လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော H1N1 လူနာကလေးတစ်ဦးသေဆုံးပြီး သံသယလူနာတစ်ဦး ဓါတ်ခွဲခန်းအဖြေစောင့်နေဆဲ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော H1N1 လူနာကလေးတစ်ဦးသေဆုံးပြီး သံသယလူနာတစ်ဦး ဓါတ်ခွဲခန်းအဖြေစောင့်နေဆဲ
ဇူလိုင် 30, 2019
By 🌸
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့အထိ ရာသီတုပ်ကွေး (H1N1)ဖြစ်ပွားသည့်လူနာ (၈)ဦးကုသမှုခံယူသည့်အနက် ကလေး(၁)ဦးသေဆုံးသွားပြီး  ၂၀၁၉ ခုနှစ်၊ ဓါတ်ခွဲခန်းအဖြေစောင့်ဆိုင်းနေသည့် သံသယလူနာ(၁)ဦးရှိနေကြောင်း သိရသည်။

" နဂိုကတည်းက ကလေးက အခြားရောဂါအခံရှိနေတော့ အခြေအနေသိပ်မကောင်းဘူး။ ဆေးရုံတက်တာကြာပြီ။ ဇူလိုင် (၂၇)ရက်နေ့က ဆုံးသွားပါတယ် " ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူ လူနာ(၈)ဦးအနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ကလေးတစ်ဦးမှာ (၁၃)ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက် သေဆုံးသွားခဲ့ရပြီး ကျန်လူနာ (၇)ဦးမှာ ပြန်လည်ကျန်းမာသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကယားပြည်နယ်တွင် ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူအများစုမှာ ကလေးများဖြစ်ကြပြီး လူကြီးတစ်ဦးသာပါဝင်ကြောင်း သိရသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာသည့်လူနာများမှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေး H1N1 မှာ အခြားရောဂါများကြောင့် ကိုယ်ခံအားနည်းသူများဖြစ်ပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်၍ ရာသီတုပ်ကွေးလက္ခဏာများဖြစ်သည့် အပူချိန်  (၃၈) ဒီကရီစင်တီဂရိတ်နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်းများ ဖြစ်ပွားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းများတွင် ကုသခြင်းမပြုဘဲ ဆေးရုံကြီးသို့ အမြန်ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန်များက တိုက်တွန်းထားသည်။

ရာသီတုပ်ကွေးရောဂါ H1N1 ကုသပေးနေသည့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျကုသမှုများ ပြုလုပ်ပေးနေပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်များစသည့် ရောဂါကူးစက်ခံရမှုမြင့်မားသူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ဆောင်ချက်များကို လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လြိုင်ကော်ျပည်သူ့ဆေးရုံကြီးတြင် ဆေးကုသမှုခံယူနေသာ H1N1 လူနာကေလးတစ်ဦးသေဆုံးပြီး သံသယလူနာတစ်ဦး ဓါတ္ခြဲခန်းအျေဖေစာင့်နေဆဲ
************
ကယာျးပည္နယ်၊ လြိုင်ကော်ျပည်သူ့ဆေးရုံကြီးတြင် ၂၀၁၉ ခုနွစ်၊ ဇူလိုင္လ (၃၀)ရက်နေ့အထိ ရာသီတုပ်ကြေး (H1N1)ျဖစ္ပြားသည့်လူနာ (၈)ဦးကုသမှုခံယူသည့်အနက် ကေလး(၁)ဦးသေဆုံးသြားပြီး  ၂၀၁၉ ခုနွစ်၊ ဓါတ္ခြဲခန်းအျေဖေစာင့်ဆိုင်းနေသည့် သံသယလူနာ(၁)ဦးရွိနေကြာင်း သိရသည်။

" နဂိုကတည်းက ကေလးက အျခားရောဂါအခံရွိနေတာ့ အျေခအေနသိပ္မေကာင်းဘူး။ ဆေးရုံတက္တာကြာပြီ။ ဇူလိုင် (၂၇)ရက်နေ့က ဆုံးသြားပါတယ် " ဟု ကယာျးပည္နယ် ကုသေရးနွင့်ျပည်သူ့က်န်းမာရေးဦးစီးဌာနမွူး ဒေါက္တာဌေးလြင္က တာခ်ီလိတ်သတင်းအေဂ်င္စီသို့ျေပာသည်။

လြိုင်ကော်ျပည်သူ့ဆေးရုံကြီးတြင် ဆေးကုသမှုခံယူနေသာ ရာသီတုပ်ကြေး H1N1ျဖစ္ပြားသူ လူနာ(၈)ဦးအနက် ရွမ်ျးပည္နယ်တောင္ပိုင်း၊ ဖယ္ခုံမြို့နယ္မွ ကေလးတစ်ဦးမွာ (၁၃)ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက် သေဆုံးသြားခဲ့ရပြီး က်န္လူနာ (၇)ဦးမျွာပန္လည္က်န်းမာသြားပျြီဖစ်ကြောင်း သိရသည်။

လက်ရွိအခိန္ထိ ကယာျးပည္နယ္တြင် ရာသီတုပ်ကြေး H1N1ျဖစ္ပြားသူအမ်ားစုမွာ ကေလးမ်ာျးဖစ်ကြပြီး လူကြီးတစ်ဦးသာပါဝင်ကြောင်း သိရသည်။

လြိုင်ကော်ျပည်သူ့ဆေးရုံကြီးသို့ ရောက္လာသည့်လူနာမ်ားမွာ လြိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်နွင့် ရွမ်ျးပည္နယ်တောင္ပိုင်း ဖယ္ခုံမြို့နယ္တို့မျွဖစ်ကြောင်း သိရသည်။

ရာသီတုပ်ကြေး H1N1 မွာ အျခားရောဂါမ်ားကြောင့် ကိုယ္ခံအားနည်းသူမ်ာျးဖစ္ပါက အသက်သေဆုံးသည်အထျိဖစ္ပြားနိုင်၍ ရာသီတုပ်ကြေးလက္ခဏာမ်ာျးဖစ်သည့် အပူခိန်  (၃၈) ဒီကရီစင္တီဂရိတ်နွင့်အထက် အဖ်ားရျွိခင်း၊ နွာရည်ယျိုခင်း၊ နွာခေ်ျခင်း၊ ခော်င်ျးေခာက္ဆိုျးခင်း၊ လည်ခော်င်းနျာခင်း၊ ခေါင်းကိုက်ျခင်း၊ ကိုယ္လက္ကိုက္ချဲခင်းနွင့် နုံးချြေခင်းမ်ာျးဖစ္ပြားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းမ်ားတြင် ကုသျခင်းမျပုဘဲ ဆေးရုံကြီးသို့ အျမန္ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန္မ်ားက တိုက္တြန်းထားသည်။

ရာသီတုပ်ကြေးရောဂါ H1N1 ကုသေပးနေသည့် လြိုင်ကော်ျပည်သူ့ဆေးရုံကြီးတြင် စနစ္တက်ကုသမှုမ်ာျးပုလုပ်ပေးနေပြီး က်န်းမာရေးဝန္ထမ်းမ်ား၊ ကိုယ်ဝန်ဆောင္မ်ားစသည့် ရောဂါကူးစက္ခံရမျှုမင့်မားသူမ်ားအား ကာကြယ်ဆေးမ်ားထိုးနွံပေျးခင်းနွင့် ရောဂါကာကြယ်ရေးလုပ်ဆောင္ခ်က္မ်ားကို လူစည္ကားရာနေရာမ်ားတြင် လက္ကမ်းစာစောင္မ်ာျးဖန့်ဝေအသိပေျးခင်းမ်ားကို လုပ်ဆောင်နေကြာင်း သိရသည်။

သတင်း #ဆန်းဖြိုးထြန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net