တာခ်ီလိတ္တြင္ အစိုးရဌာန (၁၁)ခုက OSS လုပ္ငန္းမ်ားကို ၾသဂုတ္လဆန္းမွစ၍ ရပ္ကြက္၊ေက်းရြာမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ေပးမည္

တာခ်ီလိတ္တြင္ အစိုးရဌာန (၁၁)ခုက OSS လုပ္ငန္းမ်ားကို ၾသဂုတ္လဆန္းမွစ၍ ရပ္ကြက္၊ေက်းရြာမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ေပးမည္
ဇူလိုင် 29, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အစိုးရဌာန (၁၁)ခုက ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ရပ္ကြက္မ်ားႏွင့္ ေက်းရြာမ်ားအထိ ကြင္းဆင္းဝန္ေဆာင္မႈေပးျခင္းကို တတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔မွ (၂၆)ရက္ေန႔အထိေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ေဆာင္မႈရံုးတြင္ ပါဝင္သည့္ ဌာန(၁၀)ခုျဖစ္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနကလည္း ပူးေပါင္းကြင္းဆင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို သက္ဆုိင္ရာရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ နံနက္(၁၀)နာရီမွစ၍ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ၾသဂုတ္လ (၁)ရက္ေန႔တြင္ ဝမ္ေကာင္းရပ္ကြက္၊ ၾသဂုတ္လ (၂)ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ၾသဂုတ္လ(၅)ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္၊ ၾသဂုတ္လ (၇)ရက္ေန႔တြင္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၾသဂုတ္လ (၈)ရက္ေန႔တြင္ ဆန္ဆုိင္း(က)ရပ္ကြက္၊ ၾသဂုတ္လ (၉)ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ၾသဂုတ္လ (၁၂)ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္၊ ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္၊ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ပါဆတ္ရပ္ကြက္၊ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ လြယ္ေတာ္ခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ ဝမ္လံုးေက်းရြာ၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ဖန္မင္ေက်းရြာ၊ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ မုိင္းကိုးေက်းရြာ၊ ၾသဂုတ္လ (၂၂)ရက္ေန႔တြင္ မုိင္းဟဲေက်းရြာ၊ ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ မုိင္းဖုန္း(က)ေက်းရြာႏွင့္ ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ မုိင္းဖုန္း (ခ)ေက်းရြာတုိ႔၌ အသီးသီးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် အစိုးရဌာန (၁၁)ခုက OSS လုပ်ငန်းများကို သြဂုတ်လဆန်းမှစ၍ ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးမည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အစိုးရဌာန (၁၁)ခုက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်းကို တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှ (၂၆)ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သည့် ဌာန(၁၀)ခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း ပူးပေါင်းကွင်းဆင်းပေးမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် နံနက်(၁၀)နာရီမှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို သြဂုတ်လ (၁)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ သြဂုတ်လ(၅)ရက်နေ့တွင် တာလော့ရပ်ကွက်၊ သြဂုတ်လ (၆)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်၊ သြဂုတ်လ (၇)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သြဂုတ်လ (၈)ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ သြဂုတ်လ (၉)ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ပါဆတ်ရပ်ကွက်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ဆေခမ်းရပ်ကွက်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် လွယ်တော်ခမ်းရပ်ကွက်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် ဝမ်လုံးကျေးရွာ၊ သြဂုတ်လ (၂၀)ရက်နေ့တွင် ဖန်မင်ကျေးရွာ၊ သြဂုတ်လ (၂၁)ရက်နေ့တွင် မိုင်းကိုးကျေးရွာ၊ သြဂုတ်လ (၂၂)ရက်နေ့တွင် မိုင်းဟဲကျေးရွာ၊ သြဂုတ်လ (၂၃)ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာနှင့် သြဂုတ်လ (၂၆)ရက်နေ့တွင် မိုင်းဖုန်း (ခ)ကျေးရွာတို့၌ အသီးသီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net