ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးအတွက် ၀န်ဆောင်ခနှုန်းထားများကို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး တရားဝင်ထုတ်ပြန်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးအတွက် ၀န်ဆောင်ခနှုန်းထားများကို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး တရားဝင်ထုတ်ပြန်
ဇူလိုငျ 21, 2019
By Tachileik News Agency

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ MoU စနစ်ဖြင့် တရားဝင်စေလွှတ်ရာတွင် ၀န်ဆောင်ခအနေဖြင့် မြန်မာဘက်ခြမ်းတွင် ငွေကျပ် (၁၅၀,၀၀၀)နှင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဘတ်ငွေ (၃၆၀၀)သာကုန်ကျမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနေဖြင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နေထိုင်ခွင့် ဗီဇာကြေး ဘတ် (၅၀၀)၊ ဆေးစစ်ခ ဘတ် (၅၀၀)၊ ကျန်းမာရေးအာမခံကြေး (၁) နှစ်စာအတွက် ဘတ် (၁၆၀၀)နှင့် လူမှုဖူလုံရေး အကြုံးဝင်သည့်ဌာနများအတွက် လူမှုဖူလုံကြေးအနေဖြင့် လုပ်ခလစာ၏ (၅) ရာခိုင်နှုန်း၊ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်ကြေး ဘတ် (၉၀၀)နှင့် ယင်းအတွက်လျှောက်လွှာကြေး ဘတ် (၁၀၀) သာကျသင့်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနေဖြင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် ကျန်းမာရေးအာမခံကြေး (၁) နှစ်စာအတွက် ၀ယ်ယူထားရှိသည့် အထောက်အထားပြေစာကို မြန်မာအေဂျင်စီ သို့မဟုတ် ထိုင်းအလုပ်ရှင်ထံမှ တောင်းခံသိမ်းဆည်းထားရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက အေဂျင်စီထံမှ အလုပ်ရှင်လက်မှတ်နှင့် မိမိလက်မှတ်ပါရှိသော စာချုပ်မူရင်း (၁) စုံကို တောင်းခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ မိမိနှင့်တစ်ပါတည်းယူဆောင်ပြီး သိမ်းဆည်းထားရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနေဖြင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် သန်ဆောင်ခပိုမိုပေးဆောင်ရခြင်းရှိပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ ဖုန်း-၀၆၇ ၄၃၀၄၄၂၊ ၀၆၇ ၄၃၀၁၈၅၊ Complaint Mechanism ဖုန်း-၀၆၇ ၄၃၀၁၈၄၊ ၀၆၇ ၄၃၀၂၈၄၊ ၀၁ ၆၅၀၀၈၉၊ ၀၁ ၆၅၀၁၈၇ သို့လည်းကောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိများဖြစ်သည့် ဦးစန်းမောင်ဦး ဖုန်း- ၀၆၆ ၉၄၈၈၄၅၄၈၄၊ ဦးရဲရန်အောင်(ဘန်ကောက်တာဝန်ခံ) ဖုန်း- ၀၆၆ ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းထွေး(ချင်းမိုင်တာဝန်ခံ) ဖုန်း- ၀၆၆ ၉၉၀၅၉၂၃၅၂၊ ဦးဝေလင်းမောင်(မဲဆောက်တာဝန်ခံ) ဖုန်း- ၀၆၆ ၆၅၂၂၀၆၉၅၃၊ ဦးကျော်စိုးဝေ(ရနောင်းတာဝန်ခံ) ဖုန်း- ၀၆၆ ၆၅၂၂၀၆၉၅၁ တို့ထံဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ MoU စနစ်ဖြင့် တရားဝင်စေလွှတ်ရာတွင် ဝန်ဆောင်ခအနဖြေင့် မြန်မာဘက်ခြမ်းတွင် ငွေကျပ် (၁၅၀,ဝဝဝ)နှင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဘတ်ငွေ (၃၆၀၀)သာကုန်ကျမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနဖြေင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နေထိုင်ခွင့် ဗီဇာကြေး ဘတ် (၅၀၀)၊ ဆေးစစ်ခ ဘတ် (၅၀၀)၊ ကျန်းမာရေးအာမခံကြေး (၁) နှစ်စာအတွက် ဘတ် (၁၆၀၀)နှင့် လူမှုဖူလုံရေး အကြုံးဝင်သည့်ဌာနများအတွက် လူမှုဖူလုံကြေးအနဖြေင့် လုပ်ခလစာ၏ (၅) ရာခိုင်နှုန်း၊ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်ကြေး ဘတ် (၉၀၀)နှင့် ယင်းအတွက်လျှောက်လွှာကြေး ဘတ် (၁၀၀) သာကျသင့်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနဖြေင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် ကျန်းမာရေးအာမခံကြေး (၁) နှစ်စာအတွက် ဝယ်ယူထားရှိသည့် အထောက်အထားပြေစာကို မြန်မာအေဂျင်စီ သို့မဟုတ် ထိုင်းအလုပ်ရှင်ထံမှ တောင်းခံသိမ်းဆည်းထားရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက အေဂျင်စီထံမှ အလုပ်ရှင်လက်မှတ်နှင့် မိမိလက်မှတ်ပါရှိသော စာချုပ်မူရင်း (၁) စုံကို တောင်းခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ မိမိနှင့်တစ်ပါတည်းယူဆောင်ပြီး သိမ်းဆည်းထားရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနဖြေင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင် သန်ဆောင်ခပိုမိုပေးဆောင်ရခြင်းရှိပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ ဖုန်း-ဝ၆၇ ၄၃၀၄၄၂၊ ဝ၆၇ ၄၃၀၁၈၅၊ Complaint Mechanism ဖုန်း-ဝ၆၇ ၄၃၀၁၈၄၊ ဝ၆၇ ၄၃၀၂၈၄၊ ဝ၁ ၆၅၀၀၈၉၊ ဝ၁ ၆၅၀၁၈၇ သို့လည်းကောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိများဖြစ်သည့် ဦးစန်းမောင်ဦး ဖုန်း- ဝ၆၆ ၉၄၈၈၄၅၄၈၄၊ ဦးရဲရန်အောင်(ဘန်ကောက်တာဝန်ခံ) ဖုန်း- ဝ၆၆ ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းထွေး(ချင်းမိုင်တာဝန်ခံ) ဖုန်း- ဝ၆၆ ၉၉၀၅၉၂၃၅၂၊ ဦးေဝလင်းမောင်(မဲဆောက်တာဝန်ခံ) ဖုန်း- ဝ၆၆ ၆၅၂၂၀၆၉၅၃၊ ဦးကျော်စိုးေဝ(ရနောင်းတာဝန်ခံ) ဖုန်း- ဝ၆၆ ၆၅၂၂၀၆၉၅၁ တို့ထံဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net