ထိုင္းႏုိင္ငံ ဘူရီယမ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ထားသည့္ ေခါင္းတလားမ်ား ခိုးယူခံေနရ

ထိုင္းႏုိင္ငံ ဘူရီယမ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ထားသည့္ ေခါင္းတလားမ်ား ခိုးယူခံေနရ
ဇူလိုင် 12, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ အသက္(၆၃)ႏွစ္အရြယ္ ရဲတပ္သားေဟာင္းတစ္ဦးက လိုအပ္သူမ်ားကို လွဴဒါန္းႏုိင္ရန္ ဘူရီယမ္ရိွ ဘုန္းေတာ္ႀကီး၌ထားရိွသည့္ ေခါင္းတလားမ်ား ခိုးယူခံေနရေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္ေဟာင္း ဖိခ်ိဳင္ဆဝါဒီးက အဆိုပါေဒသမွ လိုအပ္သူမ်ားအေနျဖင့္ ဘုန္းေတာ္ႀကီးထံ လာေရာက္ေလွ်ာက္ထားၿပီး ေခါင္းတလားရယူသံုးစြဲႏုိင္ရန္ ဘုန္းေတာ္ႀကီးေက်ာင္း၌ ထားရိွေပးထားျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္းက ေခါင္းတလား (၄)လံုး ခိုးယူခံရေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ခိုးယူေနျခင္းမွာ ေအာက္လမ္းနည္းပညာျဖင့္ အသံုးျပဳလိုသူမ်ား ျဖစ္ႏုိင္သည္ဟု ရဲတပ္ဖြဲ႕ဝင္ေဟာင္းက ခန္႔မွန္းေျပာဆိုလုိက္ၿပီး လိုအပ္သူမ်ားထံ လွဴဒါန္းရန္ထားသည့္ ေခါင္းတလားမ်ားကို ထပ္မံခိုးယူျခင္းမျပဳၾကရန္ ၎ကေျပာၾကားလုိက္သည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ ဘူရီယမ်ဘုန်းတော်ကြီးကျောင်းတွင်ထားသည့် ခေါင်းတလားများ ခိုးယူခံနေရ
*****************
ထိုင်းနိုင်ငံတွင် အသက်(၆၃)နှစ်အရွယ် ရဲတပ်သားဟောင်းတစ်ဦးက လိုအပ်သူများကို လှူဒါန်းနိုင်ရန် ဘူရီယမ်ရှိ ဘုန်းတော်ကြီး၌ထားရှိသည့် ခေါင်းတလားများ ခိုးယူခံနေရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်ဟောင်း ဖိချိုင်ဆဝါဒီးက အဆိုပါဒေသမှ လိုအပ်သူများအနေဖြင့် ဘုန်းတော်ကြီးထံ လာရောက်လျှောက်ထားပြီး ခေါင်းတလားရယူသုံးစွဲနိုင်ရန် ဘုန်းတော်ကြီးကျောင်း၌ ထားရှိပေးထားခြင်းဖြစ်ပြီး ၂၀၁၉ ခုႏွစ္၊ ဇွန်လအတွင်းက ခေါင်းတလား (၄)လုံး ခိုးယူခံရကြောင်း သိရသည်။

ယင်းကဲ့သို့ ခိုးယူနေခြင်းမှာ အောက်လမ်းနည်းပညာဖြင့် အသုံးပြုလိုသူများ ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ဝင်ဟောင်းက ခန့်မှန်းပြောဆိုလိုက်ပြီး လိုအပ်သူများထံ လှူဒါန်းရန်ထားသည့် ခေါင်းတလားများကို ထပ်မံခိုးယူခြင်းမပြုကြရန် ၎င်းကပြောကြားလိုက်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net