ကၽြဲႏြားတရားဝင္တင္ပို႔သည့္ ယာဥ္(၂)စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေခ်ာင္းေျမာင္းပစ္ခတ္ခံရ

ကၽြဲႏြားတရားဝင္တင္ပို႔သည့္ ယာဥ္(၂)စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေခ်ာင္းေျမာင္းပစ္ခတ္ခံရ
ဇူလိုင် 28, 2019
By 🌸
႐ွမ္းျပည္နယ္ ( ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပင္တိန္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၇) ရက္ေန႔ညပိုင္းက ေခ်ာင္းေျမာင္းပစ္ခတ္ခံရသည့္ ကၽြဲႏြားမ်ား သယ္ေဆာင္လာသည့္ ကား(၂)စီးမွာ စစ္ကိုင္းၿမိဳ႕ရိွ ပုလဲထူးသစ္ကုမၸဏီမွ တရားဝင္တင္ပို႔သည့္ ကၽြဲႏြားမ်ားျဖစ္ေၾကာင္း သိရသည္။

ကၽြဲႏြားတရားဝင္တင္ပို႔သည့္ ဆယ့္ႏွစ္ဘီးယာဥ္ (၅)စီးအဖြဲ႕သည္ ေနာင္ခ်ိဳဘက္မွ ေက်ာက္မဲဘက္သို႔ ေမာင္းႏွင္လာစဥ္ ည (၉)နာရီ မိနစ္ (၅၀)ဝန္းက်င္၌ ပင္တိန္ေက်းရြာအုပ္စု၊ ပင္တိန္ေက်းရြာအနီး အထက္ရဲရြာေရအားလွ်ပ္စစ္စီမံကိန္းသြားလမ္းခြဲ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ လမ္းေဘး ေနၾကာရိုင္းၿခံဳအတြင္းမွ လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈေၾကာင့္ (၁၂)ဘီးယာဥ္ (၅)စီးအဖြဲ႕မွ ဒုတိေျမာက္ႏွင့္ စတုတၳေျမာက္ယာဥ္မ်ားကို ထိမွန္ကာ အသက္ (၄၈)ႏွစ္အရြယ္ ယာဥ္ေမာင္း ဦးေအာင္သန္းတင့္မွာ ေနရာတြင္ေသဆံုးၿပီး အသက္ (၃၅)ႏွစ္အရြယ္ ယာဥ္ေမာင္း ကိုဝင္းေမာင္မွာ မစိုးရသည့္ဒဏ္ရာႏွင့္ ယာဥ္ေနာက္လုိက္ျဖစ္သည့္ အသက္ (၄၈)ႏွစ္အရြယ္ ဦးတင္ခ်ိဳမွာ ဒဏ္ရာအျပင္းအထန္ရသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာမွ လူနာမ်ားႏွင့္ ေသဆံုးသူတို႔ကို ေနာင္ပိန္ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္းက ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေခ်ာင္းေျမာင္းပစ္ခတ္သူမ်ားအား ေနာင္ပိန္နယ္ေျမရဲစခန္းတြင္ (ပ) ၂၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၇ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံနယ္စပ္သို႔ ကၽြဲႏြားအရွင္တင္ပို႔ျခင္းကို တရားဝင္ခြင့္ျပဳလုိက္ၿပီးေနာက္ပိုင္းတြင္ ကၽြဲႏြားတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္မႈ၊ လိုက္လံပစ္ခတ္မႈမ်ားေၾကာင့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လုိက္ ေသဆံုးမႈမ်ား ေက်ာက္မဲၿမိဳ႕နယ္အတြင္း မၾကာခဏျဖစ္ပြားခဲ့ၿပီး တရားခံမ်ားကို ဖမ္းဆီးရမိေလ့မရိွဘဲျဖစ္ေနသည္ကို ေတြ႔ရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း(ေနာင္ပိန္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျွဲနွားတရားဝင်တင်ပို့သည့် ယာဉ်(၂)စီး ကျောက်မဲမြို့နယ်အတွင်း ချောင်းမြောင်းပစ်ခတ်ခံရ
**********
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့ညပိုင်းက ချောင်းမြောင်းပစ်ခတ်ခံရသည့် ကျွဲနွားများ သယ်ဆောင်လာသည့် ကား(၂)စီးမှာ စစ်ကိုင်းမြို့ရှိ ပုလဲထူးသစ်ကုမ္ပဏီမှ တရားဝင်တင်ပို့သည့် ကျွဲနွားများဖြစ်ကြောင်း သိရသည်။

ကျွဲနွားတရားဝင်တင်ပို့သည့် ဆယ့်နှစ်ဘီးယာဉ် (၅)စီးအဖွဲ့သည် နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာစဉ် ည (၉)နာရီ မိနစ် (၅၀)ဝန်းကျင်၌ ပင်တိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာအနီး အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်းခွဲ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လမ်းဘေး နေကြာရိုင်းခြုံအတွင်းမှ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် (၁၂)ဘီးယာဉ် (၅)စီးအဖွဲ့မှ ဒုတိမြောက်နှင့် စတုတ္ထမြောက်ယာဉ်များကို ထိမှန်ကာ အသက် (၄၈)နှစ်အရွယ် ယာဉ်မောင်း ဦးအောင်သန်းတင့်မှာ နေရာတွင်သေဆုံးပြီး အသက် (၃၅)နှစ်အရွယ် ယာဉ်မောင်း ကိုဝင်းမောင်မှာ မစိုးရသည့်ဒဏ်ရာနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် အသက် (၄၈)နှစ်အရွယ် ဦးတင်ချိုမှာ ဒဏ်ရာအပြင်းအထန်ရသွားကြခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ လူနာများနှင့် သေဆုံးသူတို့ကို နောင်ပိန်ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းမြောင်းပစ်ခတ်သူများအား နောင်ပိန်နယ်မြေရဲစခန်းတွင် (ပ) ၂၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံနယ်စပ်သို့ ကျွဲနွားအရှင်တင်ပို့ခြင်းကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်းတွင် ကျွဲနွားတင်ဆောင်လာသည့် မော်တော်ယာဉ်များအား ချောင်းမြောင်းပစ်ခတ်မှု၊ လိုက်လံပစ်ခတ်မှုများကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် သေဆုံးမှုများ ကျောက်မဲမြို့နယ်အတွင်း မကြာခဏဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးရမိလေ့မရှိဘဲဖြစ်နေသည်ကို တွေ့ရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net