မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် ရွှေ (၁.၂)ကီလိုသယ်လာသည့် အမျိုးသားတစ်ဦးကို ထိုင်းဘက်တွင် ဖမ်းမိ

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် ရွှေ (၁.၂)ကီလိုသယ်လာသည့် အမျိုးသားတစ်ဦးကို ထိုင်းဘက်တွင် ဖမ်းမိ
ဇူလိုင် 31, 2019
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁)မှ ဖြတ်သန်းလာသည့် မော်တော်ယာဉ်တစ်စီးတွင် ရွှေချောင်း (၁.၂)ကီလိုဂရမ် ( ၈၀ ဘတ်) သယ်ဆောင်လာသည်ကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့က စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ သွားလာသူတွေအနေနဲ့ ဘတ်ငွေ (၄)သိန်းခွဲထက်မပိုသော၊ အမေရိကန်ဒေါ်လာ (၁၅၀၀၀)ထက်မပိုသော ပမာဏကိုသာ ထိုင်းနိုင်ငံအတွင်း သယ်ဆောင်ခြင်းနှင့် ထိုင်းနိုင်ငံမှ သယ်ဆောင်သွားခြင်းကို ခွင့်ပြုပြီး ယင်းပမာဏထက်ကျော်လွန်ပါက အကောက်ခွန်အရာရှိထံ သတင်းပို့ရန်လို့ ရေးသားထားပါတယ်။ ရွှေကတော့ ကိုယ်မှာဝတ်ထားတဲ့တစ်ဆင်စာပေါ့နော် အဲဒီလိုတော့ ခွင့်ပြုထားပါတယ်။ ရွှေချောင်းတွေ ဘာတွေလို အများကြီးသယ်မယ်ဆိုရင် အကောက်ခွန်ကို အသိပေးဖို့လိုပါတယ်။ ထိုင်းဘက်အဝင်မှာဆိုရင် ကြေညာရန်လိုအပ်တဲ့ ပမာဏတွေကို ထိုင်းလိုရော၊ မြန်မာလိုရော ရေးသားအသိပေးထားပါတယ်”ဟု ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းတွင် အလုပ်လုပ်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်တင်သွင်းမှုများ တားဆီးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ထိုင်းစစ်တပ် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ (၃၀)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၄)နာရီခွဲဝန်းကျင်၌ မြန်မာနိုင်ငံဘက်မှ ရှမ်းပြည်နယ်လိုင်စင်နံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ ယာဉ်မောင်းနှင့် ခရီးသည်ထိုင်ခုံကြားတွင် ဝှက်၍သယ်လာသည့် ထိုင်းအလေးချိန် (၁၀)ဘတ်သားစီရှိသည့် ရွှေချောင်း (၈)ချောင်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား မောင်းနှင်လာသည့် အသက် (၃၆)နှစ်အရွယ် အမျိုးသားအား ရဲတပ်ဖွဲ့က ဥပဒေအရအရေးယူနိုင်ရေး ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
Ref: 77kaoded

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ျမန္မာ - ထိုင်းခ်စ်ကြည်ရေးတံတားမွတစ္ဆင့် ရွှေ (၁.၂)ကီလိုသယ္လာသည့် အမိုးသားတစ်ဦးကို ထိုင်းဘက္တြင် ဖမ်းမိ
***********
ရွမ်ျးပည္နယ်(အေရွ့ပိုင်း) တာခ်ီလိတ်မြို့နွင့် ထိုင်းနိုင်ငံ၊ မယ္ဆိုင်မြို့ကို ဆက်ြသယ္ထားသည့်ျမန္မာ - ထိုင်း ခ်စ်ကြည်ရေးတံတားအမွတ် (၁)မျွဖတ်သန်းလာသည့် မော်တော်ယာဥ္တစ္စီးတြင် ရွှေခော်င်း (၁.၂)ကီလိုဂရမ် ( ၈၀ ဘတ်) သယ်ဆောင္လာသည္ကို ထိုင်းနိုင်ငံဘက်ျခမ်းတြင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်းနိုင်ငံမွ သက္ဆိုင်ရာဌာနမ်ားပါဝင်သည့် ပူးပေါင်းအဖြျဲ့ဖင့် ၂၀၁၉ ခုနွစ်၊ ဇူလိုင္လ (၃၀)ရက်နေ့က စစ်ဆေးမှုအတြင်း ဖမ်းဆီးရမိချဲ့ခင်ျးဖစ်ကြောင်း သိရသည်။

“နွစ်နိုင်ငံခ်စ်ကြည်ရေးတံတားကေန သြားလာသူတြေအေနနဲ့ ဘတ်ငြေ (၄)သိန်းခြဲထက္မပိုသော၊ အေမရိကန်ဒေါ်လာ (၁၅၀၀၀)ထက္မပိုသော ပမာဏကိုသာ ထိုင်းနိုင်ငံအတြင်း သယ်ဆောင်ျခင်းနွင့် ထိုင်းနိုင်ငံမွ သယ်ဆောင်ြသာျးခင်းကို ခြင့်ျပုပြီး ယင်းပမာဏထက်ကော််လြန္ပါက အေကာက္ခြန်အရာရွိထံ သတင်းပို့ရန္လို့ ရေးသားထားပါတယ်။ ရွှေကေတာ့ ကိုယ္မွာဝတ္ထားတဲ့တစ္ဆင္စာပေါ့နော် အဲဒီလိုတော့ ခြင့်ျပုထားပါတယ်။ ရွှေခော်င်းတြေ ဘာတြေလို အမ်ားကြီးသယ္မယ္ဆိုရင် အေကာက္ခြန္ကို အသိပေးဖို့လိုပါတယ်။ ထိုင်းဘက်အဝင္မွာဆိုရင် ကြေညာရန္လိုအပ္တဲ့ ပမာဏေတြကို ထိုင်းလိုရော၊ျမန္မာလိုရော ရေးသားအသိပေးထားပါတယ်”ဟု ထိုင်းနိုင်ငံ၊ မယ္ဆိုင္ဘက်ျခမ်းတြင် အလုပ္လုပ်နေသူတစ်ဦးက တာခ်ီလိတ်သတင်းအေဂ်င္စီသို့ျေပာသည်။

ထိုင်းနိုင်ငံတြင်း တရားမဝင္တင်ြသင်းမှုမ်ား တားဆီးရေးအတြက် သက္ဆိုင်ရာဌာနမ်ားနွင့် ထိုင်းစစ္တပ် ပူးပေါင်းအဖြျဲ့ဖင့် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ္တြင် ဇူလိုင္လ (၃၀)ရက်နေ့ ထိုင်းစံတ္ခောိန် ညေန (၄)နာရီခြဲဝန်းက်င်၌ျမန္မာနိုင်ငံဘက္မွ ရွမ်ျးပည္နယ္လိုင္စင္နံပါတ်ျပားတပ္ထားသည့် မော်တော်ယာဥ္တစ္စီးအား စစ်ဆေးခဲ့ရာ ယာဉ်မောင်းနွင့် ခရီးသည္ထိုင္ခုံကြားတြင် ဝွက်၍သယ္လာသည့် ထိုင်းအေလးခိန် (၁၀)ဘတ်သားစီရွိသည့် ရွှေခော်င်း (၈)ခော်င်းကို စစ်ဆေးတြေ့ရွိရျခင်ျးဖစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား မောင်းနွင္လာသည့် အသက် (၃၆)နွစ်အရြယ် အမိုးသားအား ရဲတပ္ဖြဲ့က ဥပေဒအရအေရးယူနိုင်ရေး ဖမ်းဆီးစစ်ဆေးနေကြာင်း သိရသည်။

Tachileik News Agency
Ref: 77kaoded

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net