မိုင္းလားေဒသခံမ်ားအား အိမ္ေထာင္စုစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ကြင္းဆင္းထုတ္ေပးႏုိင္ေရး အထူးေဒသ - ၄ ႏွင့္ ညိႇႏိႈင္းရန္စီစဥ္ေန

မိုင္းလားေဒသခံမ်ားအား အိမ္ေထာင္စုစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ကြင္းဆင္းထုတ္ေပးႏုိင္ေရး အထူးေဒသ - ၄ ႏွင့္ ညိႇႏိႈင္းရန္စီစဥ္ေန
ဇူလိုင် 29, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ မုိင္းလားေဒသခံမ်ားအား အိမ္ေထာင္စုစာရင္းႏွင့္ နိုင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးႏုိင္ျခင္းမရိွေသးသျဖင့္ ကြင္းဆင္းလုပ္ေဆာင္ေပးႏုိင္ေရး အထူးေဒသ-၄ မိုင္းလားႏွင့္ ညိႇႏိႈင္းရန္ စီစဥ္ေနေၾကာင္း သိရသည္။

မုိင္းလားေဒသမွ ျပည္သူလူထုအား အိမ္ေထာင္စုစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးႏုိင္ေရးအတြက္ အဆိုပါေဒသကိုကြပ္ကဲေနသည့္ အထူးေဒသ-၄ (မုိင္းလား)မွ တာဝန္ရိွသူမ်ားက ေခၚယူေပးရန္လိုအပ္သျဖင့္ သက္ဆိုင္ရာအထူးေဒသႏွင့္ ေဒသအာဏာပိုင္မ်ားျဖစ္သည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အပါအဝင္ တာဝန္ရွိပုဂၢိဳလ္မ်ား ညႇိႏွိုင္းၿပီး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ၊ ဥပေဒႏွင့္အညီ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ျပည္သူ႔လႊတ္ေတာ္တြင္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပဥၥမေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၉)ရက္ေန႔တြင္ က်ိဳင္းတုံမဲဆႏၵနယ္မွ ဦးစတီဖန္က မိုင္းလားၿမိဳ႕နယ္၊ ဝမ္ေနာင္လုံအုပ္စုအတြင္းရွိ ဝမ္ေနာင္ေလးေက်းရြာ၊ ဝမ္ေလာက္ဖ်ားေက်းရြာႏွင့္ အနီးအနားရွိေက်းရြာမ်ားကို မိုင္းခတ္ၿမိဳ႕နယ္အတြင္း ျပန္လည္ထည့္သြင္း ဖြဲ႕စည္းေပးနိုင္ရန္ႏွင့္ ၎ေက်းရြာသူ၊ ေက်းရြာသားမ်ားအတြက္ အိမ္ေထာင္စုစာရင္းမ်ား၊ နိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပးရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

 ဝမ္ေနာင္လုံေက်းရြာအုပ္စုအတြင္းရွိသည့္ ဝမ္ေနာင္ေလးေက်းရြာ၊ ဝမ္ေလာက္ဖ်ားေက်းရြာႏွင့္ အနီးနားရွိ ေက်းရြာမ်ားကို ဝမ္ေနာင္လုံေက်းရြာအုပ္စုမွ ခြဲထုတ္ၿပီး မိုင္းခတ္ေက်းရြာ အုပ္စုအတြင္းသို႔ ထည့္သြင္းဖြဲ႕စည္းရန္ကိစၥမွာ နယ္ေျမကြပ္ကဲမွု ရယူထားရသည့္ အထူးေဒသ-၄ အဖြဲ႕အစည္းႏွင့္ မူဝါဒပိုင္းဆိုင္ရာ၊ နယ္ေျမအုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာကို ညႇိႏွိုင္းၿပီး ေတြ႕ဆုံေဆြးေႏြးသြားရန္ လိုအပ္သည္ဟု ဝန္ႀကီးက လႊတ္ေတာ္တြင္ ေျဖၾကားသြားသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းလားဒေသခံများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းထုတ်ပေးနိုင်ရေး အထူးဒေသ - ၄ နှင့် ညှိနှိုင်းရန်စီစဉ်နေ
*********************
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားဒေသခံများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ခြင်းမရှိသေးသဖြင့် ကွင်းဆင်းလုပ်ဆောင်ပေးနိုင်ရေး အထူးဒေသ-၄ မိုင်းလားနှင့် ညှိနှိုင်းရန် စီစဉ်နေကြောင်း သိရသည်။

မိုင်းလားဒေသမှ ပြည်သူလူထုအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် အဆိုပါဒေသကိုကွပ်ကဲနေသည့် အထူးဒေသ-၄ (မိုင်းလား)မှ တာဝန်ရှိသူများက ခေါ်ယူပေးရန်လိုအပ်သဖြင့် သက်ဆိုင်ရာအထူးဒေသနှင့် ဒေသအာဏာပိုင်များဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က မိုင်းလားမြို့နယ်၊ ဝမ်နောင်လုံအုပ်စုအတွင်းရှိ ဝမ်နောင်လေးကျေးရွာ၊ ဝမ်လောက်ဖျားကျေးရွာနှင့် အနီးအနားရှိကျေးရွာများကို မိုင်းခတ်မြို့နယ်အတွင်း ပြန်လည်ထည့်သွင်း ဖွဲ့စည်းပေးနိုင်ရန်နှင့် ၎င်းကျေးရွာသူ၊ ကျေးရွာသားများအတွက် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

 ဝမ်နောင်လုံကျေးရွာအုပ်စုအတွင်းရှိသည့် ဝမ်နောင်လေးကျေးရွာ၊ ဝမ်လောက်ဖျားကျေးရွာနှင့် အနီးနားရှိ ကျေးရွာများကို ဝမ်နောင်လုံကျေးရွာအုပ်စုမှ ခွဲထုတ်ပြီး မိုင်းခတ်ကျေးရွာ အုပ်စုအတွင်းသို့ ထည့်သွင်းဖွဲ့စည်းရန်ကိစ္စမှာ နယ်မြေကွပ်ကဲမှု ရယူထားရသည့် အထူးဒေသ-၄ အဖွဲ့အစည်းနှင့် မူဝါဒပိုင်းဆိုင်ရာ၊ နယ်မြေအုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးသွားရန် လိုအပ်သည်ဟု ဝန်ကြီးက လွှတ်တော်တွင် ဖြေကြားသွားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net