ထုိင္းႏုိင္ငံရိွ ေရႊ႕ေျပာင္းလုပ္သားမ်ား အလုပ္လုပ္ကိုင္ခြင့္သက္တမ္း (၂)ႏွစ္ထပ္တိုးေပးႏုိင္ေရး အလုပ္သမားဝန္ႀကီးဌာန ႀကိဳးစားေနဆဲ

ထုိင္းႏုိင္ငံရိွ ေရႊ႕ေျပာင္းလုပ္သားမ်ား အလုပ္လုပ္ကိုင္ခြင့္သက္တမ္း (၂)ႏွစ္ထပ္တိုးေပးႏုိင္ေရး အလုပ္သမားဝန္ႀကီးဌာန ႀကိဳးစားေနဆဲ
ဇူလိုင် 9, 2019
By 🌸
ထိုင္းနုိင္ငံရိွ ေရႊ႕ေျပာင္းလုပ္သားမ်ားအား အလုပ္လုပ္ကိုင္ခြင့္သက္တမ္း (၂)ႏွစ္ ထပ္တိုးေပးႏုိင္ရန္ ကတ္ဘိနက္အေနျဖင့္ အတည္ျပဳေပးႏုိင္ေရးကို အလုပ္သမားဝန္ႀကီးက ယခုလအတြင္း တင္ျပေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သား (၂)သန္းခန္႔အား အလုပ္လုပ္ကိုင္ခြင့္သက္တမ္းထပ္တိုးေပးႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ သက္တမ္းတိုးေပးမည့္အစီအစဥ္သည္ ေရႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ အလုပ္ရွင္မ်ားကို ကုန္က်စရိတ္သက္သာေစရန္ လုပ္ေဆာင္ေပးျခင္းျဖစ္ၿပီး သက္တမ္းတုိးမည့္ အလုပ္သမားမ်ားအေနျဖင့္ ေနရပ္ျပန္စရာမလိုဘဲ အလုပ္သမားဝန္ႀကီးဌာန၏ one-stop service စင္တာမ်ားမွတစ္ဆင့္ သက္တမ္းတိုးႏိုင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ငါးဖမ္းလုပ္ငန္းမ်ားမွ လုပ္သားမ်ားအပါအဝင္ ေရႊ႕ေျပာင္းလုပ္သားမ်ား၏ အလုပ္လုပ္ကိုင္ခြင့္ သက္တမ္းမွာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာႏွင့္ ႏိုိဝင္ဘာလမ်ားတြင္ သက္တမ္းကုန္ၾကေတာ့မည္ျဖစ္ရာ ကတ္ဘိနက္အေနျဖင့္ အခ်ိန္မီအတည္ျပဳေပးႏုိင္ရန္ ေမွ်ာ္လင့္ထားသည္ဟု အလုပ္သမားဝန္ႀကီးက ဆိုသည္။

ယင္းအျပင္ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းတိုးျခင္းကို အြန္လိုင္းမွေဆာင္ရြက္ႏုိင္ရန္ေဆာင္ရြက္ထားၿပီး ေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ဂဏန္း(၁၃)လံုးပါသည့္ ID ျဖင့္ အြန္လုိင္းမွ အလုပ္လုပ္ကိုင္ခြင့္ေလွ်ာက္ထားျခင္းကို ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

အြန္လုိင္းမွ ခ်ိတ္ဆက္ေဆာင္ရြက္ေစျခင္းျဖင့္ ေရႊ႕ေျပာင္းလုပ္သားမ်ားဆုိင္ရာ အခ်က္အလက္မ်ားကို ပိုမိုထိေရာက္စြာ စီမံခန္႔ခြဲႏုိင္ရန္အျပင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ေအးဂ်င့္မ်ား၊ အလုပ္ရွင္မ်ားအား ေပးေနရသည့္ အလုပ္လုပ္ကိုင္ခြင့္ေလွ်ာက္ထားျခင္းဆုိင္ရာ ကုန္က်စရိတ္မ်ားကိုလည္း ေလွ်ာ့ခ်သြားႏုိင္ရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း (၂)နှစ်ထပ်တိုးပေးနိုင်ရေး အလုပ်သမားဝန်ကြီးဌာန ကြိုးစားနေဆဲ
***********
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအား အလုပ်လုပ်ကိုင်ခွင့်သက်တမ်း (၂)နှစ် ထပ်တိုးပေးနိုင်ရန် ကတ်ဘိနက်အနေဖြင့် အတည်ပြုပေးနိုင်ရေးကို အလုပ်သမားဝန်ကြီးက ယခုလအတွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သား (၂)သန်းခန့်အား အလုပ်လုပ်ကိုင်ခွင့်သက်တမ်းထပ်တိုးပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သက်တမ်းတိုးပေးမည့်အစီအစဉ်သည် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များကို ကုန်ကျစရိတ်သက်သာစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး သက်တမ်းတိုးမည့် အလုပ်သမားများအနေဖြင့် နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားဝန်ကြီးဌာန၏ one-stop service စင်တာများမှတစ်ဆင့် သက်တမ်းတိုးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ငါးဖမ်းလုပ်ငန်းများမှ လုပ်သားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာနှင့် နိိုဝင်ဘာလများတွင် သက်တမ်းကုန်ကြတော့မည်ဖြစ်ရာ ကတ်ဘိနက်အနေဖြင့် အချိန်မီအတည်ပြုပေးနိုင်ရန် မျှော်လင့်ထားသည်ဟု အလုပ်သမားဝန်ကြီးက ဆိုသည်။

ယင်းအပြင် အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးခြင်းကို အွန်လိုင်းမှဆောင်ရွက်နိုင်ရန်ဆောင်ရွက်ထားပြီး ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဂဏန်း(၁၃)လုံးပါသည့် ID ဖြင့် အွန်လိုင်းမှ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်စေခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အချက်အလက်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အပြင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အေးဂျင့်များ၊ အလုပ်ရှင်များအား ပေးနေရသည့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း လျှော့ချသွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net