ထုိင္းႏိုင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏိုင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇူလိုင် 17, 2019
By 🌸
ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား (၂၇)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၇)ရက္ေန႔ နံနက္ (၁၀)နာရီခြဲအခ်ိန္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား (၁၇)ဦး၊ အမ်ိဳးသမီး (၉)ဦးႏွင့္ ကေလးငယ္(၁)ဦးပါဝင္သည့္အဖြဲ႕ကို ထုိင္းနုိင္ငံ လဝကအရာရိွ Somsak Singkham ဦးေဆာင္သည့္တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂)တြင္ လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားက စိစစ္လက္ခံၾကျခင္းျဖစ္သည္။

လႊဲေျပာင္းေပးလာသူမ်ားအား ျမန္မာဘက္မွ တာခ်ီလိတ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ဒုလဝကမွဴး ေအာင္ေအာင္ကို၊ အလညဦးစီးအရာရိွ ဦးႏုိင္မင္းသူ၊ လူကုန္တားအဖြဲ႕တုိ႔ ဦးစီးသည့္အဖြဲ႕ႏွင့္ CNCMC အဖြဲ႕တုိ႔က လႊဲေျပာင္းလက္ခံၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၇)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
*************
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၂၇)ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၉)ဦးနှင့် ကလေးငယ်(၁)ဦးပါဝင်သည့်အဖွဲ့ကို ထိုင်းနိုင်ငံ လဝကအရာရှိ Somsak Singkham ဦးဆောင်သည့်တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

လွှဲပြောင်းပေးလာသူများအား မြန်မာဘက်မှ တာချီလိတ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ဒုလဝကမှူး အောင်အောင်ကို၊ အလညဦးစီးအရာရှိ ဦးနိုင်မင်းသူ၊ လူကုန်တားအဖွဲ့တို့ ဦးစီးသည့်အဖွဲ့နှင့် CNCMC အဖွဲ့တို့က လွှဲပြောင်းလက်ခံကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net