တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇူလိုင်လ(၅)ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ (H1N1)အတည်ပြုလူနာ (၁၅၀)အနက် (၃၀)ဦးသေဆုံး

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇူလိုင်လ(၅)ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ (H1N1)အတည်ပြုလူနာ (၁၅၀)အနက် (၃၀)ဦးသေဆုံး
ဇူလိုင် 7, 2019
By Tachileik News Agency

ရာသီတုပ်ကွေးရောဂါ (H1N1)သည် တစ်နိုင်ငံလုံးနီးပါးတွင် ပျံ့နှံ့ဖြစ်ပွားနေပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့အထိ အတည်ပြုလူနာ (၁၅၀)ဦးရှိသည့်အနက် သေဆုံးသူ(၃၀)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

H1N1 ဖြစ်ပွားမှု အခြေအနေမှာ ဇူလိုင်လ (၅)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၌ အတည်ပြုလူနာ (၈၇)ဦးတွင် သေဆုံးသူ (၂၄)ဦး၊ နေပြည်တော်တွင် အတည်ပြုလူနာ (၉)ဦး၊ ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ (၁၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၇)ဦးအနက် (၃)ဦးသေဆုံး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အတည်ပြုလူနာ (၆)ဦးစီ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၄)ဦးအနက် (၂)ဦးသေဆုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အတည်ပြုလူနာ (၃)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အတည်ပြုလူနာ (၂)ဦး၊ မွန်ပြည်နယ်တွင် အတည်ပြုလူနာ (၃)ဦးအနက် (၁)ဦးသေဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၁)ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၁)ဦးတို့ရှိကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၆)လမှ (၅)နှစ်အရွယ် ကလေးငယ်များ၊ အသက်(၆၅)နှစ်နှင့်အထက် လူကြီးများ၊ နာတာရှည်ရောဂါဖြစ်ပွားနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်သာ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရာသီတုပ်ကွေးရောဂါ (H1N1)သည် တစ်နိုင်ငံလုံးနီးပါးတွင် ပျံ့နှံ့ဖြစ်ပွားနပြေီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့အထိ အတည်ပြုလူနာ (၁၅၀)ဦးရှိသည့်အနက် သေဆုံးသူ(၃၀)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

H1N1 ဖြစ်ပွားမှု အခြေအနေမှာ ဇူလိုင်လ (၅)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၌ အတည်ပြုလူနာ (၈၇)ဦးတွင် သေဆုံးသူ (၂၄)ဦး၊ နပြေည်တော်တွင် အတည်ပြုလူနာ (၉)ဦး၊ ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ (၁၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၇)ဦးအနက် (၃)ဦးသေဆုံး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အတည်ပြုလူနာ (၆)ဦးစီ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၄)ဦးအနက် (၂)ဦးသေဆုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အတည်ပြုလူနာ (၃)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အတည်ပြုလူနာ (၂)ဦး၊ မွန်ပြည်နယ်တွင် အတည်ပြုလူနာ (၃)ဦးအနက် (၁)ဦးသေဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၁)ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် အတည်ပြုလူနာ (၁)ဦးတို့ရှိကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၆)လမှ (၅)နှစ်အရွယ် ကလေးငယ်များ၊ အသက်(၆၅)နှစ်နှင့်အထက် လူကြီးများ၊ နာတာရှည်ရောဂါဖြစ်ပွားနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများအနဖြေင့်သာ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net