စိတ္ၾကြေဆးျပား (၁၉၈၀၀)ျပားသယ္လာသည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးကို မိုင္းေယာင္းၿမိဳ႕နယ္တြင္ ဖမ္းမိ

စိတ္ၾကြေဆးျပား (၁၉၈၀၀)ျပားသယ္လာသည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးကို မိုင္းေယာင္းၿမိဳ႕နယ္တြင္ ဖမ္းမိ
ဇူလိုင် 30, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္ဖေက်းရြာတြင္ မုိင္းျဖတ္မွသယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၉၈၀၀)ျပားကို ဖမ္းဆီးရမိေၾကာင္းသိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလိုက္ေက်းရြာအုပ္စု၊ ဝမ္ဖေက်းရြာတံတားအနီးတြင္ မူးယစ္တပ္ဖြဲ႕စု (၃၀) မွ ဒုရဲအုပ္ဝင္းမင္းသန္႔ႏွင့္ ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၉)ရက္ေန႔က စစ္ေဆးေနစဥ္ မိုင္းျဖတ္ၿမိဳ႕ဘက္မွ မိုင္းေယာင္းၿမိဳ႕ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ကိုေဂ်ာ့ေလႏွင့္ ဆုိင္ကယ္ေနာက္မွ လုိက္ပါလာသည့္ မေနာေလာဘိုတို႔အားစစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ စိတ္ၾကြေဆးျပား (၂၀၀)စီပါသည့္ (၁၀)ထုပ္စည္း (၉)စည္းႏွင့္ (၂၀၀)ျပားစီပါသည့္ အထုပ္ (၉)ထုပ္တို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူဖမ္းမိသည့္ ေဂ်ာ့ေလႏွင့္ ေနာေလာဘိုတို႔အား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
စိတ်ကြွဆေးပြား (၁၉၈၀၀)ပြားသယ်လာသည့် အမျိုးသားနှင့်အမျိုးသမီးကို မိုင်းယောင်းမြို့နယ်တွင် ဖမ်းမိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဖကျေးရွာတွင် မိုင်းဖြတ်မှသယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈၀၀)ပြားကို ဖမ်းဆီးရမိကြောင်းသိရသည်။

မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်ဖကျေးရွာတံတားအနီးတွင် မူးယစ်တပ်ဖွဲ့စု (၃၀) မှ ဒုရဲအုပ်ဝင်းမင်းသန့်နှင့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့က စစ်ဆေးနေစဉ် မိုင်းဖြတ်မြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကိုဂျော့လေနှင့် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် မနောလောဘိုတို့အားစစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၂၀၀)စီပါသည့် (၁၀)ထုပ်စည်း (၉)စည်းနှင့် (၂၀၀)ပြားစီပါသည့် အထုပ် (၉)ထုပ်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိသည့် ဂျော့လေနှင့် နောလောဘိုတို့အား မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net