြီး စစ်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်လိုက်ပြီးနောက် ငါးနှစ်တာစစ်အုပ်ချုပ်ရေးမှ အရပ်သားဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်မှရွေးချယ်ခန့်အပ်ထားသည့် အထက်လွှတ်တော်နှင့် လွှတ်တော်တွင်းမှ စစ်တပ်လိုလားသည့်ပါတီများထောက်ခံမှုဖြင့် ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
စစ်အစိုးရအုပ်ချုပ်သည့်ကာလအတွင်း မယ်ဆိုင်ဂူကယ်ဆယ်ရေး၊ တရားမဝင် ငါးဖမ်းလုပ်ငန်းများနှင့် လူကုန်ကူးမှုများကို ဖြေရှင်းခြင်းအပါအဝင် ကဏ္ဍအသီးသီးတွင် အောင်မြင်မှုများရခဲ့သည်ဟု ပရာယွတ်ချောင်အိုချာက ရုပ်မြင်သံကြားမှ နိုင်ငံသို့ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
အစိုးရသစ်သည် ဇူလိုင်လ (၁၆)ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အစိုးရအဖွဲ့ စတင်တာဝန်ယူတော့မည်ဖြစ်သည်။