ေက်ာက္မဲၿမိဳ႕ တိုးဂိတ္အနီးရွိ KTV မီးေလာင္မႈျဖစ္ပြား

ေက်ာက္မဲၿမိဳ႕ တိုးဂိတ္အနီးရွိ KTV မီးေလာင္မႈျဖစ္ပြား
ဇူလိုင် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕  တိုးဂိတ္အနီးရွိ KTV တစ္ခုတြင္  ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ  (၈) ရက္ေန႔ နံနက္အေစာပိုင္းက မီးေလာင္မႈျဖစ္ပြားၿပီး လုပ္ငန္းပိုင္ရွင္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားျခင္းကို ဇူလိုင္လ( ၈) ရက္ေန႔ နံနက္( ၅) နာရီ (၄၅ )မိနစ္ခန္႔တြင္ ျပည္သူတစ္ဦးက ဆက္သြယ္သတင္းေပးပို႔သျဖင့္ မီးေလာင္မႈျဖစ္ပြားေနသည့္"ဝမ္းဝမ္း" KTV  သို႔  မီးသတ္ယာဥ္ (၃)စီး၊ ေရသယ္ယာဥ္(၁)စီး သေႏၶႏွင့္ အရံမီးသတ္ မီးသတ္တပ္ဖြဲ႔ဝင္စုစုေပါင္း (၃၂)ဦးတို႔ သြားေရာက္ၿငိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ  KTV အား ရွယ္ယာျဖင့္ ပူးေပါင္းလုပ္ကိုင္ေနသူ အမ်ိဳးသား (၂)ဦး စကားမ်ားရန္ျဖစ္ၾကၿပီး  တစ္ဦးက အခန္းတြင္းရွိ ဆိုဖာမ်ားအား ဓါတ္ဆီေလာင္း၍ မီးရႈိ႕ခဲ့ျခင္းျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာၾကားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားျခင္းႏွင့္ပတ္သက္၍ အဆိုပါ KTV ဆိုင္ပိုင္ရွင္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ( ပ )၁၁၇/ ၂၀၁၉ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ -၄၃၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေက်ာက္မဲ မီးသတ္တပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ တိုးဂိတ်အနီးရှိ KTV တစ်ခုတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လုပ်ငန်းပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခြင်းကို ဇူလိုင်လ( ၈) ရက်နေ့ နံနက်( ၅) နာရီ (၄၅ )မိနစ်ခန့်တွင် ပြည်သူတစ်ဦးက ဆက်သွယ်သတင်းပေးပို့သဖြင့် မီးလောင်မှုဖြစ်ပွားနေသည့်"ဝမ်းဝမ်း" KTV သို့ မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၁)စီး သန္ဓနှေင့် အရံမီးသတ် မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း (၃၂)ဦးတို့ သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ KTV အား ရှယ်ယာဖြင့် ပူးပေါင်းလုပ်ကိုင်နေသူ အမျိုးသား (၂)ဦး စကားများရန်ဖြစ်ကြပြီး တစ်ဦးက အခန်းတွင်းရှိ ဆိုဖာများအား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ အဆိုပါ KTV ဆိုင်ပိုင်ရှင်အား ကျောက်မဲမြို့မရဲစခန်းတွင် ( ပ )၁၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲ မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net