မယ္ဆုိင္ၿမိဳ႕တြင္ ခရီးသြားမ်ားလည္ပတ္ေနၾကသည့္ ဝါးေလးထပ္အေဆာက္အဦကို လည္ပတ္ခြင့္ပိတ္ရန္ ေဒသတာဝန္ရိွသူမ်ား ညႊန္ၾကား

မယ္ဆုိင္ၿမိဳ႕တြင္ ခရီးသြားမ်ားလည္ပတ္ေနၾကသည့္ ဝါးေလးထပ္အေဆာက္အဦကို လည္ပတ္ခြင့္ပိတ္ရန္ ေဒသတာဝန္ရိွသူမ်ား ညႊန္ၾကား
ဇူလိုင် 14, 2019
By 🌸
ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ရိွ ဝါးျဖင့္တည္ေဆာက္ထားသည့္ ေလးထပ္အေဆာက္အဦ နန္ႏြန္စခန္းမွာ ခြင့္ျပဳခ်က္မရိွဘဲ ေဆာက္လုပ္ထားျခင္းျဖစ္သည့္အျပင္ စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖါက္မႈမ်ားလည္းရိွေနသျဖင့္ ခရီးသြားမ်ားလည္ပတ္ခြင့္အား ပိတ္ပင္လုိက္ေၾကာင္း သိရသည္။

သက္ဆုိင္ရာမွခြင့္ျပဳခ်က္မယူဘဲ အဆိုပါ ဝါးအေဆာက္အဦကို ေဆာက္လုပ္ထားသည့္ ခြမ္နာရြန္မွာ ဒဏ္ေၾကးဘတ္ (၁၀၀၀၀) ႏွင့္ ေထာင္ဒဏ္ (၂)ႏွစ္အထိ က်ခံရဖြယ္ရိွေနေၾကာင္း သိရသည္။

ခြမ္နာရြန္အေနျဖင့္ သက္ဆုိင္ရာမွ အေၾကာင္းၾကားစာရသည္ႏွင့္ အဆိုပါအေဆာက္အဦတြင္း ဝင္ေရာက္လည္ပတ္ျခင္းကို ခြင့္မျပဳေတာ့ဘဲ ေျမညီထပ္တြင္ ေကာ္ဖီႏွင့္ အစားအေသာက္မ်ားကိုသာ ေရာင္းခ်ျခင္းျဖစ္သည္ဟု ဆိုသည္။

မူလက အေဆာက္အဦကို သက္ဆုိင္ရာမွ ခြင့္ျပဳခ်က္မ်ားရၿပီး ၂၀၁၉ ႏွစ္ကုန္ပိုင္းတြင္ ဖြင့္လွစ္ရန္ရည္ရြယ္ထားေသာ္လည္း အဆိုပါအေဆာက္အဦအေၾကာင္းကို လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားၾကရာမွ လာေရာက္လည္ပတ္သူမ်ားရိွလာသျဖင့္ ခြင့္ျပဳခ်က္မရမီေစာ၍ ဖြင့္လွစ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ အဆိုပါအေဆာက္အဦကို ခရီးသြားရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားအဖြဲ႕က သြားေရာက္စစ္ေဆးထားၿပီး ခရီးသြားမ်ားေဘးကင္းလံုၿခံဳမႈရိွေစေရးအတြက္ အင္ဂ်င္နီယာမ်ားျဖင့္ ျပန္လည္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အေဆာက္အဦမွာ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ေယာက္ႏွင့္နည္းျပတုိ႔ကို ကယ္ထုတ္ခဲ့ရာ မယ္ဆုိင္ဂူျမင္ကြင္းကို ၾကည့္ရႈႏုိင္သည့္ေနရာတြင္ တည္ေဆာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Chiangrai Times

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ဆိုင်မြို့တွင် ခရီးသွားများလည်ပတ်နေကြသည့် ဝါးလေးထပ်အဆောက်အဦကို လည်ပတ်ခွင့်ပိတ်ရန် ဒေသတာဝန်ရှိသူများ ညွှန်ကြား
**************
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဝါးဖြင့်တည်ဆောက်ထားသည့် လေးထပ်အဆောက်အဦ နန်နွန်စခန်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းဖြစ်သည့်အပြင် စည်းမျဉ်းစည်းကမ်းချိုးဖေါက်မှုများလည်းရှိနေသဖြင့် ခရီးသွားများလည်ပတ်ခွင့်အား ပိတ်ပင်လိုက်ကြောင်း သိရသည်။

သက်ဆိုင်ရာမှခွင့်ပြုချက်မယူဘဲ အဆိုပါ ဝါးအဆောက်အဦကို ဆောက်လုပ်ထားသည့် ခွမ်နာရွန်မှာ ဒဏ်ကြေးဘတ် (၁၀၀၀၀) နှင့် ထောင်ဒဏ် (၂)နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။

ခွမ်နာရွန်အနေဖြင့် သက်ဆိုင်ရာမှ အကြောင်းကြားစာရသည်နှင့် အဆိုပါအဆောက်အဦတွင်း ဝင်ရောက်လည်ပတ်ခြင်းကို ခွင့်မပြုတော့ဘဲ မြေညီထပ်တွင် ကော်ဖီနှင့် အစားအသောက်များကိုသာ ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။

မူလက အဆောက်အဦကို သက်ဆိုင်ရာမှ ခွင့်ပြုချက်များရပြီး ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ရန်ရည်ရွယ်ထားသော်လည်း အဆိုပါအဆောက်အဦအကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားကြရာမှ လာရောက်လည်ပတ်သူများရှိလာသဖြင့် ခွင့်ပြုချက်မရမီစော၍ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအဆောက်အဦကို ခရီးသွားရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့က သွားရောက်စစ်ဆေးထားပြီး ခရီးသွားများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အင်ဂျင်နီယာများဖြင့် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ယောက်နှင့်နည်းပြတို့ကို ကယ်ထုတ်ခဲ့ရာ မယ်ဆိုင်ဂူမြင်ကွင်းကို ကြည့်ရှုနိုင်သည့်နေရာတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Chiangrai Times

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net